ကျောက်မဲမြို့နယ်တွင် လက်နက်ကိုင်များမှ နေအိမ်တွင်း ဝင်ရောက် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 11, 2019

ကျောက်မဲမြို့နယ်တွင် လက်နက်ကိုင်များမှ နေအိမ်တွင်း ဝင်ရောက် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် မတ်လ ၁၀ ရက် ၈ နာရီခန့်က လက်နက်ကိုင် ၃ ဦးမှ နေအိမ်တွင်း ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ၊ ရပ်ကွက်(၁)ရှိ သန်းဇော်ထွေး (ခ)အိုက်ပီး နေထိုင်သည့် နေအိမ်သို့ မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရှမ်းဘောင်းဘီ ၀တ်ဆင်ထားသည့် အမျိုးသား ၃ ဦး ရောက်လာပြီး သန်းဇော်ထွေး(ခ) အိုက်ပီးအား သေနတ်ဖြင့် ပစ်တ်ခဲ့ခြင်းကြောင့် ညာဘက်ရင်အုံ၊ ၀မ်းဗိုက်နှင့် ရင်ညွှန့်တို့တွင် သေနတ်ကျည် ဖောက်ထွက်ဒဏ်ရာများ ရရှိကာ တိုက်နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ တရားမ၀င် ကျွဲနွားရောင်းဝယ်ရေး လုပ်ကိုင်ခဲ့သူ ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့ လုပ်ကိုင်စဉ် လက်နက်ကိုင် အဖွဲ့အစည်းများအား ဆက်ကြေးငွေ ပေးဆောင်ခြင်း မရှိသဖြင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သုံးသပ် ပြောကြားသည်။
.
အဆိုပါ သေဆုံးသူ သန်းဇော်ထွေး(ခ) အိုက်ပီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube