ကျိုင်းတုံခရိုင်၌ အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်မှု မရှိစေရေး ပြင်ဆင်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 21, 2019

ကျိုင်းတုံခရိုင်၌ အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်မှု မရှိစေရေး ပြင်ဆင်ထား



ထက်တိုင်းကျော်
.
တရုတ်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) မဖြစ်ပွား စေရေးအတွက် ကျိုင်းတုံခရိုင်အတွင်း ကာကွယ်ရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ထားသည်ဟု သိရသည်။
.

.
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မတ်လ ၅ ရက်နေ့ ရက်စွဲပါစာနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆိုင်ရာ ပို့ ကုန်စစ်ဆေးရေးဌာနစိတ်၏ မတ်လ ၆ ရက်နေ့ ရက်စွဲပါ စာတို့ဖြင့် ရန် ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပူး ပေါင်းညှိနှိုင်းမှု ဆောင်ရွက်ရေးကော် မတီထံသို့ ပေးပို့ထားသည့် အစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများတွင် ဖြစ်ပွားနေသည့် အာဖရိကဝက် အပြင်းဖျားရောဂါ မကူး စက်စေရေးအတွက် ရောဂါဖြစ်ပွား နေသည့် နိုင်ငံမှားမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ သယ်ဆောင် ရောင်းဝယ်ခြင်း မပြုရန် ယာယီတား ဆီး ပိတ်ပင်ထားသည်ဟု သိရသည်။
.
ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်း တုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်နှင့် မိုင်းယန်း မြို့နယ်များတွင် အာဖရိကဝက် အပြင်းဖျား ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ လမှ စတင်၍ ဆောင်ရွက်ခဲ့ပြီး နယ်စပ် ဝင်ပေါက် များနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗွီနိုင်း ပိုစတာများ စိုက်ထူခြင်းနှင့် ဝက်မွေးမြူသည့် လုပ်ငန်းရှင်များအား ဖိတ် ကြား၍ ဇီဝလုံခြုံမှု မြှင့်တင်နိုင်ရေး အသိပညာ ပေးခြင်းများ၊ ဝက်ခြံဖြန်း ဆေးများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း ကျိုင်းတုံခရိုင် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
''ကျိုင်းတုံခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေက ကျွန်တော်တို့ ဝန်ထမ်းတွေကို အမြဲတမ်း သတိထားစောင့် ကြည့်ပြီး ထူးခြားတာတွေ့ရင် အချိန်နဲ့တစ်ပြေးညီ ချက်ချင်းသတင်းပို့ဖို့ ဆွေးနွေးမှာကြားထားပါတယ်။ သက်ဆိုင်ရာ မြို့နယ်များက တာဝန်ရှိသူတွေရဲ့ ပူးပေါင်းပါဝင်ကူညီပေးမှု လည်းရှိနေတော့ လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားမှု မရှိပါဘူး''ဟု ကျိုင်း တုံခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကု သရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာ မျိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အာဖရိကဝက် အပြင်းဖျားရောဂါသည် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်အေးခဲအသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားအစား အသောက်များမှလည်း ကူးစက်နိုင်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် ဈေးကွက်အ တွင်းနေ့စဉ် ဝက်သားရောင်းချရန် အတွက် မြို့နယ်တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများမှ ရောဂါကင်းရှင်းမှု ရှိ/မရှိ နေ့စဉ်ပုံမှန် စစ်ဆေး၍ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာ ထုတ်ပေးလျက်ရှိပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြို တင်ကာကွယ်ရေးအတွက် ပြည်သူ များနှင့် ဌာနဆိုင်ရာများအားလုံး ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်နေသည်ဟု သိရသည်။
.

No comments:

Post a Comment