တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ သံလွင်လမ်းတွင် ယာဉ်များ စည်းကမ်းမဲ့ ရပ်နားမှုကြောင့် အများပြည်သူ သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ သံလွင်လမ်းတွင် ယာဉ်များ စည်းကမ်းမဲ့ ရပ်နားမှုကြောင့် အများပြည်သူ သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက်၊ သံလွင်လမ်း အတွင်း ယာဉ်များ စည်းကမ်းမဲ့ရပ် နားခြင်းနှင့် ကားလက်မှတ်အရောင်း ဌာနများမှ ကုန်တင်ကုန်ချ ပြုလုပ် ခြင်း၊ ခရီးသည် အတင်အချ ပြုလုပ် ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည် သူများ သွားလာရေး အခက်အခဲ ဖြစ် ပေါ်လျက်ရှိကြောင်း သိရသည်။
.
 .
''မြို့မဈေးမှာ ဈေးလာရောင်းတဲ့ ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ကားကို ဒီလမ်းထဲမှာ ထားခဲ့ကြတယ်။ နောကပြီး ဒီလမ်းထဲမှာ ကားဂိတ်တွေလည်း ရှိတယ်။ အဲဒီ ကားဂိတ်တွေက မ နက်ခင်းကနေ နေ့လယ် ၂ နာရီ လောက်အထိ ကားထွက်ဖို့ ပြင်ဆင် ကြတယ်။ ကုန်တွေအတင်/အချ ပြု လုပ်ကြတယ်။ ယာဉ်ကို အမြဲတမ်းရပ် ထားတာတွေ ရှိတယ်။ အဲတော့ ဒီ လမ်းကအမြဲတမ်း ယာဉ်ပြည့်၊ ယာဉ် ပိတ် ဖြစ်နေတတ်တယ်။ ကား ၂ စီး လာရပ်ထားရင် နောက်တစ်စီးက ဘယ်လိုမှ သွားလို့မရတော့ဘူး။ သူ တို့စီးပွားရေးကို ထိခိုက်စေချင်လို့ ပြောတာ မဟုတ်ပေမယ့် ယာဉ် ရပ် နားတာကို စနစ်တကျပြုလုပ်ပေးသင့် ပါတယ်'' ဟု အဆိုပါ လမ်းအတွင်း ဈေးဆိုင်ခန်း ဖွင့်လှစ်ထားသူ တောင် ကြီးဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
သံလွင်လမ်းသည် တစ်လမ်း မောင်း စနစ်ဖြစ်ပြီး လမ်းအတွင်းရှိ ကားလက်မှတ် အရောင်းဌာနများ မှ ယာဉ်များ ယာဉ်ရပ်နားထားခြင်း၊ ကုန်တင်/ကုန်ချ ပြုလုပ်ခြင်း၊ အခြား ယာဉ်များ လာရောက်ရပ်နားထား ခြင်းတို့ကြောင့် ယာဉ်ကြော ပိတ်ဆို့ မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စနစ်တကျ အရေးယူနိုင်ရန် ဒေသ ခံ ပြည်သူများက လိုလားလျက်ရှိ ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ အမှတ်(၁၈) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း/တောင်) မှ ရဲမှူး မျိုးဇော်အောင်ထံသို့  ကမ္ဘော ဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ''ဆိုင်ကယ် လှည့်ကင်းတွေကတော့ သူတို့သွားတဲ့အချိန်မှာ တွေ့ရင်ဖမ်း ဆီး အရေးယူနေတာရှိပါတယ်။ ပြည် သူလူထုက တိုင်ကြားလာတာရှိရင် လည်း အရေးယူပေးနေတာတွေ ရှိ ပါတယ်။ အဲဒီကားဂိတ်တွေ ရွှေ့တာ၊ ချတာကတော့ ကျွန်တော်တို့ယာဉ် ထိန်း ရဲတပ်ဖွဲ့အနေနဲ့ လုပ်လို့မရဘူး။ အစိုးရအဖွဲ့ရဲ့ ကြပ်မတ်မှုနဲ့ သက် ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဌာနတွေ ပေါင်းပြီး လုပ်မှရမှာပါ'' ဟု ပြန် လည် ဖြေကြားခဲ့သည်။
.
တစ်ခါတစ်ရံတွင် အဆိုပါလမ်း အတွင်း နေထိုင်သော ဒေသခံများ သည် ကားလက်မှတ် အရောင်းဌာန များမှယာဉ်များ ကုန်တင်ကုန်ချ ပြီးစီး သည်အထိ စောင့်ဆိုင်းရမှုများလည်း ရှိနေပြီး ခမ်းလီရွှေဆိုင်ရှေ့တွင်လည်း ယာဉ်မဝင်ရ ဆိုင်းဘုတ်အား စနစ်တ ကျ ထင်ရှားအောင် ပြုလုပ်ထားပေး ခြင်း မရှိသောကြောင့် လမ်းပြောင်းပြန် ဝင်ရောက်မှုများရှိတတ်ပြီး ယာဉ် ကြော ပိတ်ဆို့မှုများ ဖြစ်ပွားတတ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats