နန်းမေဇင်ဦး အပါအ၀င် ပရဟိတလူငယ် ၂၀၀ ကျော်မှ ရွာငံမြို့နယ်ရှိ ရေဦးဈေးတွင် အမှိုက်တိုက်ပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန်းမေဇင်ဦး အပါအ၀င် ပရဟိတလူငယ် ၂၀၀ ကျော်မှ ရွာငံမြို့နယ်ရှိ ရေဦးဈေးတွင် အမှိုက်တိုက်ပွဲ ပြုလုပ်


မင်းဇော်မင်း
.
မန္တလေးမြို့၌ အိမ်အကူအဖြစ် လုပ်ကိုင်စဉ် အက်စစ်ဖြင့် အပက်ခံရသည့် နန်းမေဇင်ဦး အပါအ၀င် ပရဟိတလူငယ် ၂၀၀ ကျော်တို့သည် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စုရှိ ရေဦးဈေးတွင် ယနေ့ မတ်လ ၂၆ ရက်တွင် အမှိုက်တိုက်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

အဆိုပါ ရေဦးဈေးရှိ အမှိုက်ပုံမှာ နှစ်ပေါင်းများစွာ ကတည်းက တည်ရှိနေသော အမှိုက်များဖြစ်ကာ ယင်းအမှိုက်ပုံအား ရှင်းလင်းခဲ့သည့် အဖွဲ့အစည်းများမှာ ရွာငံဓနုတိုင်းရင်းသားရေးရာအဖွဲ့ရေဦး(ရှေ့ဆောင်လူငယ်)အုပ်တွင်း (မေတ္တာကမ္ဘာပရဟိတအဖွဲ့)ကဇက်(ကြယ်မင်း)ရွာငံ(ဗြဟ္မဂူ)ဆင်နက်ချောင်(နွေးထွေးသစ်) အဖွဲ့နှင့် အခြား စိတ်ဝင်စားသူ ပရဟိတ လူငယ်များ ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခဲ့သော အမှိုက်များအား စည်ပင်သာယာရေးဌာနမှ စီစဉ်ပေးသည့် အမှိုက်တင် ယာဉ်ကြီးဖြင့် ၁၈ ခေါက်ခန့် သယ်ထုတ်ခဲ့ရကြောင်း သိရသည်။
.
စိတ်‌ဒဏ်‌ရာ ရပြီး စိတ်‌ဓာတ်‌ကျ‌နေတဲ့ နန်း‌မေဇင်‌ဦးကို ပရဟိတလမ်း‌ကြောင်း‌ပေါ်ကို တွန်းတင်‌‌ ပေးနိုင်‌ခဲ့ပါတယ်‌ရွာငံမြို့နယ်‌အတွင်းမှာ အကြီးမားဆုံးနဲ့ အစည်‌ကားဆုံးဖြစ်‌တဲ့ ‌ရေဦး‌ဈေး အတွင်းအပြင်‌က နှစ်‌‌ပေါင်းများစွာ တည်‌ရှိ‌နေတဲ့ ပလပ်‌စတစ်‌ အမှိုက်‌‌တွေကို ရှင်းလင်း နိုင်‌ခဲ့ပါတယ်။ ရွာငံမြို့နယ်‌အတွင်းမှာ ပရဟိတလုပ်‌ငန်းတွေ တကယ်‌‌လုပ်‌‌ဆောင်‌‌နေကြတဲ့ ပရဟိတ‌ မောင်‌မယ်‌‌တွေနဲ့ ‌တွေ့ ဆုံ မိတ်‌ဆက်‌ခွင့်‌ရပြီးတော့ ‌ရေဦး‌ဈေးက အစပြုလို့ ရွာငံမြို့နယ်‌အတွင်းက ပလပ်‌စတစ်‌ အမှိုက်‌‌တွေကို ဘယ်‌လို‌ဖြေရှင်းရမလဲဆိုတာ ဆွေး‌နွေး အ‌ဖြေရှာနိုင်‌ခဲ့ကြပါတယ်‌ ပရဟိတအဖွဲ့တွေကို စု‌ပေါင်းပြီး အင်‌အား‌တောင့်‌တင်းတဲ့ ရွာငံပရဟိတကွန်‌ယက်‌အဖြစ်‌ လုပ်‌‌ဆောင်‌နိုင်‌ဖို့လည်း ‌ဆွေး‌နွေးခွင့်‌ ရရှိခဲ့ပါတယ်‌။” ရွာငံဓနုတိုင်းရင်းသားရေးရာအဖွဲ့မှ စိုင်းလူခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းကဲ့သို့ ပရဟိတလူငယ်များ၏ အမှိုက်တိုက်ပွဲ ပြုလုပ်နေမှုကို စေတနာရှင်များမှ အမှိုက်ထည့် အိတ်၊ ရေသန့်၊ အချိုရည်များကို ပံ့ပိုး လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
.
ထို့အပြင် အဆိုပါ အမှိုက်တိုက်ပွဲ ပြုလုပ်ခဲ့သော ပရဟိတအဖွဲ့ဝင်များသည် အမှိုက်များနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည့်အပြင် ရွာငံမြို့နယ် အတွင်းရှိ ပရဟိတအဖွဲ့များကို စုပေါင်း၍ ရွာငံပရဟိတကွန်ယက်အဖြစ် ဖွဲ့စည်းရန်အတွက် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats