အာဆီယံ ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဝင်ငွေအနိမ့်ဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

အာဆီယံ ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံသည် ဝင်ငွေအနိမ့်ဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်



မင်းဇော်မင်း
.
နိုင်ငံတကာငွေကြေးရန်ပုံငွေအ ဖွဲ့(IMF) ၏ ၂ဝ၁၉ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ ကိန်း ဂဏန်းများအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အာဆီယံ ၁ဝ နိုင်ငံအနက် လူတစ်ဦးလျှင် တစ်နှစ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃၉၅ ဒေါ်လာဖြင့် ဝင်ငွေအနိမ့်ဆုံးရရှိနေပြီး အဆင်းရဲဆုံးနိုင်ငံဖြစ်ကြောင်း ဖော် ပြထားသည်ဟုသိရသည်။
.
 .
အဆိုပါ ဖော်ပြချက်တွင် အာဆီယံ ၁ဝ နိုင်ငံအနက် စင်္ကာပူသည် တစ်နှစ်လျှင် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၉၈၄ ဖြင့် ထိပ် ဆုံးမှ ရပ်တည်နေကာ ဘရူနိုင်း ၃၄၅၅၉ ဒေါ်လာ၊ မလေးရှား ၁၁၃၃၉ ဒေါ်လာ၊ ထိုင်း ၇၅၇ဝ ဒေါ်လာ၊ အင် ဒိုနီးရှား ၃၉၇၁ ဒေါ်လာ၊ ဖိလစ်ပိုင် ၃၂၄၆ ဒေါ်လာ၊ လာအို ၂၉ဝ၇ ဒေါ်လာ၊ ဗီယက်နမ် ၂၇၈၈ ဒေါ်လာ၊ ကမ္ဘောဒီးယား ၁၅၉၉ နှင့် မြန်မာ ၁၃၉၅ ဒေါ်လာတို့ဖြင့်အစဉ်အလိုက် ရပ်တည်နေကြောင်း သိရသည်။
.
၂ဝ၁၅ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံမှာ အာဆီယံ ၁ဝ နိုင်ငံအနက် ဝင်ငွေအနိမ့်ဆုံးအဆင့်၌ တည်ရှိခဲ့သော်လည်း ယင်းနှစ်တွင်ပင် ကမ္ဘော ဒီးယားမှ မြန်မာနိုင်ငံကို ကျော်တက်ခဲ့ ပြီး ယခု ၂ဝ၁၉ ခုနှစ်တွင်မူ မြန်မာ နိုင်ငံမှာ တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံး နိုင်ငံအဖြစ် အဆင့်ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုခဲ့သည်။
.
''ပထမတော့ မြန်မာက ခဏဆင်းပေးတဲ့သဘောလို့ ယူဆစရာ ဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ၊ ရာသီဥတုတွေအပေါ် မူတည်ပြီး သီးနှံအထွက်နှုန်း ပြောင်းလဲတာ၊ စာရင်းကောက်တာ မပြည့်စုံလို့ဆိုတာ တွေနဲ့ ဆင်ခြေပေးပြီး ဖြေသိမ့် တွေးရင်း ယာယီအခိုက်အတန့်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ သေချာ သွားပါပြီ။ နောက်နှစ်တွေမှာလည်း ဆက်စောင့်ကြည့်ဖို့ လိုအပ်မှာဖြစ် ပါတယ်''ဟု ဦးအောင်လှိုင်းဝင်းက ပြောသည်။
.
လွန်ခဲ့သည့် ၄ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ ထက် နှစ်စဉ် လူတစ်ဦးချင်း ဝင်ငွေ ပိုမိုများပြားနေပြီး ယခုနှစ်တွင်လည်း ကမ္ဘောဒီးယားက မြန်မာထက် တစ်ဦးချင်းဝင်ငွေ ကန်ဒေါ်လာ ၂ဝဝ ကျော် ပိုများသည့်အတွက် မြန်မာ သည် အာဆီယံရှိ ၁ဝ နိုင်ငံတွင် နောက်ဆုံးအဆင့် ဖြစ်နေသည်မှာ သေချာကြောင်း င်းက ဆက်လက် ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ အနက် တရုတ်နိုင်ငံက တစ်ဦးချင်း တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဝဝ၉၉၊ အရှေ့တီမောနိုင်ငံက ၂၆၂၈ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၁၈၈၂ ဒေါ်လာ ရှိနေရာ မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်တွင် ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube