ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာ ပန်ဂျလော့ကုန်းအဆင်းတွင် ဖရဲသီးတင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက် နှစ်ဦးသေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 9, 2019

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာ ပန်ဂျလော့ကုန်းအဆင်းတွင် ဖရဲသီးတင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက် နှစ်ဦးသေဆုံး


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာ ပန်ဂျလော့ကုန်းအဆင်းတွင် မတ် ၈ ရက် နံနက်ပိုင်းက ဖရဲသီးတင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာ ရဲကင်းစခန်းမှ သိရှိရသည်။
.
.
မန္တလေးဘက်မှ မူဆယ်ဘက်သို့ ဖရဲသီးများ တင်ဆောင်မောင်းနှင်လာသော မော်တော်ယာဉ်သည် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအနီး ပန်ဂျလော့ကုန်းဆင်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဗြုန်းတောင်အား ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
.
“မန္တလေးကနေ မူဆယ်ကို လာတဲ့ အချိန်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီးတော့ လမ်းဘေးက ဗြုန်းတောင်ကို ဝင်တိုက်မိရာကနေ နှစ်ဦးသေဆုံးသွားတာပါ” ဟု နမ့်ဖတ်ကာ ရဲကင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက  ပြောသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူ ၂ ဦးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မေတ္တာရှင် လူမှုကူညီရေး အသင်း နမ့်ဖတ်ကာတို့မှ ကူညီပေးကာ နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 
.
“ကားကို ကြည့်ရတာကတော့ ညပိုင်းလောက်မှာဖြစ်ထားတဲ့ ပုံစံရှိပါတယ်။ ကားပေါ်မှာရှိတဲ့ လူ ၂ ဦးကတော့ သေဆုံးနေတာတွေ့ရတယ်။ မနည်းဆွဲထုတ်ခဲ့ရပါတယ်။အသီးတင်ယာဉ်တွေရော အခြားယာဉ်တွေရော ဂရုစိုက် မောင်းကြပါလို့ ပြောချင်ပါတယ်” ဟု မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖတ်ကာ)မှ ကိုတင်မောင်အေးက ပြောသည်။
.
အဆိုပါ ဖရဲသီးတင် ယာဉ်တိမ်းမှောက်ခဲ့ရာမှ လူသေဆုံးခဲ့ရခြင်းကြောင့် မန္တလေးမြို့ စက်မှု(၁)နေ ယာဉ်မောင်း ဦးပြုံး (၃၄)နှစ်အား နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ယာဉ်(ပ)၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment