တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ၂၂ ဘီး တွဲယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ ၂ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, March 19, 2019

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ၂၂ ဘီး တွဲယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ ၂ ဦး သေဆုံး



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် ယနေ့ မတ်လ ၁၉ ရက်၊ ညနေပိုင်းက ၂၂ ဘီး တွဲယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ မော်တော်ဆိုင်ကယ်စီးနင်လာသူ ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ပညာရောင်ခြည် ကိုယ်ပိုင်အထက်တန်းကျောင်း အနီးတွင် မတ်လ ၁၉ ရက်၊ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့် အနောက်မြို့ပတ်လမ်းအတိုင်း တောင်ဘက်မှ မြောက် ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီး တွဲယာဉ်မော်တော်ယာဉ်တစ်စီးနှင့် လားရာတူ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ်ပေါ်တွင် စီးနင်းလာပါလာသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ သေဆုံးသူများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ၂ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube