မျိုးဆက်တစ်ခု၏ အမှားများကို နောက်မျိုးဆက်တွင် ပြင်ဆင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေ ဟု ရှမ်းတောင် ပြည်ခိုင်ဖြိုး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မျိုးဆက်တစ်ခု၏ အမှားများကို နောက်မျိုးဆက်တွင် ပြင်ဆင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေ ဟု ရှမ်းတောင် ပြည်ခိုင်ဖြိုး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောကြား

ရဲရင့်ဇွဲ
.
လူငယ်မျိုးဆက်သစ်များ တစ်ဆက်နှင့်တစ်ဆက် အကူးအပြောင်း၌ မျိုးဆက်တစ်ဆက်၏ အမှားများကို နောက်လာမည့် မျိုးဆက်သစ်တစ်ဆက်က အမှားပြင်နိုင်ရန်နှင့် အမှားပြင်မည့်သူများဖြစ်လာစေရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု မတ်လ ၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း သတင်းထုတ်ပြန်ရေး အဖွဲ့၊ ပြည်နယ်ပါတီ ပြောရေးဆိုခွင့်ရှိသူများနှင့် တောင်ကြီးအခြေစိုက် သတင်းမီဒီယာများ မိတ်ဆက်တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း သတင်းထုတ်ပြန်ရေးအဖွဲဝင် ဦးစည်သူဟိန်းက ပြောကြား ခဲ့သည်။
.
.
“ကျွန်တော်တို့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ ပါတီရဲ့မူဝါဒတွေ၊ ပါတီဥက္ကဌကြီးရဲ့ လမ်းညွှန်ချက်၊ ပါတီဌာနချုပ်ရဲ့ လမ်းညွှန်ချက်တွေကို ပြည်သူလူထုရဲ့အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အဓိကအားဖြင့်တော့ လူငယ်ရေးရာကဏ္ဍ၊ အမျိုးသမီးရေးရာ ကဏ္ဍ၊ တောင်သူလယ်သမားရေးရာကဏ္ဍနဲ့ အလုပ်သမားရေးရာကဏ္ဍ ဆိုပြီးတော့ ကဏ္ဍ ၄ ခုခွဲပြီး ဆောင်ရွက် ပေးနေပါတယ်။ လူငယ်တွေဟာကာယ၊ ဥာဏပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ဖွံ့ဖြိုး တိုးတက်ရေးဖြစ်စဉ် တွေမှာ သူတို့ကိုယ်တိုင်ပါဝင်ပါဖို့၊ လူငယ်တွေမျိုးဆက် တစ်ဆက်နဲ့တစ်ဆက် အပြောင်းမှာ တစ်ဆက်ရဲ့အမှားတွေကို နောက်တစ်ဆက်မှာ ပြင်နိုင်ဖို့၊ အမှားပြင်တဲ့သူတွေဖြစ်လာဖို့ ကျွန်တော်တို့က ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်ဦးစည်သူဟိန်းက ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် လူငယ်များ၏ စွမ်းရည်နှင့် အသိဥာဏ်ပညာများတိုးပွားလာစေဖို့ စွမ်းရည်မြှင့်သင်တန်းများ၊ လူငယ်တွေ့ဆုံပွဲများ၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ မြို့နယ် ၂၁ ခုတွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး ဥပဒေပညာပေးသင်တန်းများ၊ မြန်မာ့ရိုးရာ သိုင်းသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်ဟု သိရသည်။
.
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း သတင်းထုတ်ပြန်ရေးအဖွဲ့ကို ခေါင်းဆောင် အဖြစ် ဦးခွန်သိမ်းမောင်၊ ဒုတိယခေါင်းဆောင်အဖြစ် ဦးမိုးစည်သူနှင့် အဖွဲ့ဝင်များအဖြစ် ဦးခွန်သူရအောင်၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစောထွန်းခိုင်၊ ဦးစည်သူဟိန်း၊ ဒေါ်အေးချိုစိန်းနှင့် ဒေါ်နန်းစိန်ညွှန့်နွှယ် တို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats