ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက် လည်ပတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 1, 2019

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက် လည်ပတ်


မိုင်းမော (တြိဂံနယ်မြေ)
.
ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည် ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအ ပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်း အပျော်စီး သင်္ဘောများဖြင့်လည်းကောင်း လာ ရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
.
.
ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာနမှ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်နေ သော  Diethelm Travel ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်း၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျာမနီနိုင်ငံသားများ ပါဝင်သော ခရီးသွားဧည့်သည် စုစုပေါင်း ၁ဝ ဦးတို့သည် ဖေဖော်ဝါရီလ ၇ ရက်တွင် မြဝတီနယ် စပ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ကုမ္ပဏီမှဧည့်လမ်းညွှန် ဦးစိုင်းသီဟစိုးလိုက်ပါလျက် မြဝတီ-မော်လမြိုင်-ကျိုက်ထို- ပဲခူး-ပြည်-မန္တလေး-အင်းလေး -နမ့် စန်-ကျိုင်းတုံ-တာချီလိတ်လမ်း ကြောင်းအတိုင်း လာရောက်လည် ပတ်ခဲ့ပြီး တာချီလိတ်နယ်စပ်ဝင် ထွက်ပေါက်မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
.
''၁ လကို ၄ ခေါက်၊ ၅ ခေါက် လောက်တော့ ကိုယ်ပိုင်မော်တော် ယာဉ်၊ ကိုယ်ပိုင်ဆိုင်ကယ်တွေနဲ့ ဝင် ရောက်တာတွေရှိပါတယ်။ ဖေဖော် ဝါရီ ၂ဝ ရက်မှာ မြဝတီကနေ ဝင်လာ ပြီး တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တစ်ဖွဲ့ ထွက်သွားသလို ၂၁ ရက်မှာ လည်း မလေးရှားနိုင်ငံသား ၂၉ ဦး ပါဝင်တဲ့ အဖွဲ့က ကိုယ်ပိုင်မော် တော်ယာဉ် ၂၄ စီးနဲ့ မြဝတီ-တာ ချီလိတ် ခရီးစဉ် ထိုင်းနိုင်ငံကို ပြန် လည် ထွက်ခွာခွင့် အကြောင်းကြား ပြီးပါပြီ''ဟု လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ၊ တာချီလိတ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
ပွင့်လင်းရာသီကာလဖြစ်သည် နှင့်အညီ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက် မှုများကြောင့် ကမ္ဘာလှည့်ခရီးသွား အများအပြား မြန်မာနိုင်ငံ၏ ထင်ရှား သောဒေသများသို့ စဉ်ဆက်မပြတ် လာရောက် လည်ပတ်လျက်ရှိ ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Recent Tube