ကျိုင်းတုံတွင် အွန်လိုင်းစနစ်ဖြင့် ဧည့်စာရင်း ပေးပို့နိုင်ရန် နည်းပညာ သင်တန်းပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် အွန်လိုင်းစနစ်ဖြင့် ဧည့်စာရင်း ပေးပို့နိုင်ရန် နည်းပညာ သင်တန်းပေး



ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများမှ သက်ဆိုင်ရာဌာနများသို့ နေ့စဉ်စာ ရင်းဇယားပြုစု ပေးပို့နေရသည့် ဧည့်သည်စာရင်းအား အွန်လိုင်းစနစ်ဖြင့် ဆက်သွယ်ပေးပို့နိုင်ရန်အတွက် မတ် လ ၈ ရက်က ကျိုင်းတုံမြို့ရှိ Amazingဟိုတယ်၊ အစည်းအဝေးခန်းမတွင် နည်းပညာပေး သင်တန်း ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။
.
 .
ယင်းသင်တန်းအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ IT ပညာရှင် ဦးသာထက်မှ လာရောက်သင်ကြား ပို့ချပေးခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ တောင်ကြီး၊ ကလော၊ ညောင်ရွှေနှင့် တာချီလိတ်မြို့များ တွင်လည်း သင်တန်းများ ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့တွင် ဖွင့်လှစ်သည့် Guest List Online သင်တန်းနှင့် ပတ်သက်၍ ကျိုင်းတုံမြို့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံလင်းက ''ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ စာ ရွက်စာရင်းဇယား ပြုစုပြီး နေ့စဉ်ဌာနဆိုင်ရာတွေကို တစ်နေရာပြီးတစ် နေရာ လိုက်ပို့ပေးနေရတဲ့ လုပ်ငန်း စဉ်တွေကို လျှော့ချပေးမယ့် အစီ အစဉ် ဖြစ်ပါတယ်။ တိုးတက်ခေတ် မီတဲ့ စနစ်ကို သွားတဲ့နေရာမှာ နိုင် ငံတကာနဲ့ ရင်ဘောင်တန်းနိုင်စေဖို့ အတွက် e-Government System ထဲမှာ အခုသင်တန်းကနေ ဆောင် ရွက်သွားမယ့် Online ဧည့်စာရင်း စနစ် အောင်မြင်ရင် ဟိုတယ်၊ မိုတယ် လုပ်ငန်းရှင်တွေ အတွက်လည်း အဆင်ပြေသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
''နေ့စဉ် ဧည့်စာရင်း ပေးပို့နိုင် ဖို့အတွက် ကျိုင်းတုံမှာနေတဲ့ လုပ် ငန်းရှင်တွေ စုပေါင်းပြီး သီးသန့်လူတစ်ယောက်ကို အကူအညီတောင်း ထားရပါတယ်။ သူ့အတွက် ဆိုင် ကယ်ဆီဖိုးနဲ့ မုန့်ဖိုး ထောက်ပံ့ပေး ထားပြီး နေပူပူ၊ မိုးရွာရွာ တာဝန်ယူ လုပ်ပေးနေသူရှိလို့ ကျေးဇူးတင်နေ ရပါတယ်။ အွန်လိုင်းစနစ် အောင် မြင်ပါစေလို့ ဆုတောင်းပါတယ်'' ဟု အဆိုပါ သင်တန်းသို့ တက်ရောက် လာသူ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကလည်း ၎င်း၏ အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့တွင် ဟိုတယ်၊ မိုတယ် ၁၈ ခုရှိပြီး နေ့စဉ်ဧည့်စာရင်း ပေးပို့နေရသည့် ဌာန ၁၇ ခုရှိကာ ယင်းဧည့်စာရင်းအား လက်ခံသည့် ဌာနများ ဖြစ်သော တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လဝကနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ ဧည့်စာရင်း လက်ခံသူများကိုလည်း ယင်းနေ့ ညနေပိုင်းတွင် Guest List Online စနစ်နှင့် ပတ်သက်၍ သင်တန်းထပ်မံ ပို့ချပေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats