သီပေါမြို့နယ်တွင် ရွာသားတစ်ဦး မိုင်းထိမှန်ကာ လားရှိုးပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်တွင် ရွာသားတစ်ဦး မိုင်းထိမှန်ကာ လားရှိုးပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရ


နောင် (မြစ်မခ)
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆော့ကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာတွင် မတ် ၁၀ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦး မိုင်းထိမှန်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသမှု ခံယူနေရကြောင်း သီပေါမြို့မ ရဲစခန်းမှ သိရှိရသည်။
သီပေါမြို့နယ် ကုန်းဆော့ကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာမှ ရွာသားတစ်ဦးသည် တောင်ယာသွား ထင်ခုတ်ရာမှ မိုင်းပေါက်ကွဲကာ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
သီပေါ ဆေးရုံကနေ နေ့လယ် တစ်နာရီခွဲလောက်မှာ လားရှိုးဆေးရုံကို ပို့ဆောင်ပေးကြပါတယ်။’’ဟု  သီပေါမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 


အဆိုပါ ပန်ဟိုက်ရွာမှ ဦးစိုင်းသန်း(၄၇)နှစ် ညာဘက်ခြေထောက်၊ ညာပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ရာ သီပေါ ဆေးရုံမှ လားရှိုးဆေးရုံကြီးသို့ မတ်လ ၁၀ ရက် မွန်းလွဲ ၁း၀၀ နာရီကျော်ခန့်တွင် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ပန်ဟိုက်ရွာကနေ အနောက်ဘက် တစ်မိုင်လောက်ဝေးတဲ့ တောင်ယာသွားပြီး ထင်းခုတ်တာ မိုင်းထိလာတာ လို့ သိရတာပါ။ သီပေါဆေးရုံကနေ လားရှိုးဆေးရုံကို ပို့ပေးခဲ့တာပါ။’’ဟု လူနားအား သွားရောက် ခေါ်ဆောင် လာသူ နယ်စည်းမခြားပရဟိတအသင်း (သီပေါ)မှ ကိုမျိုးက ပြောသည်။
ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ၌လည်း မတ် ၉ ရက် နေ့ခင်းပိုင်းအချိန်က လက်နက်ကိုင်တစ်ဖွဲ့၏ ဝင်ရောက် ပစ်ခတ်မှုကြောင့် ဈေးဝယ်ထွက်သူ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်က ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းနှင့် မတ်လ ၁၀ ရက်တွင်လည်း မည်သည့်အဖွဲ့မှ ထောင်ထားသည် မသိသော မိုင်းပေါက်ကွဲကာ အပြစ်မဲ့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

Journal Download

Photo of three cats