ကျိုင်းတုံမြို့နယ်စည်ပင်၏ ကြော်ငြာခနှုန်းထား တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ကန့်ကွက်မှုများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 14, 2019

ကျိုင်းတုံမြို့နယ်စည်ပင်၏ ကြော်ငြာခနှုန်းထား တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ကန့်ကွက်မှုများ ရှိနေ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော် မတီမှ ၂ဝ၁၉-၂ဝ၂ဝ ခု ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာဆိုင်းဘုတ်များ အား နှုန်းထားအသစ်ပြင်ဆင်ကောက် ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိနေကြောင်း သိရ သည်။
.
 .
ကျိုင်းတုံမြို့နယ်စည်ပင်သာ ယာရေးကော်မတီ၏ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြော်ငြာခနှုန်းထားအ သစ်တွင် စီးပွားရေးလုပ်ငန်း ကြော် ငြာဆိုင်းဘုတ်များကိုနေရာနှင့် အတန်းအစား ခွဲခြားကာ ကောက်ခံ သွားမည်ဖြစ်ပြီး ယာယီအရောင်းမြှင့် တင်ရေး ကြော်ငြာဆိုင်းဘုတ်များကို လည်း အခွန်သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ယာယီအရောင်းမြှင့် တင်ရေးစီးပွားရေး လုပ်ငန်းကြော်ငြာ များအား အခွန်ကောက်ခံမည့် အစီ အစဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့ နေ စီးပွားရေးလုပ်ငန်း ကြော်ငြာတာ ဝန်ခံတစ်ဦးဖြစ်သူဦးအောင်ခိုင်က ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ ကန့်ကွက်လွှာ တင် သွင်းရန် နောက်ဆုံးသတ်မှတ်ပေး ထားသည့် ဖေဖော်ဝါရီလ ၂၆ ရက် တွင် ကန့်ကွက်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကန့်ကွက်စာတွင် လက်ရှိ စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ၏ ရောင်းအားကျဆင်းခြင်း၊ အခွန်အခ များပြားခြင်းတို့ကြောင့် ကြော်ငြာ လုပ်ငန်းများကိုလျှော့ချ၍ လုပ်ငန်း များ လည်ပတ်လုပ်ကိုင်လျက်ရှိရာ ယာယီအရောင်းမြှင့်တင်ရေးကာလ တိုအတွက် ကြော်ငြာဆိုင်းဘုတ်များကို ထပ်မံ၍ အခွန်အခကောက် ခံ မည်ဆိုပါက အခက်အခဲကြုံတွေ့ရနိုင်သည်ဟု ဖော်ပြပါရှိသည်။
.
''ဖုန်းကုမ္ပဏီတွေ ဖြစ်ကြတဲ့ Oppo နဲ့ Vivo တို့ဆိုရင် ကျိုင်းတုံမှာ ကုမ္ပဏီရုံးခွဲ ပိတ်သိမ်းထားပြီး တာချီ လိတ်မှာ ပူးပေါင်းရုံးဖွင့်နေရတာ ဖြစ် ပါတယ်။ သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့ လုပ်ငန်းလည်ပတ်အဆင်ပြေနိုင်မယ့် ကြော်ငြာခ နှုန်းထားဖြစ်ဖို့ လိုအပ် ပါတယ်။ ထပ်ပြီး ဈေးတက်ဦးမယ် ဆိုရင်တော့ ကြော်ငြာလုပ်ငန်းတွေ ရပ်တန့်သွားနိုင်ပါတယ်''ဟု ကန့် ကွက်စာတင်သွင်းခဲ့သူ ဦးအောင်ခိုင် က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယင်းကဲ့သို့ ကန့်ကွက်စာ တင်သွင်းခဲ့မှုနှင့် ပတ်သက်၍ ကျိုင်း တုံ မြို့နယ် စည်ပင်သာယာရေးကော် မတီဝင် ဦးသိန်းတန်က ''ဦးအောင် ခိုင်ရဲ့ တင်ပြစာနဲ့ တခြားမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေအ တွက် ဒီရက်ပိုင်းထဲမှာ အစည်းအဝေး ထိုင်ဖို့ ရှိပါတယ်။ ကာယကံရှင်ရဲ့ တင်ပြစာနဲ့ ပတ်သက်လို့ အကောင်း ဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်''ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ပထမတန်းစား စီးပွားရေး လုပ်ငန်းကြော်ငြာများအား ၁ စတုရန်းပေလျှင် ယခင် ၁၂ဝဝ ကျပ်မှ ၁၅ဝဝ ကျပ်သို့လည်းကောင်း၊ ဒုတိယတန်းစား စီးပွားရေးလုပ်ငန်း ကြော်ငြာများကို ယခင် ၇၂ဝ ကျပ်မှ ၉ဝဝ ကျပ်သို့လည်းကောင်း၊ တတိယ တန်းစား စီးပွားရေးလုပ်ငန်းကြော်ငြာ များအား ယခင် ၄၈ဝ ကျပ်မှ ၆ဝဝ ကျပ်သို့လည်းကောင်း အသီးသီး တိုး မြှင့် ကောက်ခံသွားမည်ဖြစ်ပြီး ယ ခင်က ကောက်ခံခဲ့ခြင်းမရှိသည့်စီးပွား ရေးလုပ်ငန်း အရောင်းမြှင့်တင်ရေး ယာယီ ကြော်ငြာများကို ၁ စတုရန်းပေ လျှင် ၃ဝဝ ကျပ် ကောက်ခံသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်တွင် အများပြည်သူသို့ ကြေ ညာထားသည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube