ကျိုင်းတုံမြို့နယ်ရှိ တိုက်နယ်ဆေးရုံများတွင် တာဝန်ခံဆရာဝန်များ လစ်လပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 21, 2019

ကျိုင်းတုံမြို့နယ်ရှိ တိုက်နယ်ဆေးရုံများတွင် တာဝန်ခံဆရာဝန်များ လစ်လပ်နေ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် တာဝန်ခံဆရာဝန်များ လစ် လပ်နေလျက်ရှိကြောင်း သိရသည်။
.
 .
ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းခွန်၊ လွယ်မွေနှင့် မိုင်းကိုင်ရွာများတွင် တိုက်နယ်ဆေးရုံအဆင့် တည်ဆောက်၍ အခြားအဆင့်ဝန်ထမ်းများ ခန့်ထားပြီးဖြစ်သော်လည်း တာဝန်ခံ ဆရာဝန်များ ခန့်အပ်ပေးနိုင်ရေးအတွက် သက် ဆိုင်ရာဌာနများသို့ တင်ပြထားဆဲဖြစ် သည်ဟု ကျိုင်းတုံမြို့နယ်အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ကြီး ဒေါက်တာဥာဏ်မြင့်ထံမှ သိရ သည်။
.
''တိုင်းရင်းသားဒေသ နယ်မြေတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ တစ်ဦးချင်း အသိစိတ်ဓါတ် ခံယူချက်နဲ့လည်း ဆိုင်သလို ဒေသခံတွေရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ပေးနိုင်ဖို့ကလည်း လိုအပ်ပါတယ်။ ကိုယ့်ဒေသမှာ တာဝန်ကျလာတဲ့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေကြားမှာ မိသားစုဆက်ဆံရေးလို နွေးထွေး ရင်းနှီးမှုရှိမယ်ဆိုရင် ဝန်ထမ်းတွေလည်း သံယောဇဉ်ရှိပြီး ပျော်သွားမှာပါ''ဟု ကျိုင်းတုံခရိုင် စီမံခန့် ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထို့အတူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီကလည်း ''ကျွန်မငယ်စဉ်က တာဝန်ကျခဲ့ဖူးတဲ့ရွာဆိုရင် တော ထဲတောင်ထဲမှာ ဖြစ်နေလို့ ကျောင်း ဆရာမ အလုပ်ကနေ ထွက်ဖို့အထိ စဉ်းစားဖူးပါတယ်။ ကျောင်းလာတက်ကြတဲ့ ကလေးတွေနဲ့ ရွာသားတွေရဲ့ စေတနာ၊ မေတ္တာနဲ့ ရိုသေလေးစား တတ်တဲ့ စိတ်ရင်းဖြူစင်မှုကြောင့် မိသားစုလို သံယောဇဉ်ဖြစ်ပြီး လုပ်သက် ဆယ်စုနှစ်ကျော်တဲ့အထိ အဲဒီရွာမှာ ပဲ မြဲနေခဲ့ပြီး ရာထူးတိုးတာဝန်အရ ပြောင်းရွှေ့ရတော့ မျက်ရည်ကျပြီး ငိုခဲ့ရပါတယ်''ဟု ၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်ကျေး ရွာအုပ်စု၊ မိုင်းကိုင်ကျေးရွာသည် ကျိုင်းတုံမြို့မှ ခရီးမိုင် ၆ဝ ခန့် ကွာဝေးပြီး ပွင့်လင်းရာသီအချိန်များတွင် သွားလာရန် လမ်းရှိသော်လည်း မိုး ရာသီအချိန်တွင် သွားလာမှုခက်ခဲ ကြမ်းတမ်းပြီး တိုက်နယ်ဆေးရုံတွင် အခြားအဆင့်ဝန်ထမ်း ခန့်ထားပေး သော်လည်း ဆရာဝန် မရှိသဖြင့် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
ကျိုင်းတုံမြို့ရှိ ကုတင် ၂ဝဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်ရန် အတွက် လက်ထောက် ဆရာဝန် ၂ဝ ဦး အား မတ်လတွင် ပြောင်းရွှေ့မိန့်ဖြင့် တာဝန်ချထား ပေးခဲ့ပြီးဖြစ်၍ ယင်း ဆရာဝန်များအား နေရေးထိုင်ရေးနှင့် ရေ၊ မီးကိစ္စမှအစ အဆင်သင့် ဖြည့် ဆည်းဆောင်ရွက်ပေးထားပြီး လုပ်ငန်း ခွင်တွင် အဆင်ပြေစေရန်အတွက် လို အပ်သည့် အကူအညီများကို ဖြည့် ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment