တောင်ကြီးချယ်ရီ ချစ်သူများ အသင်းမှ ပူးပေါင်း၍ ပါဝါမျက်မှန်များ အခမဲ့ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 7, 2019

တောင်ကြီးချယ်ရီ ချစ်သူများ အသင်းမှ ပူးပေါင်း၍ ပါဝါမျက်မှန်များ အခမဲ့ လှူဒါန်း


ရဲရင့်ဇွဲ
.
ဂျပန်နိုင်ငံ၊ Owndays ကုမ္ပဏီ လီမိတက်နှင့် တောင်ကြီးချယ်ရီချစ် သူများအသင်းတို့ ပူးပေါင်း၍ တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ပြည်သူများအား ပါဝါမျက်မှန်များကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ အောင်မြတ် ထူး မျက်စိအထူးကု ဆေးခန်းတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနားတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Owndays ကုမ္ပဏီ မှ Mr. Take Yumiyma က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။
.
ထို့နောက် အနန္တမေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာသိန်းထွန်းက အခမဲ့ မျက်စိခွဲစိတ်ကုသပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး တောင်ကြီးမြို့၊ ချယ်ရီချစ်သူများအသင်း ဥက္ကဌဒေါက် တာ နှင်းရီအေးက မျက်မှန် လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။
.
''ဆင်းရဲချမ်းသာမရွေး ဘာသာရေးကို အခြေမခံသော မျက်မှန်လို အပ်သူများ၊ မျက်စိဝေဒနာရှင်များ အတွက် စာရင်းပြုစုပြီး အိမ်တိုင်ရာ ရောက် စစ်ဆေး ကောက်ယူပြီး တော့ ဂျပန်နိုင်ငံကို ပို့ခဲ့တာပါ။ အခု ဂျပန်နိုင်ငံ Owndays ကုမ္ပဏီ က ပါဝါမျက်မှန်တွေကို လာရောက် လှူဒါန်းတာပါ။ တောင်ကြီးနဲ့ ညောင်ရွှေမြို့နယ်ထဲမှာရှိတဲ့ ပြည် သူတွေကို မျက်မှန် ၂ဝဝ လက် တပ်ဆင်ပေးခဲ့ပါတယ်။ တောင်ကြီး ခရိုင်အတွင်းက တခြားမြို့နယ်တွေ မှာလည်း ဆက်လက်ဆောင်ရွက် သွားဖို့ အစီအစဉ်ရှိပါတယ်'' ဟု ချယ်ရီချစ်သူများအဖွဲ့မှ ဒေါ်ရီရီသိန်း က ပြောသည်။
.
ထို့နောက် တောင်ကြီးနှင့် ညောင်ရွှေ မြို့နယ်အတွင်းရှိ ရဟန်းသံ ဃာတော်များ၊ ဘိုးဘွားရိပ်သာများ မှ အဖိုးအဖွားများ၊ ဒေသခံပြည်သူ များအား မျက်မှန်အလက် ၂ဝဝ တပ် ဆင်ပေးခဲ့ပြီး မြို့မိမြို့ဖများကိုယ်စား ဒေသခံပြည်သူ တစ်ဦးဖြစ်သူ ဒေါ် မေမေနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
.

No comments:

Post a Comment