လားရှိုးတွင် အမျိုးသမီးများ တန်းတူအခွင့်ရရှိစေရေးအတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် အမျိုးသမီးများ တန်းတူအခွင့်ရရှိစေရေးအတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနား ပြုလုပ်


နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ အမျိုးသမီးများတန်းတူအခွင့်များရရှိစေရေးအတွက် အပြည်ပြည် ဆိုင်ရာအမျိုးသမီးနေ့ကို မတ် ၁၂ ရက်တွင် လားရှိုးရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  
အဆိုပါပွဲကို CARE MYANMAR နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာချထားရေးဦးစီးဌာနတို့ ပူးပေါင်းကာ မတ်လ ၈ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၇ ရွာကို ဖိတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးအတွက် အားလုံးသိတဲ့အတိုင်း တိမ်းမြုပ်နေတဲ့ကျား၊ မ မညီမျှမှု၊ အကြမ်းဖက်မှု တွေဟာလည်း နည်းမျိုးစုံဖြစ်ပေါ်နေကြတယ်။ အဲဒီအပေါ်မှာ တချို့အမျိုးသမီးတွေဟာ ဒါတွေဟာသူတို့အတွက် ထုတ်ဖော် ပြောဆိုစရာနေရာမရှိဘူး။ သူတို့အတွက် အခွင့်ရေးတွေမရှိဘူးဆိုပြီးတော့ ခံစားပြီးတော့နေနေကြရတယ်။ အဲ့ဒါကြောင့်မို့ ဒီလိုမျိုးတွေကို အကြေမ်းဖက်တွေကနေကင်းလွတ်အောင်၊ အကြမ်းဖက်နေတဲ့ သူတွေကလည်း ဒီဟာမျိုးတွေလုပ်ဆောင်ခြင်းအားဖြင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရောက်နေပါလားဆိုတဲ့ အသိ ပညာတွေ ပျံ့နှံ့အောင်အတွက်  ဒီလိုပွဲမျိုးတွေကို မြို့ပေါ်အပြင် ကျေးလက်ဒေသတွေမှာပါ ကျင်းပဖို့ကြိုးစားနေ ပါတယ်။ဟု CARE MYANMAR မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာဇင်ဘိုက ပြောသည်။
အမျိုးသမီးများ၏အခွင့်ရေးများစဉ်းစားပေးရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းကာ ဖော်ဆောင်ထောက်ပံ့ပေးရန်အတွက် မြို့ပြ၊ ဝေးလံခက်ခဲသော ကျေးလက်နေ အမျိုးသမီးများကို သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၈ ရက်မှာတော့ ပြည်နယ်အဆင့်ပွဲတွေကလည်း တစ်ပြိုင်တည်းပြုလုပ်နေကြတယ်။ တစ်ရက်တည်း မှာပဲ ပြုလုပ်နေတာတွေကတိုက်နေလို့ ရက်ကိုခွာပြီးလုပ်ရခြင်းဖြစ်ပါတယ်။ မတ်လထဲ ဘယ်နေ့ကျင်းပ၊ ကျင်းပ အကျုံးဝင်ပါတယ်။ သမိုင်းကြောင်းဖြစ်ပေါ်လာတာတော့ မတ်လ ၈ ရက်နေ့ဖြစ်ပါတယ်။’’ဟု ဒေါက်တာဇင်ဘိုက ဆက်ပြောသည်။
အဆိုပါပွဲသို့ ဌာနဆိုင်ရာများ၊ INGO၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျေးလက်ဒေသမှ အမျိုးသမီးကိုယ်စားလှယ် များ၊ အမျိုးသမီးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats