ကွမ်းလုံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယာဉ်မောင်းချိန် သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွမ်းလုံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယာဉ်မောင်းချိန် သတ်မှတ်



နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးနှင့် ယာဉ်မောင်းများ သတ်မှတ်ချိန် သိရှိစေရန် အဝင်၊ အထွက်ယာဉ်များကို အချိန်သတ်မှတ် ကာ လွှတ်ပေးနေကြောင်း အမှတ် (၁၁၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (ကွမ်း လုံ)မှ သိရှိရသည်။
.
 .
အဆိုပါ လားရှိုး-ကွမ်းလုံ- လောက်ကိုင်-ချင်းရွှေဟော်-ဟိုပန် မြို့များသို့ ကုန်သွယ်စီးဆင်းမှုနှင့် ခရီးသွားယာဉ် များစွာ သွားလာနေ ခြင်းကြောင့် ကွမ်းလုံမြို့တွင် ယာဉ် ကြောပိတ်ဆို့မှု မရှိစေရန်နှင့် ယာဉ် အန္တရာယ် ကင်းရှင်းစေရန်အတွက် သတ်မှတ်ပေးထားကြောင်း သိရ သည်။
.
''ကုန်တင်ကားတွေကို အဓိက ထား ဆောင်ရွက်တာဖြစ်ပါတယ်။ ခ ရီးသွားကားတွေနဲ့ အရေးကြီးယာဉ် တွေကိုတော့ လွှတ်ပေးနေပါတယ်။ ၂ နာရီလောက် နားပေးလိုက်တဲ့အတွက် ယာဉ်မောင်းတွေအတွက်ရော၊ ခရီးသွားတွေ အတွက်ရော၊ တံတား ကြီးအတွက်ပါ အဆင်ပြေစေမယ်လို့ ရည်ရွယ်ပြီးတော့ ပူးပေါင်းဆောင် ရွက်နေတာပါ''ဟု အမှတ် (၁၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်မှ တပ်ကြပ်ကြီး သန်းအောင်ချစ်ကပြော သည်။
.
အဆိုပါ ကွမ်းလုံမြို့ကြိုးတံတား သည် လားရှိုးမြို့မှ ၈၅ မိုင်ခန့် ကွာ ဝေးပြီး ခရီးသွားရန်နှင့် ကုန်သွယ်ရန် အဆင်ပြေ ကောင်းမွန်ခြင်းကြောင့် အဆိုပါ လမ်းအား အသုံးပြုသော ယာဉ်များပြားလာခဲ့ပြီး တံတား ကြံ့ ခိုင်ရေးအတွက် သတ်မှတ်ရခြင်းဖြစ် ကြောင်း သိရသည်။
.
''မူဆယ်ဘက်မှာက ကားတွေ ကုန်တွေပိတ်နေတာရယ်၊ မိုင်တိုတာ ရယ်ကြောင့် လမ်းသာတဲ့ဘက်ကို လာကြတယ်။ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးအပေါက်က အဆင်ပြေလို့ ဝင်လာကြတယ်။ နောက်ပြီး အခု က ကြံခုတ်ရာသီ ဖြစ်နေပြီ ကြံကား တွေများလာတယ်။ ကုန်ကားတွေများ လာတဲ့အတွက် မြို့ဟိုဘက်၊ ဒီဘက် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်အောင် စီစဉ်တားပေးတာ ဖြစ်တဲ့အတွက် ကောင်းပါတယ်''ဟု ကြံကားယာဉ် မောင်း ဦးမောင်ကြီးက ပြောသည်။
.
အဆိုပါ ယာဉ်ဝင်၊ ယာဉ်ထွက် သတ်မှတ်ခြင်းကို ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ တပ်မတော်နှင့် ယာဉ်ထိန်း တပ်ဖွဲ့များက ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး လားရှိုး ဘက်မှလာသည့် အတက်ကားများ သည် နံနက် ၆ နာရီမှ ၈ နာရီအ ထိ၊ အဆင်းကားများသည် နံနက် ၈ နာရီမှ ၁ဝ နာရီအထိ၊ အတက် ကားများသည် နံနက် ၁ဝ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ အဆင်း ကားများသည် နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ၊အတက်ကားများသည် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီ အထိ၊ အဆင်းကားများသည် ညနေ ၄ နာရီမှ ၆ နာရီအထိ၊ အတက် ကားများသည် ည ၆ နာရီမှ ၈ နာရီ အထိ၊ အဆင်းကားများသည် ည ၈ နာရီမှ ၁ဝ နာရီအထိ၊ အတက်ကား များသည် ည ၁ဝ နာရီမှ ၁၂ နာ ရီအထိ၊ အဆင်းကားများသည် ည ၁၂ နာရီမှ နံနက် ၂ နာရီအထိ၊ အတက်ကားများသည် နံနက် ၂ နာ ရီမှ ၄ နာရီအထိ၊ အဆင်းကားများ သည် နံနက် ၄ နာရီမှ ၆ နာရီ အထိ အချိန်ဖြင့် သွားလာရန် သတ်မှတ် ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats