ငှက်ကလေးတွေကို ကြင်နာပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငှက်ကလေးတွေကို ကြင်နာပါ



မြမြ (ပညာရေး)
.

.
အထက ညောင်ရွှေမှာ အထက်တန်းပြရာ ထူးနဲ့ (၇)နှစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက ဘာသာရောင်၊ သာသနာရောင် ထွန်းလင်းတဲ့ အင်းလေးဒေသကို ဘုရားဖူးရင်း၊ အပန်းဖြေလည် ပတ်ရင်း မကြာခဏ စက်လှေနဲ့ သွားခဲ့ပါတယ်။ ညောင်ရွှေမြို့ရဲ့ စက်လှေဆိပ်မှာကတည်းက ဇင်ရော်စာတွေ ဝယ်သွားခဲ့ပါတယ်။ အင်းလေး ကန်ရေပြင်ကျယ်ကြီးကို ရောက်ပြီဆိုတာနဲ့ ဇင်ရော်၊ မယ်ညို၊ ရွှေပိန်းညင်း၊ စနိုက်၊ တင်ကျီး၊ ရေစစ္စလီ၊ ဗျိုင်း၊ ရေကြက်စတဲ့ ရေပျော်ငှက်က လေးတွေ ပျံဝဲနေကြတာကို ရှုမောမဆုံးမြင်တွေ့ ရပါတယ်။ ဇင်ရော်ငှက်ကလေးတွေက ကျွန်မတို့ စက်လှေနဲ့အတူ လိုက်ပါပျံဝဲပြီး ကစ်-- ကစ် နဲ့အော်မြည်ကာ အစာ တောင်းကြပါတယ် ကျွန်မတို့က ပါလာတဲ့ ဇင်ရော်စာတွေကို ပစ်ပြီး ကျွေးပါတယ်။ ပစ်ကျွေးသမျှကို မိအောင်ဖမ်း ယူစားသောက်နိုင်ကြလို့ အံ့သြမဆုံး ဖြစ်ရပါတယ်။ အခြားသော ရေပျော်ငှက်ကလေးတွေက ရေပေါ်မှာ ပျံဝဲလိုက်၊ လှိုင်းစီးလိုက်နဲ့ အစာရှာ နေကြပါတယ်။ ဗျိုင်းကလေးတွေကတော့ ရှည်လျားလှတဲ့ လည်တိုင်ကြီးနဲ့ ရေထဲကို ငုပ်လိုက်၊ ပေါ်လိုက်နဲ့ အစာရှာနေပါတယ်။ ရေပျော်ငှက် ကလေးတွေရဲ့ ခြေတံက အချို့က ရှည်ပေမယ့် အချို့က သာမန်လောက်သာ ရှိပါတယ်။
.
အရှေ့ဘက်မှာ ဆင်တောင်၊ အနောက် ဘက်မှာ သန်းတောင်တို့ရဲ့ အရိပ်ဟာ အင်းလေး ကန်ရေပြင်ထဲမှာ အရိပ်ထင်ဟပ်နေပါတယ်။ ပြာလဲ့နေတဲ့ မိုးကောင်းကင်ကြီးရဲ့အောက်မှာ လှိုင်းကြက်ခွပ်လေးတွေ လူးလွန့်လှုပ်ရှား နေတဲ့ အင်းလေးကန်ကြီးရဲ့ အလှဟာ ဘယ်လောက် လှလိုက်ပါသလဲ။ အရောင်စုံ အသွေးစုံလှတဲ့ ကြာဖူးကြာငုံ ကြာပွင့်တွေနဲ့အတူ ခရမ်းပြာရောင် ဗေဒါပန်းကလေးတွေရဲ့ အလှတွေက ဖြည့်စွက် ပေးလိုက်တော့ အလှတကာ ထဲက အလှဆုံးလို့ ပြောရပါတော့မယ်။ တန်ခိုးကြီးဘုရား စေတီ များ၊ သာသနိက အဆောက်အဦများ၊ ခမ်းနား လှပတင့်တယ်တဲ့ ဟိုတယ်ကြီးများကလည်းအင်း လေးကန်ကြီးရဲ့ အရှိန်အဝါကို ပိုပြီးထွန်း တောက် စေပါတယ်။ နိုင်ငံခြားသားများ၊ ပြည် တွင်းခရီးသွားများ ဝင်ထွက်သွားလာနေတဲ့ ခရီး သွားလုပ်ငန်းတွေ လက်မှုပညာ လုပ်ငန်း တွေ၊ ကျွန်းမျောများပေါ်မှာ ခရမ်းသီး၊ ငရုတ်၊ကြက် သွန်၊ ပဲသီး၊ ခရမ်းချဉ်သီးတွေ စိုက်ပျိုးတဲ့ရေ ခြံလုပ်ငန်းတွေ၊ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင် သစ်တောတွေနဲ့အတူ ရေပျော်ငှက်ကလေးတွေ ဟိုဒီပျံဝဲပြီးနေကြတာက အလှတွင် အယဉ်ဆင့် ဆိုသလို ပိုပြီးသာယာစေပါတယ်။
.
အင်းလေးကန်ကြီးရဲ့ ဟိုဘက်ကမ်း၊ ဒီ ဘက်ကမ်းမှာရှိနေတဲ့ ရွာတွေကို လှမ်းပြီးကြည့် လိုက်ရင် စိမ်းညို့ပြီး သွပ်မိုးဖြူဖြူလေးတွေနဲ့ လွမ်းစရာကောင်းလိုက်တာ။ လမ်းကို မြေတွင် မတွေ့ရ၊ ရေတွင်သာ တွေ့ရသော အရပ်၊အိမ်ကိုကုန်းတွင် မဆောက်၊ ရေတွင် ဆောက်သော အရပ်၊ ခရီးကို လှည်းနှင့်မသွား၊ လှေနှင့်သွား သောအရပ်၊ လှေကို လက်နှင့်မလှော်၊ ခြေဖြင့် လှော်သော အရပ်ကို ပြပါဆိုလျှင် အင်းလေး ဒေသကို လက်ညှိုးညွှန်ရပါမည်။ ဒီလိုထူးခြားမှု၊ သာယာမှုတွေကို စာဆိုတော်ကြီး ဦးပုညက ''တောင်ယံနှင့်ရေ လွမ်းစရာပွေသောကြောင့် ညောင်ရွှေသီရိ၊ နန်းဇာတိကို မျှော်မိယမ်းယောင် ဗျောပါနှောင်၍၊ သည်းခေါင်ကြေအံ့၊ ဖြေမတံ့နှင့် ဆွတ်ပျံ့လွမ်းရှာမိပါသည်''ဟု အင်းလေး မေတ္တာစာမှာ ရေးစပ်သီကုံး ဖွဲ့ဆိုထားပါတယ်။ အင်းလေးကန်ရေပြင်ပေါ်မှာ စက်လှေတွေ ခုတ် မောင်းသွားတဲ့အခါ ပန်ကာရဲ့ အရှိန်ကြောင့် စက်လှေရဲ့ နောက်မှာ ရေပန်းပွားတွေ ဖွေးကနဲ ဖွေးကနဲနဲ့ အလွန်လှပါတယ်။ စနိုက်ငှက်ကလေး ရဲ့ စူးစူးရှရှ အော်မြည်လိုက်တဲ့ အသံလေးကို ကျွန်မကြားလိုက်လို့ လှမ်းကြည့်လိုက်ပါတယ်။ စနိုက်ငှက်ကလေးရဲ့ နှုတ်သီးက အလွန်ရှည်ပါ တယ်။ အမြီးလေးက ခပ်တိုတို၊ ကိုယ်ထည်မှာ အစက်အပြောက်လေးတွေနဲ့ လှပပါတယ်။ ကျွန်း မျောတစ်ခုရဲ့ ရေစပ်နားမှာ အစာရှာနေပါတယ်။
.
တင်ကျီးငှက်တွေကတော့ အမွေးအတောင် အလွန်မည်းနက်ပြီး လည်ပင်းကကွေးကောက် နေပါတယ်။ ကိုယ်ထည်မှာ အကြေးခွံပုံအကွက် လေးတွေရှိပြီး အမြီးနဲ့ ဝမ်းဗိုက်မှာ အမည်းရောင် အပြာရောင် အစင်းလေးတွေ ရှိပါတယ်။ ရေထဲ ငုပ်လိုက်၊ အစာရှာလိုက်နဲ့ အလွန်လျင်မြန်ပါတယ်။ ရေကူးကလည်း ကျွမ်းကျင်ပြီး သူ့ရဲ့ ခေါင်းကို ထောင်ပြီး ကူးနေပါတယ်။ ပိန်ညင်း ငှက်ကလေးအော်မြည်ရင် မိုးရွာတတ်တယ်လို့ လူတွေက ယူဆကြပါတယ်။ ''ယမထာရွှေကြိမ် လုံးရယ်နဲ့၊ ထွန်တုံးကိုတဲ့၊ ခြေတော်တင်၊ နွားကြန်စုံနှင်၊ ပျိုးခင်းကိုပြင်၊ ကောင်းကင်က ရွှေ ပိန်ညင်းရယ်၊ မိုးဆော်လို့ သွင်း''လို့ကောက် စိုက်ဗုံကြီးသံမှာ ဖွဲ့ဆိုထားပါတယ်။ အဲဒီငှက်က လေးရဲ့ အမြီးလေးမှာ အစင်းလေးတွေနဲ့ ကားပြီး တိုပါတယ်။ ရေပျော်ငှက်ကလေးတွေ အော် မြည်တိုင်း အသံလေးတွေက စူးရှကျယ်လောင် ပါတယ်။ ပိန်ညင်းငှက်ကလေးရဲ့ ဦးခေါင်းပေါ်က အမည်းရောင်ရှိပြီး ကျောကုန်းက အဖြူ ရောင်၊ တောင်ပံက အဖြူရောင်အစင်းလေးတွေ နဲ့ အဆုံးမှာ အမည်းရောင် အချောင်းလေးတွေ ရှိပြီး ချစ်စရာလေးပါ။ ရေစစ္စလီငှက်ကလေးက တော့ နှုတ်သီးနဲ့ အမြီးက ဘဲကလေးနဲ့ တူပါ တယ်။ အရောင်ကတော့ အုန်းခွံရောင်မွဲမွဲလေး ရှိပြီး အကွက်လေးတွေ ရှိပါတယ်။ တစ်မျိုးစီ လှကြပါတယ်။
.
ကျွန်မတို့ စက်လှေနဲ့ ခပ်လှမ်းလှမ်းမှာမယ် ညိုငှက်ကလေးကို တွေ့ရပါတယ်။ ခေါင်းမှာအ မောက်ငယ်လေးနဲ့ အမြီးတိုတိုလေးနဲ့ပါ။ ခြေတံ က ရှည်ပါတယ်။ အခြား ငှက်ကလေးတွေလို အဝေးကြီး မပျံနိုင်ပါဘူး။ ကျွန်မတို့ စက်လှေ ကို ကြည့်ပြီး ဆူညံနေအောင် အသံစူးစူးလေး နဲ့ အော်မြည်နေပါတယ်။ ရွှံနွံ၊ ရွှံ့ဗွက်တွေမှာ ကျက်စား တတ်တဲ့ လည်ပင်းရှည်ရှည်၊ ခြေ ထောက်ရှည်ရှည်နဲ့ အလွန်အသံသာယာတဲ့ကြိုး ကြာငှက်ကလေးကလည်း တစ်မျိုးတစ်ဖုံ လှပါ တယ်။ အဖိုနဲ့အမ မခွဲအတူ ချစ်ခင်ကြင်နာတတ်တယ်လို့ သိရပါတယ်။ ငှက်ကလေးတွေဆိုပေ မယ့် သူတို့မှာလည်း အသည်းနှလုံး ရှိတာကို။ ကြိုးကြာငှက်ဖိုလေးက တေးဆိုရင် ကြိုးကြာ ငှက်မလေးက ကပြတယ်။ ငှက်မလေးကတေး ဆိုရင် ငှက်ဖိုလေးက မြူးကနေအောင် ကပြ သတဲ့လေ။ ငှက်ကလေးတွေလည်း ကတတ် တယ်နော်။ သူတို့မှာလည်း အနုပညာခံစားမှုရှိ တာပေါ့။ ချစ်တတ်တဲ့ စိတ်၊ ကြင်နာတတ်တဲ့ စိတ်၊ တွယ်တာတတ်တဲ့ စိတ်၊ အဖိုနဲ့အမ တစ် ဦးနဲ့တစ်ဦး သစ္စာစောင့်သိတတ်တဲ့ စိတ်တွေရှိ ကြတာ နှစ်သက်စရာပါတဲ့။ လူသားတွေအတု ယူစရာ၊ စံနမူနာ ယူစရာကောင်းတဲ့ အမူအကျင့် လေးတွေပါ။
.
ဟော ရေကြက်ကလေးတွေကို တွေ့ပါပြီ။ အကောင်သေးသေးလေးပါ။ ညိုတိုတို ခြောက်ကပ်ကပ် အရောင်လေးနဲ့ လမ်းလျှောက်ပြီဆို ရင် သူ့ရဲ့သေးကွေးတဲ့ ခေါင်းကလေးက အရှေ့ နဲ့ အနောက်ကို ဆတ်ကနဲ ဆတ်ကနဲနဲ့ ပါးစပ် ကလည်း အွတ် အွတ် ဆိုတဲ့ အသံလေးက လွတ်ထွက်လာပါတယ်။ ခြေထောက်လေးတွေ က သစ်ကိုင်းခြောက် သေးသေးလေးနဲ့ တူပါတယ်။ ကိုယ်အလေးချိန်က ပေါ့လို့ ကြာဖက်လေးတွေပေါ်မှာ တောင်လမ်းလျှောက်နေပါ တယ်။ ရေပျော်ငှက်ကလေးတွေဟာ ကိုင်းပင်၊ ကျူပင်၊ ရေစပ်တွေမှာ ပေါက်နေတဲ့ မြက်ပင် တွေကြားမှာလည်း အစာရှာဖွေ စားသောက် တတ်ကြပါတယ်။ ကျွန်မတို့ မိသားစုလည်း ဘု ရားတွေဖူး၊ လှူကြတန်းကြ၊ နေ့လယ်စာစား သောက်ကြပြီး အင်းလေးရိုးရာ ချည်ထည်ပိုး ထည်လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုကြပါ တယ်။ သာလေးရွာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ရွာမဘုန်းတော် ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီးတို့ ကို ဝင်ရောက်ဖူးမြော်ကန်တော့ပြီး ညနေပိုင်းမှာ ပြန်ခဲ့ကြပါတယ်။
.
အပြန်လမ်းမှာ ဗျိုင်းငှက်တွေကို အုပ်စု လိုက်တွေ့ရပါတယ်။ ဖြူဖွေးတဲ့ အရောင်ရှိပြီး လည်ပင်းနဲ့ ခြေထောက်က ရှည်ပါတယ်။ လမ်း လျှောက်တဲ့အခါ ခေါင်းကလေးက ရှေ့ထိုး နောက်ငင် လှုပ်တုတ်လှုပ်တုတ်နဲ့။ ကိုယ်လုံး လေးက သွယ်သွယ်လျလျနဲ့ ဗျိုင်းငှက်တွေဟာ အစာရှာဖွေတဲ့အခါ တစ်ကောင်ချင်းသော်လည်း ကောင်း၊ နှစ်ကောင်သုံးကောင် အတူတွဲ၍သော် လည်းကောင်း အစားရှာလေ့ရှိကြပါတယ်။ ဒါ ပေမဲ့ ညနေချိန် အိပ်တန်းတက်တဲ့အခါမှာ သူ တို့နှစ်သက်တဲ့ အပင်ကြီးတစ်ပင်မှာစုပြီး အိပ် လေ့ရှိပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် တစ် နေ့တာ အတွေ့အကြုံတွေကို ဘာသာဘာဝစ ကားတွေနဲ့ ဆူညံနေအောင် စကားတွေ ပြော နေကြပါတယ်။ အချို့ကလည်း ညောင်းနေတဲ့ အတောင်တွေကို ဖြန့်လိုက်၊ စုလိုက်နဲ့ အကြော ဖြေနေကြပါတယ်။ ပန်းအဖြူရောင်တွေ ပင်လုံး ကျွတ် ပွင့်နေသလားလို့တောင် တွေးထင်ရပါ တယ်။ အလွန်စည်းလုံး ညီညွတ်တဲ့ ငှက်မျိုးဖြစ် လို့ အင်မတန် ချီးကျူးစရာ၊ ဂုဏ်ယူစရာ၊ ပ ညာယူစရာကောင်းလှပါတယ်။ အင်းလေးကန် ဒေသမှာ ညနေခင်းရဲ့ အလှအပကလည်း ပန်း ချီသာ ဆွဲတတ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိ ပါတယ်။ ''ရှစ်ရပ်ကယ်နှောင်၊ တိမ်မင်းလွင်အာ ကာဘောင်က၊ ရီမှောင်ကာဖြိုး၊ ရေးတုမမီဆေး ပန်းချီငိုလောက်တဲ့၊ ကွက်လောက်ကယ်စူကာ ငုံနှင့် ရီမှုန်ကာ ပြာပြာနုငယ်မှာ ခင်းပြုချက်ဆိုး'' ဟု ကောင်းကင်ယံက တိမ်တွေလှနေပုံကို ရေး ဖွဲ့ထားပါတယ်။
.
အင်းလေးကန်ဒေသတွင် ဆောင်းရာသီမှာ ဆောင်းခိုငှက်တွေကိုလည်း တွေ့ရပါတယ်။ သူ တို့ရဲ့ နေရင်းဒေသဖြစ်တဲ့ ကမ္ဘာ့မြောက်ဖျားမှာ ရာသီဥတု အေးလွန်းတဲ့အတွက် အစာရေစာ တွေ ရှားပါးလာပါတယ်။ ဒါကြောင့် အဲဒီငှက် တွေဟာ အသက်ရှင်သန်ဖို့အတွက် အစာရေစာ ပေါများတဲ့ အပူပိုင်း စွတ်စိုဒေသများသို့ အုပ်စု လိုက် ပျံသန်းပြီး အင်းလေးကန်ဒေသသို့ဆောင်း ခိုရန် ရောက်လာကြပါတယ်။ ဒီဆောင်းခိုငှက် တွေဟာ မိုင်ပေါင်းထောင်သောင်းချီပြီး အုပ်စု လိုက် စည်းလုံးညီညွတ်စွာ ပျံသန်းလာခဲ့ကြပါ တယ်။ လမ်းခရီးမှာ ခိုက်ရန်ဒေါသ မဖြစ်ကြဘဲ တစ်ကောင်နှင့်တစ်ကောင် ဖေးမကူညီစောင့် ရှောက်ပြီး လာခဲ့ကြပါတယ်။ ဆောင်းခိုငှက်တွေ ရဲ့ စည်းလုံးညီညွတ်မှု၊ ဖေးမကူညီစောင့်ရှောက် မှုတွေကို ကြည့်ပြီး ကျွန်မတို့ လူသားတွေက အတုယူသင့်ပါတယ်။ ကျွန်မတို့ အင်းလေးကန် ဒေသဟာ ဆောင်းခိုငှက်တွေအတွက် နားခိုစား သောက်ရန် အလွန်သာယာတဲ့ အိမ်ကြီးတစ်အိမ် ဖြစ်ပါတယ်။ အင်းသူအင်းသားတွေကလည်း အိမ်သာလို့ ဧည့်လာသည်ဟု သဘောထားကာ ဆောင်းခိုငှက်တွေကို ဖြူစင်တဲ့ နှလုံးသားတွေ နဲ့ စောင့်ရှောက်ပေးကြပါတယ်။ အိမ်ရှင်ပီပီဧည့် ဝတ်ကျေကြတာကိုလည်း ကျွန်မတို့ ဝမ်းသာ ကြည်နူးလို့ မဆုံးပါဘူး။
.
အင်းလေးကန်ကြီးနဲ့ အင်းလေးကန်ဘေးမဲ့ တောကြီးကို အားကိုးတကြီးနဲ့ ခရီးမိုင်ပေါင်းများ စွာဝေးတဲ့ အဝေးကြီး ကနေ နှစ်စဉ်သက်စွန့်ဆံ ဖျားလာခဲ့ကြတာပါ။ အင်းလေးကန် သားငှက် ထိန်းသိမ်းရေးဌာနကလည်း ထိန်းသိမ်း စောင့်ရှောက်ပေးကြပါတယ်။ ငှက်များကို ကြည့်ရှုရန် ငှက်ကြည့်စင်များကိုလည်း ဆောက်လုပ်ထားရှိ ပါတယ်။ ပြည်တွင်းပြည်ပ ငှက်ဝါသနာရှင်များ ကလည်း မှန်ပြောင်းများဖြင့် ငှက်မျိုးစုံကိုလေ့ လာကြည့်ရှုကြပါတယ်။ ဒီဆောင်းခိုငှက်တွေဟာ အင်းလေးဒေသရှိ ဒေသခံ ငှက်များနှင့် ခိုက်ရန် ဒေါသမဖြစ်ကြဘဲ ချစ်ကြည်ရင်းနှီးစွာ ပေါင်း သင်းနေထိုင်ကြပါတယ်။ ဆောင်းအကုန် နွေအကူးနွေဦးရာသီရောက်သည်နှင့် မိမိတို့ဌာနေ ကမ္ဘာ့မြောက်ဖျားဆီသို့ အုပ်စုလိုက်လာလမ်းအတိုင်း ပြန်ကြပါတယ်။ ဒေသခံ ငှက်ကလေးတွေ က လွမ်းပြီးကျန်ခဲ့ကြပါတယ်။ ''သံညင်းငယ် ဆော်၊ တိုက်ကျော်ကြေ<ွကး၊ ငှက်ပေါင်းငယ် တွန်သံနှင့် ပြည်တော် ပြန်သာတဲ့ လမ်းမှာငုံပန်း ကမွှေး''လို့ တောလားမှာ ဖွဲ့ဆိုထားပါတယ်။ အပြန်အလှန် နှုတ်ဆက်သံလေးတွေ ဆူညံပြီး ခွဲခွာသွားကြပါတယ်။ ကောင်းကင်ယံမှာတော ငှက်အုပ်စုကြီး ပျံသန်းသွားကြတာလှလိုက်တာ။ ပြန်လည်တွေ့ဆုံကြပါဦးစို့လို့ နှုတ်ဆက်သွားကြ ပုံပါပဲ။
.
ကျွန်မအနေနဲ့ ရေပျော်ငှက် မဟုတ်တဲ့အ ခြားသော ငှက်ကလေးတွေ အကြောင်းပြောချင် ပါသေးတယ်။ ကြက်တူရွေးဆိုတဲ့ ငှက်မျိုးမှာ အမျိုးမျိုး ရှိပါတယ်။ အဲဒီအထဲက သုံးမျိုး လောက်ကိုပဲ ကျွန်မပြောပါ့မယ်။ ကျေးကုလား ဆိုတာက တစ်ကိုယ်လုံးအစိမ်းရောင်၊ ဦးခေါင်း ကအမည်း၊ တေးသီချင်းတွေ တစာစာနဲ့ သီဆို တတ်ပါတယ်။ နှုတ်သီးလေးက အနီရောင်လေးပါ။ စကားအလွန်တတ်ပါတယ်။ ကျေးကျုတ်က တော့ အပြာနုရောင်လေးက များပြီး လည်ဂုတ် နားမှာ အနီရစ်လေးနဲ့ အစိမ်းရောင်လေးပါ ရှိ ပါတယ်။ နှုတ်သီးလေးက အနီရောင်လေးနဲ့ အ လွန်လှပါတယ်။ ကျေးတမာကတော့ ဦးခေါင်း မှာ အနီကွက်လေးနဲ့ ကိုယ်ထည်က အစိမ်း ရောင်နဲ့ အဝါရောင်လေးရောနှောတဲ့ အရောင်ရှိ ပြီး နှုတ်သီးက အဝါနုရောင်လေးနဲ့ပါ။ ကြက်တူ ရွေးတိုင်းက အမြီးရှည်ပါတယ်။ လူတွေက အ ဆင်းလှပြီး စကားတတ်တဲ့အတွက် ကြက်တူ ရွေးလေးတွေကို  လှောင်ချိုင့်လေးမှာ ထည့်ပြီး သူတို့ကြိုက်တတ်တဲ့ ငှက်ပျောသီးမှည့်၊ ငရုတ် သီး၊ မာလကာသီးမှည့်၊ သစ်သီးမှည့်လေးတွေ ကျွေးကြပါတယ်။ လူတွေရဲ့ မေတ္တာတရားကို အပြည့်အဝရတဲ့ ချစ်စရာကောင်းတဲ့ ငှက်က လေးတွေ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်၊ မျိုးကွဲပေါင်း များစွာ ရှိပါတယ်။ ငှက်ဝါ(သို့) ငုဝါငှက်ဆိုတဲ့ ငှက်ကလေးက သိပ်ထူးဆန်း ပါတယ်။ အရောင် ကလေးက တစ်ကိုယ်လုံး နနွင်းရောင်လို ဝင်း ဝါပြီး လှပပါတယ်။ သီချင်းလည်း ဆိုတတ်ပြီး အလွန်အသံသာယာပါတယ်။ အဲဒီငှက်ကလေး က လူတွေ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ ကို မစားပါဘူး။ သဘာဝအလျောက်ပေါက်တဲ့ ညောင်ပင်၊ သဖန်းပင်တွေက သီးတဲ့ ညောင် သီး၊ သဖန်းသီးလေးတွေကိုသာ စားပါတယ်။ လူတွေက အဲဒီငှက်ကလေးတွေကို ပစ်ခတ်ဖမ်း ဆီးသတ်ဖြတ်ပါက ငှက်ကလေးတွေက အ သက်မထွက်မီ သူတို့စားထားတဲ့ အစာတွေကို အံထုတ်ပြီး ပြပါတယ်။ အဖြေကတော့ သူတို့ ဟာ လူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို မဖျက် ဆီးပါဘူး။ မစားသောက်ပါဘူးလို့သက်သေပြ ပြီးမှ အသက်သေသွားပါတယ်။ ထိပ်ဝါစာငှက် ကလေးတွေကျတော့ မိုးဦးကျရောက်ပြီ ဆိုတာ နဲ့ မိုးရာသီမှာ မိုးစွတ်ရေစွတ် မနေရအောင် စာ ဘူးတောင်းလေးတွေ ဆောက်ကြပါတယ်။ ကျွန် မတို့အိမ်နဲ့ ခပ်လှမ်းလှမ်းက အပင်ကြီးတွေရဲ့ အကိုင်းမှာ တွဲလီတွဲလောင်းနဲ့ စာဘူးတောင်း လေးတွေကို တွေ့ရပါတယ်။ မိုးတွေ လေတွေ ဘယ်လောက်ပဲ ပြင်းထန်ပါစေ၊ စာဘူးတောင်း လေးတွေ လုံးဝပျက်စီးခြင်း၊ ပြုတ်ကျခြင်း မရှိ ကြပါဘူး။ အဆောက်အဦ တည်ဆောက်တတ် တဲ့ အတတ်ပညာကိုလည်း သူတို့တတ်မြောက် ကြပါတယ်။ ဖိုးခေါင် ငှက်ကလေးဆိုရင် ဖိုး ခေါင် ဖိုးခေါင်ဆိုပြီး သူ့နာမည်လေးကို ထုတ် ဖော်ပြီး အော်မြည်ပါတယ်။ ဇီးကွက် ဆိုရင်လည်း ဇီးကွက် ဇီးကွက်ဆိုပြီး ညအခါမှာ သူ့နာမည် လေးကို ဖော်ထုတ်အော်မြည်ပါတယ်။ ရွှေပြည်စိုး ကလည်း နာမည်လေးလှသလို ရွှေပြည်စိုး ရွှေပြည်စိုးနဲ့ အလွန်အသံသာတဲ့ ငှက်ပါ။
.
လည်ပင်းမှာ ပုလဲဆွဲကြိုးလေး ဆွဲထားသ လို အဖြူလုံးလေးတွေနဲ့ တကူ ကူးကူးလို့အော် မြည်တဲ့ ချိုးလည်း ပြောက်ငှက်ကလေးကတော့ မွဲပြာပြာအရောင်လေးနဲ့ အမြီးကလေးက အဖြူ ရောင်အနားကွတ်လေးနဲ့ ခေါင်းကလေးကသေး သေးလေးပါ။ ဖိုမတူ စုံမောင်နှံ မခွဲအတူ ကျက် စားနေထိုင်တတ်ပါတယ်။ နေဝင်စချိုးမရယ်ကူ ဆိုတဲ့ ကဗျာလေးကို ကျွန်မ သတိရမိပါတယ်။ နေဝင်စမှာ ချိုးမလေးဘာကြောင့် ကူနေပါသ လဲ။ ရေငတ်လို့လည်း မဟုတ်၊ အစာငတ်လို့ လည်း မဟုတ်ပါ။ နွားကျောင်းသားလေးထောင် ထားတဲ့ ကျော့ကွင်းမှာ ရွှေချိုးဖိုလေး မိသွားပါ တယ်။ နွားကျောင်းသားလေးက ရွှေချိုးဖိုကို သတ်ပြီး အရေခွံကို ဆုပ်ကာရင်ကိုခွဲပါတယ်။ ဆား၊ နနွင်းတို့နဲ့နယ်ပြီး ရှားမီးခဲမှာ ရဲရဲကင် ထားတာကို ရွှေချိုးမလေး မြင်ပါတယ်။ ရွှေချိုး မလေးဟာ သူသိပ်ချစ်ရတဲ့ ရွှေချိုးဖိုရဲ့ အဖြစ် ကို မမြင်ရက်၊ မကြည့်ရက်၊ ရင်ကွဲ မတတ်ခံ စားရပါတယ် အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ ရွှေချိုးမလေးဟာ ရွှေချိုးဖိုကို လွမ်းဆွတ်တမ်း တပြီး နေဝင်စအချိန်မှာ ကူနေရခြင်း ဖြစ်ပါ တယ်။ ရွှေချိုးဖို အပေါ် နက်နက်ရှိုင်းရှိုင်း ချစ် ခြင်းမေတ္တာနဲ့ ချစ်ခဲ့တဲ့ ရွှေချိုးမလေးရဲ့ အဖြစ် ဟာ ဘယ်လောက်ထိ သနားစရာကောင်းလိုက် ပါသလဲ။ သနားကြင်နာမှု၊ စာနာမှုကင်းမဲ့တဲ့ နွားကျောင်းသားလေးရဲ့ ရက်စက်မှုကြောင့် ရှင် ကွဲမကွဲ၊ သေကွဲကွဲခဲ့ရခြင်းပါ။
.
ပျံလွှားငှက်မျိုးမှာပါတဲ့ မိုးစွေငှက်ကလေး တွေဟာ မိုးသက်လေအေးအေးလေး တိုက်ခတ် တဲ့အချိန်ဆိုရင် ပြာလဲ့တဲ့ကောင်းကင်ကြီးပေါ် ကို အုပ်စုလိုက် အသံစာစာလေးတွေ အော်မြည် ပြီး ပျံတက်သွားကြပါတယ်။ သူတို့ရဲ့ အတောင်ပံတွေကို ဖြန့်ပြီး လေဟုန်စီးနေကြတာ အလွန် ကြည့်လို့ ကောင်းပါတယ်။ ပြန်အဆင်းမှာကျွမ်း ထိုးပြီး ပြန်ဆင်းလာကြတာကလည်း သူတို့ရဲ့ အတတ်ပညာတစ်ခုပါ။ ငှက်တွေ တိုင်းမှာ ကိုယ် ပိုင်အရည်အချင်းတွေ ကိုယ်စီရှိကြပါတယ်။ သ ပိတ်လွယ်ငှက်ကလေးကတော့ သူရဲ့ လည်ပင်း ရဲ့ အောက်နားမှာ သပိတ်ပုံ အနက်လုံးလေးပါ ရှိပါတယ်။ သီချင်းဆို အလွန်ကောင်းပြီး သူ့ရဲ့ အမြီးလေးကကော့ ထောင်ပြီးယပ်တောင်လေး နဲ့တူလို့ ထူးဆန်းတဲ့ ငှက်ကလေးပါ။ သာလိကာ ငှက်ကလေးက အသံကို အတုခိုးတတ်တဲ့ ပညာ ရှိလေးပါ။ လူတွေ သင်ပေးထားတဲ့စကားတွေ ကို သူပြန်ပြောတတ်ပါတယ်။ အခြားငှက်များရဲ့ အသံကို အတုယူပြီး အော်ပြတတ်ပါသေးတယ်။ ဘီလုံးငှက်ကလေးကလည်း အခြားသော ငှက် ကလေးတွေရဲ့ အော်သံကို အတုခိုးပြီး အော် တတ်တဲ့ ငှက်ကလေးပါ။ ငှက်အငယ်စားလေး ဖြစ်ပေမယ့် အလွန်ခွန်အား ကြီးတဲ့ စွန်ရဲကိုပင် အနိုင်ယူနိုင်တဲ့ သတ္တိခဲလေး ဖြစ်ပါတယ်။
.
ပါပူဝါနယူးဂီနီနိုင်ငံဟာ သြစတြေးလျတိုက် ရဲ့အပေါ်ဘက်၊ အီကွေတာရဲ့ အောက်ဘက်မှာ တည်ရှိပါတယ်။ အီကွေတာနဲ့ နီးတဲ့အတွက် အပူချိန် မြင့်မားပါတယ်။ အဲဒီနိုင်ငံရဲ့ ရွာတစ် ရွာမှာ နေတဲ့ လူတွေဟာ အသားမည်းပြီးကွမ်း အလွန်စားကြတဲ့အတွက် သွားတွေက နီရဲနေ ပါတယ်။ အတွင်းစိတ်က အလွန်ကြင်နာတတ် ကြပါတယ်။ သူတို့ဟာ ဘယ်သတ္တဝါကိုမှသတ် ဖြတ်စားသောက်ခြင်း မရှိကြပါဘူး။ တောထဲမှာ ရှိတဲ့ ငှက်မျိုးစုံကို ဖမ်းပြီး သူတို့ရဲ့ ခြံဝင်းကြီး ထဲမှာ အမိုးပြန့်ပြန့်လေးနဲ့ အိမ်ဆောက်ပြီးငှက် ကလေးတွေကို ထားပါတယ်။ အစားအစာ၊ရေ တွေလည်း ပေးထားပါတယ်။ ငှက်ကလေးတွေ ကို လွတ်လွတ်လပ်လပ် နေစေပါတယ်။ ငှက် ကလေးတွေက တစ်ခြားမှာ အစားရှာစားပြီး ပြန်လာတဲ့အခါ သူတို့သခင်ရဲ့ ပခုံးလေးပေါ်မှာ လာနားကြပါတယ်။ သူတို့ သခင်က ပြုံးပြုံးလေး နဲ့ ကြည့်ပြီး ခေါင်းကလေးနဲ့ ကျောကုန်းလေး ကို လက်ကလေးနဲ့ ပွတ်သပ်ပြီးပေးရှာပါတယ်။ ယုယကြင်နာမှုတွေ ပေးတော့ ငှက်ကလေးတွေ က ပျော်ကြတယ်။ သူတို့သခင်ရဲ့ ခြံဝင်းကြီး ဟာ ငှက်ကလေးတွေရဲ့ တေးသံတွေနဲ့ သီရိဂေ ဟာခြံဝင်းကြီးဖြစ်ပြီး ပျော်စရာအလွန်ကောင်းပါ တယ်။
.
ငှက်ကလေးတွေအချို့ရဲ့ အသွင်သဏ္ဍာန်၊ အပြုအမူ၊ အော်မြည်သံ၊ အရောင်အဆင်း၊ သူ တို့ရဲ့ အရည်အချင်း၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတ ရား ခိုင်မြဲပုံတွေကို ကျွန်မရေးသားထားပါတယ်။ ငှက်တွေရဲ့ ဇီဝမျိုးစိတ်ကွဲတွေ အများကြီးပါ။ ဒါ တွေမျိုးတုံး ပျောက်ကွယ်မသွားအောင် ထိန်း သိမ်းစောင့်ရှောက်ကြဖို့ဟာ ကျွန်မတို့လူသား တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ငှက်ကလေး တွေ အသက်ရှင်သန်ရတာ အလွန်အခက်ခဲပင် ပန်းပါတယ်။ ပါးစပ်က ဝင်၊ စအိုက ထွက်ဆို တော့ အချိန်တိုင်း အစားအစာ ရှာဖွေနေရပါ တယ်။ မိုးရာသီဆိုရင်လည်း စိုစိုစွတ်စွတ်နဲ့ နား ခိုရာမရှိ။ မိုးထဲရေထဲမှာ ပျံသန်းရတာ အလွန် ခက်ခဲပါတယ်။ ဆောင်းရာသီကျတော့လည်း အ လွန်အေးချမ်းပြီး အမွေးလေးတွေကိုဖွလိုက်၊ဖွ လိုက်နဲ့ အကြိမ်ကြိမ်လုပ်ပြီး အသက်ရှင်သန်ရ ပါတယ်။ ပွင့်လင်းရာသီကို ရောက်မှ ဘဝလေး တွေ နွေးထွေးပြီး နွေဦးတေးကို အပျော်ကြီး ပျော်ပြီး သီဆိုနိုင်ကြပါတယ်။ သာယာတဲ့တေး သံလေးတွေနဲ့ လောကကြီးကို အလှဆင်ပေး ကြတဲ့ ငှက်ကလေးတွေရဲ့ ဘဝကို ကိုယ်ချင်း စာတရားရှေ့ထားပြီး မေတ္တာထားကြပါ။ ငှက်က လေးတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရောင်းချ ခြင်း၊ ညှဉ်းဆဲခြင်းများ မပြုလုပ်ကြဘဲ ကြင်နာ ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
.

Journal Download

Photo of three cats