ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ စစ်ပွဲများ ရပ်တန့်ရန်နှင့် ဧရာဝတီမြစ်ဆုံကို ကာကွယ်ရန် သီပေါမြို့တွင် တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ စစ်ပွဲများ ရပ်တန့်ရန်နှင့် ဧရာဝတီမြစ်ဆုံကို ကာကွယ်ရန် သီပေါမြို့တွင် တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်


နောင် (မြစ်မခ)
ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ စစ်ပွဲများရပ်တန့်ရန်နှင့် ဧရာဝတီမြစ်ဆုံကို ကာကွယ်ရန် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် မတ် ၂၆ ရက်က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် သီပေါမြို့တော်ခန်းမမှ နံနက် ၁၀ နာရီက စတင်ကာ နေ့လည် ၁၂ နာရီအထိ အောင်သပြေပတ်လမ်းသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 “ရခိုင်ပြည်နယ်ရယ်၊ ရှမ်းပြည်နယ်ရယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ရယ်၊ မြစ်ဆုံကြီးကို ကာကွယ်ဖို့အတွက်ရယ်၊  အဲဒါတွေကို စစ်ပွဲတွေရပ်တန့်ပြီးတော့ ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ နောက်ထပ် လုပ်ဖို့ရှိပါသေးတယ်။’’ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုညီညီက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် အလံဖြူတော်လှန်းရေး-အမှတ်-၁’’ RCSS- SSPP-TNLA အဖွဲ့များကို ဆန့်ကျင်ခြင်း မဟုတ်၊ ရှမ်းပြည်လူထုကို ဒုက္ခပေးနေသည့် အဖွဲ့အစည်းများ အားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း ဖြစ်ကြောင်း သိရသည်။ 
 ဆန္ဒထုတ်ဖော်တာ တစ်ယောက်တည်းပါ။ တစ်ယောက်တည်းဆိုတော့ လုံခြုံရေးလေးယူပေးပြီး ပြီးတဲ့အထိ စောင့်ပြီးတော့ ပြန်လာကြပါတယ်။ ခွင့်ပြုမိန့်လည်း တင်ထားပါတယ်။ဟု သီပေါမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ရှမ်းပြည်လူထုကိုကာကွယ်ပါ။ မြောက်ဦးမြေကို ကာကွယ်ပါ၊ မြစ်ဆုံကို ကာကွယ်ပါ။ အစရှိသည့် စာတမ်းများပါသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။    

Journal Download

Photo of three cats