ကျိုင်းတုံတွင် နွေရာသီ ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 18, 2019

ကျိုင်းတုံတွင် နွေရာသီ ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်မည်



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ တာချီလိတ်လမ်းရှိ စိန်ပန်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ကျိုင်းတုံ အထက (၄) ကျောင်းတို့တွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
စိန်ပန်းကျောင်းတွင် ဖွင့်လှစ်မည့် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းအား မတ်လ ၁၉ ရက်မှ စတင်၍ ရက်သတ္တပတ် ၃ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အထက (၄) ကျောင်းတွင် ကျိုင်းတုံမြို့နယ် အဘိဓမ္မာ ပြန့်ပွားရေးအသင်းမှ ဖွင့်လှစ်မည့် ဗုဒ္ဓဘသာ ယဉ်ကျေးမှုသင်တန်းအား မတ်လ ၂၈ ရက်မှ စတင်၍ ဧပြီလ ၂၃ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“သင်တန်းဖွင့်လှစ်ပေးနိုင်အောင် စီစဉ်ကြိုးပမ်းပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ သင်တန်းတက်သူတွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ အမွေပေးလိုက်သလို ဖြစ်စေပါတယ်” ဟု ကျိုင်းတုံမြို့ခံ အရာထမ်း တစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ သင်တန်းဆရာမတစ်ဦးကလည်း “ဆရာဖြစ်သင်တန်းတွေကို တက်ရပါတယ်။ လူတစ်ယောက်ရဲ့ အခြေခံ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို နားလည်ကျင့်ကြံတတ်စေဖို့ သင်တန်းမှာ သင်ကြားပို့ချပေးပါတယ်။ ကျွန်မတို့ သင်တန်းဆရာ/ဆရာမတွေ အားလုံးက စေတနာ့ဝန်ထမ်းတွေဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာ သာသနာကို နေလို လလို ထွန်းလင်းစေချင်ပါတယ်” ဟု ပြောသည်။
.
ကျိုင်းတုံမြို့နယ်အဘိဓမ္မာပြန့်ပွားရေးအသင်းနှင့် စိန်ပန်းကျောင်း ဓမ္မစကူးလ်တို့သည် နှစ်စဉ် နွေရာသီ ကျောင်းပိတ် ရက်များနှင့် ကျောင်းဖွင့်ရက်များတွင် ဗုဒ္ဓစာပေနှင့် ယဉ်ကျေးလိမ္မာသင်တန်းများအား ဖွင့်လှစ်သင်ကြား ပို့ချပေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment