တောင်ကြီးမြို့မဈေးမှ တစ်လလျှင် ဆိုင်ခန်း အခွန်ငွေ ၇၄ သိန်းကျော် ရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 7, 2019

တောင်ကြီးမြို့မဈေးမှ တစ်လလျှင် ဆိုင်ခန်း အခွန်ငွေ ၇၄ သိန်းကျော် ရရှိ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေးမှ ဈေးဆိုင် ခန်းများအား လစဉ်ဆိုင်ခန်းခွန် ကောက်ခံလျက်ရှိရာ တစ်လလျှင် ငွေကျပ် ၇၄ သိန်းကျော် ရရှိနေကြောင်း မြို့မဈေးတာဝန်ခံထံမှ သိရသည်။
.
.
''ကျွန်တော်တို့ တောင်ကြီးမြို့ မဈေးကနေ တစ်လကို ဆိုင်ခွန် ၇၄ သိန်းကျော် ရရှိပါတယ်။ တစ်နှစ် ဆိုရင်တော့ သိန်းပေါင်း ၈၉ဝ ကျော်ရှိ ပါတယ်။ ဆိုင်ခွန်ကတစ်လကို အ နည်းဆုံး ၂ဝဝဝ ကျပ်ကနေ အများ ဆုံး ၇ဝဝဝ ကျပ်အထိကောက်ခံတာ ပါ။ ဆိုင်ခွန်တွေကတော့ တိုးကောက် သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ တစ်လကို ၇ဝဝဝ ပေးရတဲ့ ဆိုင်ခန်းတွေကို ၁ဝဝဝဝ လောက်သွားကောက်ရင် ဝေဖန်သံတွေ ထွက်လာမှာပါ။ တကယ်တမ်း သူတို့တစ်ဆင့်ပြန်ငှားစားရင် ၂ သိန်းကနေ ၅ သိန်းအထိ ရပါ တယ်''ဟု မြို့မဈေးတာဝန်ခံ ဦးခင် အေးက ပြောသည်။
.
မြို့မဈေးမှ တစ်လလျှင် ဆိုင်ခွန် ၇၄၈၅၅ဝဝ ကျပ် ကောက်ခံရရှိပြီး တစ် နှစ်လျှင် ၈၉၈၂၆ဝဝဝ ကျပ်ရ ရှိကာ ဆိုင်ခန်းတစ်ခန်းလျှင် အနည်းဆုံးကျပ် ၂ဝဝဝ မှ အများဆုံး ကျပ် ၈ဝဝဝ အထိသာ ကောက်ခံ လျက်ရှိကြောင်းနှင့် ဆိုင်ခွန်များ တိုးမြှင့်ကောက်ခံရန်အတွက် ဒေသခံ ပြည်သူများမှ အကြံပြုပြောဆိုလျက် ရှိကြောင်း သိရသည်။
.
''ဆိုင်ခွန်တွေ လက်ရှိကောက် ခံနေတဲ့ ဈေးနှုန်းက နည်းတယ်။ ဒါ ကြောင့် ပိုမိုတိုးမြှင့်ကောက်ခံသင့် တယ်။ ဈေးသူ/ဈေးသားတွေက တော့ လက်ခံကြမှာမဟုတ်ဘူး။ ပြည် သူတစ်ယောက်အနေနဲ့ပြောတာပါ။ စဝ်စံထွန်းဈေးကို အဆင့်မြှင့်မယ် လို့ ကြားနေရတယ်။ စဝ်စံထွန်းဈေး ထက် ဒီမြို့မဈေးကို အဆင့်မြှင့်သင့် တယ်လို့ထင်ပါတယ်။ ကျူးကျော် ဈေးသည်တွေရဲ့ ပြဿနာလည်း မ ရှင်းရသေးဘူး''ဟု တောင်ကြီးမြို့နေ ဒေသခံပြည်သူတစ်ဦးက ၎င်း၏အ မြင်ကို ကမ္ဘောဇတိုင်းသို့ပြောကြား ခဲ့သည်။
.
တောင်ကြီးမြို့မဈေးအတွင်း ဈေးရုံပေါင်း ၁၉ ရုံနှင့် ဆိုင်ခန်းပေါင်း ၁၉ဝဝ ကျော်ရှိပြီးကျူးကျော်ဈေး သည်များလည်း များစွာရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube