အေးသာယာဈေးမီးပွိုင့်၌ လမ်းမျဉ်းများ မရှိသဖြင့် ယာဉ်များစည်ကမ်းမဲ့ ရပ်နားမှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 7, 2019

အေးသာယာဈေးမီးပွိုင့်၌ လမ်းမျဉ်းများ မရှိသဖြင့် ယာဉ်များစည်ကမ်းမဲ့ ရပ်နားမှုများ ရှိနေ


ရဲရင့်ဇွဲ
.
တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့၊ ထုံးဖိုဈေးအနီးရှိ မီးပွိုင့်တွင် လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက်လမ်းမျဉ်း ပြန်လည်ရေးဆွဲပေးခြင်း မရှိသဖြင့် ယာဉ်များ စည်းကမ်းမဲ့ရပ်နားမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံ မှ သိရသည်။
.
.
''မီးပွိုင့်နားမှာ လမ်းမျဉ်းမဆွဲ ထားတော့ မီးနီနေရင် ဆိုင်ကယ်တွေ က အရှေ့ထိတိုးရပ်တယ်။ ဈေးဘက် က ထွက်လာတဲ့ ကားတွေကွေ့တဲ့ အခါကျရင် အရမ်းအန္တရာယ်များ တယ်။ ကျောင်းဆင်း/ကျောင်းတက် ချိန်ဆိုရင် ပိုဆိုးတယ်။ ကားကြီးကွင်း က ကားတွေကလည်း အများကြီး ထွက်လာနေကြတယ်။ ဘယ်အချိန် မှာ တိုက်မလဲဆိုပြီး စိုးရိမ်နေရပါ တယ်''ဟု အေးသာယာမြို့နေအငှား ယာဉ်မောင်းတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
တောင်ကြီးမြို့ အဝင်မုခ်ဦးမှ  မောင်းနှင်လာသော မော်တော်ယာဉ် နှင့် ဆိုင်ကယ်များသည် အေးသာယာ ဈေး မီးပွိုင့်တွင်မီးနီလျှင် သတ်မှတ် ထားသောမျဉ်းမရှိသဖြင့် အရှေ့ထိ ထွက်၍ ရပ်စောင့်ခြင်း၊ လမ်း၏ဝဲဘက် ခြမ်းအထိတက်၍ ရပ်စောင့်ခြင်းများ ကြောင့် ယာဉ်သွားလာမှု အန္တရာယ် များဖြစ်ပေါ်မည်ကိုဒေသခံ ပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရ သည်။
.
''အဓိကကတော့ ကားကြီးကွင်း ကားတွေ အများဆုံး အဝင်အထွက် လုပ်နေကြတာဆိုတော့ အမြန်ဆုံး ရေးဆွဲပေးသင့်တယ်။ ကျွန်တော်တို့ ခဏခဏကြုံရတယ်။ ဆိုင်ကယ်တွေ က ရှေ့အထိ ထွက်ရပ်ထားတယ်။ အဲ ဒီတော့ ကားကြီးတွေကကွေ့ရင် မ လွတ်တော့ဘူး။ ဆိုင်ကယ်တွေ အဲဒီ လို ထွက်ရပ်တာကိုလည်း အပြစ်သွား ပြောလို့မရဘူး။ မျဉ်းမရှိတော့ ဘယ် လိုရပ်ရမလဲဆိုတာ သူတို့မသိကြဘူး လေ''ဟု အေးသာယာမြို့နေ ဦးစိုင်း အေးက ¤င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း တစ်လျှောက်ရှိမီးပွိုင့်များ တွင်လည်း လမ်းမျဉ်းများ မရှိခြင်း၊ ပျက်စီးခြင်းများကြောင့် လမ်းမျဉ်းများ ရေးဆွဲပေးရန် လိုအပ်နေကြောင်း သိရသည်။
.

No comments:

Post a Comment