တောင်ကြီး-ကျိုင်းတုံခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးရေချောင်းအတွင်းသို့ အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 16, 2019

တောင်ကြီး-ကျိုင်းတုံခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးရေချောင်းအတွင်းသို့ အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွား



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ အမှတ် (၃) ရပ်ကွက်အနီးတွင် မတ်လ ၁၅ ရက်၊ ညပိုင်းက တောင်ကြီး-ကျိုင်းတုံ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်း၏ဝဲဘက်ရှိ နမ့်လျဲရေချောင်း အတွင်းသို့ တိမ်းမှာက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ခရီးသည် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦး လိုက်ပါစီးနင်းလာသည့် အဆိုပါမော်တော်ယာဉ်မှာ ရေချာင်း အနက် ၂၅ ပေခန့် အတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် တောင်ကြီးမြို့နေ မဟန်နွေးထွေးဆိုသူ ခရီးသည်အမျိုးသမီးတစ်ဦး ခါးရိုးကျိုး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး တုံတာ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
.
တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်မှ ရွှေတောင်ရိုးခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးစိုးနိုင် မောင်းနှင်သည့် Toyota Hilux အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်တိမ်းမှောက်ကာ ခရီးသည်များအား ထိခိုက်ဒဏ်ရာရစေခဲ့သည့် ယာဉ်မောင်း ဦးစိုးနိုင်အား တုံတာနယ်မြေရဲစခန်းအတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats