ကျိုင်းတုံတွင် တရားမဝင် ဂိတ်စခန်း ဖွင့်လှစ်ထားသူနှင့် လူတစ်စုမှ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရွာ တာဝန်ခံတို့အား ဝိုင်းဝန်းရိုက်နှက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, March 27, 2019

ကျိုင်းတုံတွင် တရားမဝင် ဂိတ်စခန်း ဖွင့်လှစ်ထားသူနှင့် လူတစ်စုမှ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရွာ တာဝန်ခံတို့အား ဝိုင်းဝန်းရိုက်နှက်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာအုပ်စုနောင်ဆာ ကချင်ရွာနှင့် နမ့်နီ နမ်လုံ ကျေးရွာအုပ်စုချင်းဆက် နယ်နိမိတ် လမ်းပေါ်တွင် တရားမဝင် ဂိတ်စခန်း ဖွင့်ထားသည့် ဦးကျစီးဆိုသူနှင့် အပေါင်းပါ လူတစ်စုသည် မတ်လ ၂၅ ရက်တွင် ယင်းလမ်းမှ ဖတ်သန်း သွားလာသူတို့အား စစ်ဆေးမေးမန်းစဉ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းနှင့် လက်ရှိ ကျေးရွာတာဝန်ခံတို့နှင့် အချင်းများ၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင်ဂိတ်စခန်း ဖွင့်လှစ်ထားသည့် ဦးကျစီးနှင့် အပေါင်းပါ လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နမ့်နီ နမ့်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးပေါလုနှင့် ယန်းခကျေးရွာအုပ်စုမှ ဟွေလန်းကျေးရွာ တာဝန်ခံ ဦးယာဒီတို့၏ မျက်နှာနှင့် ကိုယ်ခန္ဓာတွင် ဖူးရောင် နာကျဉ်ဒဏ်ရာများ ရရှိခဲ့ကြာင်း သိရသည်။
.


ဦးကျစီး၏ စခန်းနှင့် ဂိတ်အဝင်နေရာအား တွေ့မြင်ရစဉ် (ဓါတ်ပုံ - ယန်းခအုပ်ချုပ်ရေးမှူး)


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယန်းခကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ မတ်လ ၂၆ ရက်တွင် ဦးကျစီးနှင့် ၎င်း၏ အပေါင်းပါ တပည့် တချို့သည် လမ်း အသုံးပု၍ သွားလာနေကသော ပည်သူများအား အဟန့်အတား ပြုလုပ်၍ စစ်ဆေး မေးမန်းခင်းများ ပုလုပ်လျက်ရှိသဖင့် တရားမဝင် ခွင့်ပုချက်မရှိဲ ဂိတ်နှင့် စခန်း ဖွင့်လှစ်ထားခင်းအား ည်ဆဲဥပဒေဖင့် စိစစ်အရေးယူ ဆောင်ရွက်ပေးရန်အတွက် ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ခဲ့ကြောင်း သိရသည်။
.
" ဦးကျစီးက သူပိုင် ဖောက်လုပ်ထားတဲ့ လမ်း ဆိုပေမယ့် အများပည်သူတွေ ဖတ်သန်းသွားလာနေတဲ့ လမ်း ဖစ်နေပါတယ်။ ဂိတ်စခန်းအနေနဲ့ တရားဝင် ဖွင့်လှစ်ဖို့ ခွင့်ပု ပေးထားတာ မရှိပါဘူး။ ခု ဖစ်စဉ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် အဟန့်အတား ဖစ်စေနိုင်တာကောင့် သက်ဆိုင်ရာ အကြီးအကဲ အဆင့်ဆင့်ကို တင်ပရခင်း ဖစ်ပါတယ်" ဟု ယန်းခကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကမ္ဘောဇတိုင်းသို့ ပောကားခဲ့သည်။
.
ဦးကျစီးသည် ကျိုင်းတုံမြို့၊ အမှတ်()ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကာ ၂၀၁၃ ခုနှစ်မတ်လတွင် မော်တော်ယာဉ် တစ်စီးနှင့် မူးယစ်ဆေးဝါး အမောက်အများကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရပြီးနောက် တရားရုံး၌ အယူခံဝင်၍ ပြန်လည် လွတ်မောက်လာခဲ့သူ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube