၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, March 8, 2019

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို


ကမ္ဘောဇတိုင်း
.
.
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၆ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာဖြေဌာန အသီးသီးတွင် စတင်ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၈ ရက်တွင် သင်္ချာဘာသာရပ် ဆက်လက်ဖြေဆိုခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုလုံး၌ ဖြေဆိုသူကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၅၆၅၂၄ ဦး ရှိခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထာသူ ကျား ၂၂၉၁ ဦး၊ မ ၃၆၄၀၂ ဦး၊ စုစုပေါင်း ၅၉၃၁၃ ဦး ရှိသည့်အနက်မှ စာမေးပွဲ တတိယနေ့တွင် ကျား ၂၁၄၀၈ ဦး၊ မ ၃၅၁၁၆ ဦး၊ စုစုပေါင်း ၅၆၅၂၄ ဦး သာ ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျား ၁၅၀၃ ဦး၊ မ ၁၂၈၆ ဦး စုစုပေါင်း ၂၇၈၉ ဦး ပျက်ကွက်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၇၀ ရာခိုင်နှုန်း ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
.
စာမေးပွဲ စတုတ္ထနေ့အဖြစ် လာမည့် မတ်လ ၉ ရက်၊ စနေနေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment