အစိုးရဌာနပိုင် မြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်းသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, March 8, 2019

အစိုးရဌာနပိုင် မြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများကို ဖယ်ရှား ရှင်းလင်းသွားမည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနပိုင် ရုံးမြေနေရာတွင် ကျူးကျော် ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများကို ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းသွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.
အဆိုပါ ရုံးမြေနေရာ၏ မျက်နှာ စာရှေ့နှင့် လက်ယာဘက်တွင်ကျူးကျော် ဆောက်လုပ်ထားသည့် ဆိုင်ခန်းပေါင်း ၁၁ ခန်း အထိရှိနေပြီး ဆိုင်ခန်း ၄ ခန်းမှာ ဌာနသို့ ပြန် လည်အပ်နှံ ကျေအေးမှု ရရှိခဲ့သော်လည်း ကျန်ဆိုင်ခန်း ၇ ခန်းမှာ ဌာနမှ အကြိမ်ကြိမ် ခေါ်ယူညှိနှိုင်း မှုကို ငြင်းဆန်ပြီး ဌာနသို့ ပြန် လည်အပ်နှံခြင်း မရှိသည့်အတွက် တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင် ရွက်သွားရန် စီစဉ်ထားသည်ဟု ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ်စား သုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
.
''ကျွန်တော် စတင်တာဝန်ထမ်း ဆောင်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကနေ အ ခုချိန်အထိ ဆိုင်ခန်းငှားရမ်းခတွေကို လက်မခံတော့ပါဘူး။ အစိုးရဌာနပိုင် မြေနေရာ ကျူးကျော်ထားတာတွေ ကို ဖယ်ရှားရှင်းလင်းဖို့ နေပြည်တော် ရုံးချုပ်ကလည်း ညွှန်ကြားထားတာ ရှိပါတယ်'' ဟု ကျိုင်းတုံမြို့ရှိ တွဲဘက် ပြည်နယ် စားသုံးသူရေးရာဦးစီးဌာ နမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ယင်း ဆိုင်ခန်းများတွင် ဈေး ရောင်း ချနေသူတစ်ဦးကလည်း ''ကိုယ်မပိုင်တာကို ရချင်နေတဲ့ လော ဘစိတ် မဖြစ်လို့ ပြန်ပေးလိုက်ပါ တယ်။ အစိုးရဌာနတစ်ခုရဲ့ တရား ဝင် ကြေညာချက်ကို လွန်ဆန်ငြင်း ပယ်နေရင် ဘယ်ခေတ်၊ ဘယ်အစိုး ရပဲတက်တက် ကိုယ့်ဘက်မှာ တရား ဝင် အထောက်အထားဘာမှ မရှိ ရင်တော့ ကိုယ့်အမှားပဲ ဖြစ်မယ်လို့ ယူဆပါတယ်'' ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည် နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၏ အစိုးရဌာနပိုင် ဂရန်အမည်ပေါက် ဧရိယာမှာ ဝ ဒသမ ၄၃၈ ဧက ဖြစ် ပြီး ရုံးဘေးနှင့် ရှေ့မျက်နှာစာတွင် ဈေးဆိုင်ခန်းအဖြစ် ကျူးကျော်ထား သည့် ဆိုင်ခန်းများ၏ နယ်နိမိတ်မှာ ဝ ဒသမ ဝ၁၃ ဧက ရှိကာ ၂ဝ၁၈ ခု နှစ်၊ ဇွန်လတွင် ရှမ်းပြည်နယ်မြောက် ပိုင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မင်း သန်း ဦးဆောင်သည့် မြေပြင်ကွင်း ဆင်းစစ်ဆေးတွေ့ရှိ အကြံပြုချက် ကို နေပြည်တော်ရုံးချုပ်သို့ တင်ပြ ထားခဲ့ပြီး ဖယ်ရှား ရှင်းလင်းပေးရန် ငြင်းဆန်နေသည့် ဈေးဆိုင်ခန်းများ ကို ၁၉၅၅ ခုနှစ်၊ ဥပစာနှင်ထုတ်ရေး ဥပဒေဖြင့် ဖယ်ရှား ရှင်းလင်းသွား မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment