ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဇီဝဗေဒဘာသာရပ်အား ၁၄၄၀၀ ကျော်နှင့် ဘောဂဗေဒဘာသာရပ်အား ၄၁၉၀၀ ကျော် ဖြေဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, March 13, 2019

ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဇီဝဗေဒဘာသာရပ်အား ၁၄၄၀၀ ကျော်နှင့် ဘောဂဗေဒဘာသာရပ်အား ၄၁၉၀၀ ကျော် ဖြေဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်း၌ ယနေ့ မတ်လ ၁၃ ရက်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူ ၁၄၄၂၄ ဦး၊ ဘောဂဗေဒ ဘာသာရပ်အား ဖြေဆိုသူ ၄၁၉၂၂ ဦး ရှိကြောင်း သိရသည်။
.
ဇီဝဗေဒဘာသာရပ်အား ရှမ်းပြည်နယ်အတွင်းရှိ စာစစ်ဌာန ၁၄၅ ခုတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျား ၅၀၄၈ ဦး၊ မ ၉၈၇၇ ဦး၊ ပေါင်း ၁၄၉၂၅ ဦး ရှိသည့်အနက် ဖြေဆိုသူ ကျား ၄၇၉၆ ဦး၊ မ ၉၆၂၈ ဦး၊ ပေါင်း ၁၄၄၂၄ ဦး ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား ၂၅၂ ဦး၊ မ ၂၄၉ ဦး၊ ပေါင်း ၅၀၁ ဦး ရှိကြောင်း သိရသည်။
.

ထို့အတူ ဘောဂဗေဒ ဘာသာရပ်အား ရှမ်းပြည်နယ်အတွင်းရှိ စာစစ်ဌာန ၁၄၅ ခုတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျား ၁၇၇၂၉ ဦး၊ မ ၂၆၅၁၃ ဦး၊ ပေါင်း ၄၄၂၄၂ ဦး ရှိသည့်အနက် ဖြေဆိုသူ ကျား ၁၆၄၅၈ ဦး၊ မ ၂၅၄၆၄ ဦး၊ ပေါင်း ၄၁၉၂၂ ဦး ရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား ၁၂၇၁ ဦး၊ မ ၁၀၄၉ ဦး၊ ပေါင်း ၂၃၂၀ ဦး ရှိကြောင်း သိရသည်။
.
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်မူ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူ ၁၉၀၆၀၂ ဦး ရှိ၍ ပျက်ကွက်သူ ၆၂၈၆ ဦးရှိပြီး ဘောဂဗေဒဘာသာရပ်အား ဖြေဆိုသူ ၆၅၇၄၀၄ ဦး ရှိ၍ ပျက်ကွက်သူ ၄၁၉၉၀ ရှိကြောင်းနှင့် ဖြေဆိုသူ ၉၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၆ ရက်မှ စတင် ကျင်းပနေခြင်း ဖြစ်ပြီး မတ်လ ၁၄ ရက်တွင် ပထ၀ီဝင်ဘာသာရပ်နှင့်၊ မတ်လ ၁၅ ရက်တွင် သမိုင်းဘာသာရပ်အား ဆက်လက် ဖြေဆိုကြရမည် ဖြစ်သည်။
.

No comments:

Post a Comment

Recent Tube