ရပ်စောက်မြို့နယ်ထွက် စိန်တစ်လုံးသရက်သီးများ ဝယ်ယူရန် ဂျပန်မှ လာရောက်လေ့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 4, 2019

ရပ်စောက်မြို့နယ်ထွက် စိန်တစ်လုံးသရက်သီးများ ဝယ်ယူရန် ဂျပန်မှ လာရောက်လေ့လာ


ထမံသီ
.
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် စိုက်ပျိုးထားသော စိန်တလုံးသရက်သီးများ ဝယ်ယူရန်အတွက် ဂျပန်နိုင်ငံ BATA LOGICTIC ကုမ္ပဏီလီမိတက်၏  မန်နေဂျင်းဒါရိုက်တာ SOUHEI WATA သည် ဖေဖေါ်ဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ရပ်စောက်မြို့နယ်အတွင်းရှိ သရက်စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများနှင့် လာရောက် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
“ရပ်စောက်မြို့နယ်က သရက်တောင်သူတွေရဲ့ စီမံခန့်ခွဲမှု၊ အသုံးပြုတဲ့ နည်းပညာ၊ နည်းစနစ်တွေကို ကိုယ်တိုင်လာရောက်လေ့လာပြီးမှ ဝယ်ယူဖို့ဆွေးနွေးတာပါ။ ကျွန်တော်တို့ဆီက တောင်သူတွေ ခြံကိုစီမံခန့်ခွဲတာ ပါကစ္စတန်နိုင်ငံ တောင်သူတွေထက် ပိုကောင်းတယ်လို့ မစ္စတာဆိုဟိဝါတက အသိအမှတ်ပြုသွားတယ်။ ဒေသတွင်း စိန်တစ်လုံးသရက်သီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်တဲ့ ဇွန်လမှာ တစ်ခေါက်ပြန်လာပြီး ဒီကအသီးတွေရဲ့ အရည်အသွေး အရသာ၊  အသွင်သဏ္ဍာန်တွေကို လာစမ်းသပ်မယ်။ ပြီးရင် အမေရိကန်၊ တရုတ်ပြည်တွင်း ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ ပီကင်းအထိ ဝယ်ယူတင်ပို့သွားဖို့ ဆွေးနွေးသွားတာပါ ဟု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြို့နယ် သရက်သီးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဥက္ကဌ ဦးမြင့်ဦးမှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လက်ရှိ ရပ်စောက်မြို့နယ် သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အစိုးရအသိအမှတ်ပြု အကောင်း ဆုံး သီးနှံစိုက်ပျိုးထုတ်လုပ်မှု အသိအမှတ်ပြုလက်မှတ် GAP များရရှိထားပြီးဖြစ်ကာ ဆက်လက်၍ ကမ္ဘာ့အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ကွန်ထရိုးယူနီယံ Control Union မှ ထုတ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု လက်မှတ် Globel GAP လက်မှတ်ရရှိရန်နှင့် အဆင့်မြင့် သီးနှံထုတ်လုပ်ခြင်း ကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် သီးနှံထုပ်ပိုးခြင်းနည်းပညာ Packinghouse စက်ရုံတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
.
“ဂျပန်အ၀ယ်တော်ကလည်း ပြည်ပဈေးကွက်မှာ သာမန်အားဖြင့် သရက်သီး 1 Kg အမေရိကန် ၃ ဒေါ်လာ ရတယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရပြီးရင် 1Kg ကို ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာရတယ်လို့ ပြောသွားတယ်။ လက်ရှိကျွန်တော်တို့ သရက်စိုက်တောင်သူပေါင်း ၃၀ က ဒီလက်မှတ်ရဖို့ စုစည်းကြိုးစားနေတယ် ဟု ဦးမြင့်ဦးမှ ဆက်လက်ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိန်တစ်လုံးသရက်ကို တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်းတယမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ရပ်စောက်မြို့နယ်၌ သရက်သီးစိုက်ဧက တစ်သောင်းကျော်ရှိကာ၊ အသင်းသားဦးရေ ၂၄၀ ခန့်ရှိပြီး အသီးပေါ်ချိန်၌ တရုတ်ပြည်နယ်စပ် မူဆယ်၊ ကျယ်ဂေါင်နှင့် ပြည်တွင်းဈေးကွက် များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment