ရှမ်းပြည်နယ်ကွင်းတွင် မေလမှစ၍ ဘောလုံးပွဲများ ပြန်လည် ကျင်းပနိုင်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 5, 2019

ရှမ်းပြည်နယ်ကွင်းတွင် မေလမှစ၍ ဘောလုံးပွဲများ ပြန်လည် ကျင်းပနိုင်မည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့ရှိ ပြုပြင်ဆဲဖြစ်သော ပြည်နယ် အားကစားကွင်းအတွင်း ယခုနှစ်၊ မေ လမှစတင်၍ ဘောလုံးပြိုင်ပွဲများ ပြန် လည်ကျင်းပနိုင်မည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူးရုံးမှ သိရသည်။
.
.
အဆိုပါ ပြည်နယ်အားကစားကွင်းကို ရှမ်းပြည်နယ် အစိုးရ၏ ထောက်ပံ့ငွေ ကျပ်သိန်း ၅ဝဝ ကျော် ဖြင့် ပြန်လည်ပြုပြင်မှုများ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
''ပြုပြင်တဲ့ လုပ်ငန်းက မတ်လ ၃၁ ရက်နေ့မှာ မြက်ကပ်ပြီး ခန့် မှန်းထားတယ်။ မြက်ကပ်ပြီးရင်မြက် က မြေကြီးကိုစွဲအောင် ၁ လခွဲစောင့် ရမယ်။ မေလလောက်မှာ စတင်ပြီး တော့ ကစားလို့ရမှာ ဖြစ်ပါတယ်။ မြက်က မစွဲသေးရင် ကစားလို့ မရပါဘူး။ အားကစားကွင်းက ပြည်နယ် ကွင်းကြီးဖြစ်နေတော့ ပြည်နယ်ကွင်း ရဲ့ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်ရှိတဲ့ အားက စားကွင်းဖြစ်အောင် ဆက်ပြီးတော့ ထိန်းသိမ်းသွားမယ်။ နောက်ပိုင်းမှာ ပြိုင်ပွဲပုံစံ ကစားတာမျိုးတွေကို ပို ပြီးတော့ ခွင့်ပြုသွားမယ်။ ကွင်းကို လည်း တတ်နိုင်သလောက် ထပ်ပြီး တော့ ပြုပြင်ထိန်းသိမ်းသွားမှာပါ'' ဟု ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်ကျော်သိန်းက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
အားကစားကွင်း ပြုပြင်မှုလုပ်ငန်း များမှာ လက်ရှိတွင် ၄ဝ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်ကာ ပြုပြင်မှုလုပ် ငန်းများ ပြီးစီးပါက ကစားသမားများ အနေဖြင့် ကွင်းအတွင်း ကောင်းမွန်စွာ စတင် ကစားနိုင်မည်ဖြစ်ကြောင်း သိ ရသည်။
.
ယင်းကဲ့သို့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် အတွက် အားကစားကွင်းကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ မတ်လ ၃၁ ရက်အထိ အားကစားကွင်းကို ယာယီပိတ်ထားကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် ပြည်သူများ အတွက် အားကစားကွင်း တစ်ခုတည်း သာရှိပြီး ကစားသမား များပြားသည့် အတွက် ဘောလုံးကစားကွင်း ထပ်မံ ဖော်ထုတ်သွားရန် ရှိကြောင်းလည်း သိရသည်။
.

No comments:

Post a Comment