တောင်ကြီးမြို့၊ ညောင်ဖြူစခခန်းရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ညောင်ဖြူစခခန်းရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်တွင် မတ်လ ၆ ရက် ညနေပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ (၇)၊ ပတ္တမြားလမ်း၊ အမှတ် (ည/၆၈) နေ ဒေါ်နန်းစီသည် ၎င်း၏ညီမဖြစ်သူ ဒေါ်မြမေ (၄၉ နှစ်) မှာ အိမ်ရှေ့လမ်း ပေါ်တွင် ဦးခေါင်းသွေများ ပေကျံလျက် လဲကျနေသည်ကို တွေ့ရှိရသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရာ ဒေါ်မြမေမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
သေဆုံးသူ ဒေါ်မြမေအား အမည်မသိ အမျိုးသားတစ်ဦးမှ ဓါးနှင့်ထိုးနေသည်ကို တွေ့ရှိရသဖြင့် ဒေါ်စန်းမြင့်မှ ဓါးအား သွားရောက်လုယူခဲ့ရာ ဓါးဖြင့်ထိုးသူမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
.
ယင်းကဲ့သို့ ဓါးဖြင့် ထိုးခဲ့မှုကြောင့် ဒေါ်မြမေတွင် ဝဲနားထင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်နားအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်မေးရိုးအထက် ထိုးသွင်းဒဏ်ရာ ၂ ချက် တို့ ရရှိခဲ့ပြီး သေဆုံးခဲ့သဖြင့် ဓါးဖြင့်ထိုးသူ အမည်မသိ သူအား ဥပဒေအရ အရေးယူပေးရန် ဒေါ်နန်းစီမှ တောင်ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
   

Journal Download

Photo of three cats