ပြည်ထောင်စုသားများ အားလုံး အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ထောင်စုသားများ အားလုံး အခွင့်အရေး ပြည့်ပြည့်ဝဝ ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား



ကမ္ဘောဇတိုင်း
.
နှစ် (၇ဝ) ပြည့် ပအိုဝ်းအမျိုးသား နေ့ (အကြို) အခမ်းအနားကို မတ်လ ၁၃ ရက် ညပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ထူ ထောင်ရန် ကြိုးစားနေသည့်အ ချိန်တွင် ပြည်ထောင်စုသားများအားလုံး အခွင့်အရေး ပြည့်ပြည့်ဝဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
.
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက၊ နေပြည်တော် ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ၊ ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပအိုဝ်းတိုင်းရင်းသား ညီအစ်ကိုမောင် နှမများအနေဖြင့် သူရိယစန္ဒာ မင်းကြီးကို စံနမူနာထားရမည့် မင်းတစ်ပါးအနေဖြင့် မြင်ခြင်းသည် မိမိ တို့ပြည်ထောင်စုအတွက် အင်မတန်မှကောင်းသည့် အစဉ်အလာ ဖြစ်ပါကြောင်း၊ စည်းလုံးမှ အင်အားဖြစ် နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ပြည်ထောင်စုဖြစ်ပြီး စုပေါင်းပြီး ထူထောင်ထားသည့် တိုင်းပြည်ကြီးဟု အဓိပ္ပါယ်ရပါကြောင်း၊ စုပေါင်းပြီး ထူထောင်ထားသည့် တိုင်းပြည်သည် ညီညွတ်မှုကို အခြေခံပါကြောင်း၊ ညီ ညွတ်မှု၏ အရင်းခံမှာ မေတ္တာနှင့် သစ္စာဖြစ်ပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး မေတ္တာထားနိုင်မှ တစ်ဦးအ ပေါ်တစ်ဦး သစ္စာစောင့်နိုင်မှသာ ညီညွတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်ထောင်စုကို သစ္စာတရားနှင့် မေတ္တာတရားကို အခြေခံပြီး ထူထောင်ရမည့် နိုင်ငံကြီးဟု အဓိပ္ပါယ် ပေါက်ပါကြောင်း၊ တိုင်းရင်းသားများနှင့် အားလုံးအတူတူ စုပေါင်းပြီး တွေ့ဆုံရသည့်အခါတွင် ထိုစိတ်မျိုး ရှင်သန်နေသည်ကို သိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိတို့နိုင်ငံသည် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစာရင်းထဲတွင် မပါသေးပါကြောင်း၊ သို့သော်လည်း မလျှော့သော ဇွဲလုံ့လဖြင့် မိမိတို့၏ နိုင်ငံသူနိုင်ငံသားများ အားလုံး စိတ်၏လုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်းရှိနိုင်မည့် ပြည်ထောင်စုကြီးကို ထူထောင်ရန် ကြိုးပမ်းနေပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မိမိတို့၏တိုင်း ရင်းသားညီအစ်ကို မောင်နှမများ အားလုံး ပါဝင်လာကြမည်ဟု မျှော် လင့်ယုံကြည်ပါကြောင်း၊ ပအိုဝ်း တိုင်းရင်းသားများသည်မိမိတို့၏ ပြည်ထောင်စုကြီး အခက်အခဲတွေ့ ကြုံချိန်တွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် အစဉ်အလာရှိပါကြောင်း၊ ယင်းအစဉ်အလာကို မိမိတို့ မေ့ပျောက်မည်မဟုတ်ပါကြောင်း၊ အခက်အခဲတွေ့ဆုံချိန်တွင် မိမိတို့ဘက်က ရပ်တည်ပေးခဲ့သည့် မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများသည် အမှန်တကယ် စစ်မှန်သည့် သွေးရင်းသားရင်းများ ဖြစ်ပါကြောင်း၊ စိတ်တူသဘောတူဖြင့် သစ္စာမေတ္တာကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားသူများသည် မိမိတို့၏ သွေးရင်းသားရင်းများပင်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အခက်အခဲဖြစ်နေချိန် လွတ်လပ်ရေးရခါစကာလ၊ အမျိုးမျိုးသော စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရချိန်များတွင် ပအိုဝ်းတိုင်း ရင်းသားများသည် မိမိတို့နှင့်အတူ လက်တွဲပြီး နိုင်ငံတော်ကို ကာကွယ် ပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင်လည်း အကြောင်းကြောင်းကြောင့် စိတ်ဝမ်းကွဲမှုရှိသော်လည်း ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့နှင့်အတူတူ ငြိမ်းချမ်းရေးလမ်းကို အတူလျှောက်နေသည်ကိုတွေ့ရပါကြောင်း၊ အားလုံး တစ်ညီတညွတ်တည်း ညီညီညာညာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ရပ်တည်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာ၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအင်အား ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်နေ့များ၊ နေ့ကြီးရက်ကြီးများ တွင် အတူတူစုရုံး နိုင်ခြင်းသည် အရေးကြီးရင် သွေးစည်းမည်ဆိုသည့် အဓိပ္ပါယ်ပေါက်ပါကြောင်း၊ အားလုံး အတူတူရုန်းမှ အတူတူအောင်မြင်မည်၊ အတူတူအောင်မြင်မှအတူတူ ဖွံ့ဖြိုးမည်၊ အတူတူဖွံ့ဖြိုးမှအတူတူ တိုးတက်နိုင်မည်ဆိုသည့် စိတ်ဓာတ်မျိုးမွေးမြူကြရန်အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး အဖြစ် တည်ထောင်ရန် ကြိုးစားနေပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသည် ပြည်သူလူထုကို အ ခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ စွမ်းအားများ၊ စိတ်နေစိတ်ထားများသည် အဓိကဖြစ်ပါကြောင်း၊ ပြည်သူများ၏ အစွမ်းအစ၊ သတ္တိနှင့် မှန်ကန်မှုသည် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အ ဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ယင်း အဓိကလိုအပ်ချက်ကို ရယူနိုင် ရန်အတွက်၊ ဖြည့်ဆည်းပေးနိုင်ရန် အတွက် အားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်ပါက မုချမသွေ အောင်မြင်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုအဖြစ် ထူထောင်ရန် ကြိုးစားသည့် အခါတွင် ပြည်ထောင်စုသားများအားလုံး ပြည့် ပြည့်ဝဝ အခွင့်အရေးများရရန် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့်အတူတာဝန်၊ ဝတ္တ ရားများ ပါလာသည်ကို မမေ့သင့် ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသား များသည် ပြည်ထောင်စုအပေါ်တွင် တာဝန်သိပါကြောင်း၊ ပြည်ထောင် စုကြီးခိုင်မာရန်အတွက် ပါဝင်လုပ် ဆောင်ပေးကြမည်ဟု ယုံကြည်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
.
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင်များ၊ ပအိုဝ်းအကြီးအကဲများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
.
၂ဝ၁၉ ခုနှစ်၊ မတ်လအတွင်း ကျရောက်သည့် ပအိုဝ်းအမျိုးသား နေ့ကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ နေရာဒေသ အသီးသီးတွင် ပျံ့နှံ့စွာနေထိုင်ကြ သော ပအိုဝ်းတိုင်းရင်းသားများ ဆုံ ဆည်းခွင့်ရရှိစေရန်၊ မိမိတို့တိုင်း ရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ စာပေနှင့်သမိုင်း အမွေအနှစ်များကိုဖော်ထုတ်မြှင့် တင်ပြီး တိုင်းရင်းသားများ အချင်း ချင်း စည်းလုံးညီညွတ်မှုရရှိစေရန်၊ ပအိုဝ်းတိုင်းရင်းသားများသည် အ ခြားညီနောင်တိုင်းရင်းသားများနှင့် အတူ စည်းလုံးညီညွတ်မှုဖြင့်ရေရှည် တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကို ဦးတည်စေရန် စသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်၊ တောင် ကြီးမြို့ရှိ ပအိုဝ်းအမျိုးသား ဘက်စုံ ဖွံ့ဖြိုးရေးကွင်းတွင်လည်း နှစ် (၇ဝ) ပြည့် ပအိုဝ်း အမျိုးသားနေ့အခမ်းအ နားကို မတ်လ ၁၆ ရက်မှ ၂ဝ ရက် အထိ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအ ခမ်းအနားတွင် လူမျိုး မပျောက်ကွယ် စေရန်အတွက် ပအိုဝ်းအမျိုးသားနေ့ ကို နှစ်စဉ် လုပ်ဆောင်ရန်အတွက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကိုက ပြောကြားခဲ့သည်။
.
ပအိုဝ်းတိုင်းရင်းသားတို့သည် သူရိယစန္ဒာမင်းကြီးအား ချစ်ခင် လေးစား ဂုဏ်ပြုထိုက်သော မင်း တစ်ပါးအဖြစ် စံထားကာ မင်းကြီး၏ မွေးနေ့ ဖြစ်သည့် တပေါင်းလပြည့်နေ့ ကို ''ပအိုဝ်းအမျိုးသားနေ့''ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
.

Journal Download

Photo of three cats