တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Friday, March 15, 2019

တစ်ပတ်တာ ကံကြမ္မာ



ဆရာ ယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်မှ ၂၀ ရက် အထိ
.
တနင်္ဂနွေ
.
လှပသောပစ္စည်းအဝတ်အထည်များ ဝင်မည်။ အဝေးမှ သတင်းကောင်းကြားရမည်။ စက်ယာဉ်များပြန် ထွက်သွားလိမ့်မည်။ မတွေ့ဆုံလိုသော သူနဲ့တွေ့တတ်ပါသည်။ နေအိမ်ရေကိစ္စဆောင်ရွက်ရမည်။ အခက်အ ခဲကြီးကြီးမားမားတော့ မရှိပါ။ မနာလိုသူအတိုက်အခံ အသေးစားရှိပါမည်။ တန်ဖိုးကြီးပစ္စည်းအထွက်ရှိသဖြင့် ပျောက်တတ်ပါသည်။ ကုန်သည်များ အရောင်းအဝယ် ပါးလိမ့်မည်။ ဝန်ထမ်းများကောင်းသည့်လာဘ်ဝင် လာမည်။ ပွဲစားများ အလုပ်မဖြစ်နိုင်သေးပါ။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနှင့် စကားများရလိမ့်မည်။ ကျန်းမာရေးတွင် ယားနာဖြစ်မည်။ ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၅/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ သပြေညွှန့်လှူပါ။

.
တနင်္လာ
.
စိတ်ပျော်ရွှင်ကျေနပ်ရမည်။ ဧည့်သည်လာမည်။ ထင်ရှားသောသူများနှင့် ပြန်ဆုံမည်။ နေအိမ်ကိစ္စပြောဆို ရမည်။ မြေကိစ္စဖြေရှင်းရန် ပေါ်ပေါက်မည်။ သူခိုးဘေး သတိပြုပါ။ ပစ္စည်းပျောက်ဆုံးတတ်ပါသည်။ စက် ပစ္စည်းအသစ်ဝင်လာမည်။ ခရီးယာယီသွားလာရမည်။ ငွေကြေးကိစ္စအပူတွေ့လိမ့်မည်။ ကုန်သည်များ အရောင်း အဝယ်ပုံမှန်သာဖြစ်လိမ့်မည်။ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကျေနပ်ရမည်။ ပွဲစားများ အပေါင်ကိစ္စ ဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူမှ ဝမ်းသာစရာသတင်းပါးလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အမြင်အာရုံ ဝေဝါးမည်။ ချောင်းဆိုးလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၂/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မြေပဲယိုလှူပါ။
.
အင်္ဂါ
.
ပျော်ရွှင်စရာကြုံတွေ့ရလိမ့်မည်။ စီးပွားရေးကိစ္စများတွင် ငွေကြေးအသင့်အတင့် ဝင်လာမည်။ လုပ်ငန်း အသစ်တိုးချဲ့ရန် ပေါ်ပေါက်လိမ့်မည်။ မီးပျက်လိမ့်မည်။ အိမ်နီးချင်းထံမှ လက်ဆောင်ရလိမ့်မည်။ သားသမီး အတွက် ဝမ်းသာရမည်။း ဘာသာရေးအလှူပြုရလိမ့်မည်။ အစားအသောက်ကောင်း စားရလိမ့်မည်။ ကုန် သည်များ အရောင်းကျဆင်းလိမ့်မည်။ ဝန်ထမ်းများ ကြီးသူနှင့် စကားများမည်။ ပွဲစားများ ဘာမှ အလုပ်မဖြစ် ဘဲ အချိန်ကုန်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ကြားလူကြောင့် အငြင်းပွားမည်။ ကျန်းမာရေးကိစ္စများ တွင် မျက်စိအကောင်ဝင်မည်။ အအေးမိမည်။ ကံကောင်းစေသော ဂဏန်းမှာ(၄/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
ဗုဒ္ဓဟူး
.
မိတ်ဆွေသစ်တွေ့မည်။ ကောင်းသောစကားကြားရလိမ့်မည်။ ငွေချေးရလိမ့်မည်။ မြုပ်နေသော ပစ္စည်း လည်း အရောင်းထွက်တတ်ပါသည်။ အိမ်ထောင်ရေးသောကရှိမည်။ အငြင်းပွားရတတ်ပါသည်။ သတိပြုပါ။ တောင်အရပ်မှ မိတ်ဆွေအိမ်လာမည်။ လှပသော ပစ္စည်းများ ဝင်လာလိမ့်မည်။ အြေ<ွကးကိစ္စပြောဆိုဖြေရှင်း ရမည်။ ကုန်သည်များ ရောင်းအားကောင်းမည်။ လှောင်ကုန်ရှိက မြတ်မည်။ ဝန်ထမ်းများ ခွင့်ယူရမည်။ ပွဲစား များ မြေအရောင်းတည့် လိမ့်မည်။ ငယ်သူများ ချစ်သူနှင့်အတူ ဆုံတွေ့ပြီး ပျော်ရွှင်ရမည်။ ကျန်းမာရေးတွင် လေနာမည်။ အစာမကြေဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၆/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ဆွမ်းဟင်းလှူပါ။
.
ကြာသပတေး
.
ကားမောင်းသင်ရလိမ့်မည်။ မောင်းတတ်သူများ ပိုမိုကျွမ်းကျင်လာမည်။ အထက်လူကြီးများကို တွေ့ဆုံ ရတတ်ပါသည်။ ဆေးရုံဆေးခန်း လူနာမေးသွားရမည်။ စီးပွားရေးများမှာ ရှုပ်ထွေးနေဆဲဖြစ်သော်လည်း အသင့် သင့် ငွေဝင်နေလိမ့်မည်။ အိမ်အနည်းငယ် ပြုပြင်ရလိမ့်မည်။ လက်ဝတ်ရတနာဝင်မည် (သို့) ပြုပြင်ရမည်။ ကုန်သည်များ ပစ္စည်းမှားခြင်း၊ အတုမိခြင်းကြုံလိမ့်မည်။ ဝန်ထမ်းများမှာ အတွင်းလူနှင့် ရန်ကြုံမည်။ ပွဲစားများ မှာ အရောင်းအဝယ်မရှိနိုင်သေးပါ။ ငယ်သူများ အချစ်ရေးတွင် ပျော်ရွှင်စရာကြုံမည်။ ချစ်သူမရှိသေးသူ ချစ် သူတွေ့မည်။ ကျန်းမာရေးတွင် မူးဝေခြင်း၊ သွေးအားနည်းခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၆)ဖြစ်သည်။
ယတြာ။ စေတီမွေးနံဂြိုလ်တိုင်မှာ ထီးဖြူ ၅ လက်လှူပါ။
.
သောကြာ
.
ဖုန်းပျောက်မည်။ ဖုန်းပျက်မည်။ သို့မဟုတ် ဖုန်းအသစ် လဲလှယ်ရလိမ့်မည်။ အဝတ်အစားအဝယ်မှား တတ်သည်။ ဝယ်ပြီးမှ မနှစ်သက်ခြင်းကြုံမည်။ စီးပွားရေးအလုပ်အကိုင်များ တိုးချဲ့လိုစိတ်ဖြစ်ပေါ်မည်။ ငွေ ကြေးအသင့်အတင့် ဝင်လာမည်။ ထီပေါက်တတ်ပါသည်။ တခုလပ်၊ အိမ်ထောင်ပျက်များနှင့် စွပ်စွဲခံရတတ်ပါ သည်။ ကုန်သည်များ အရောင်းအဝယ်သွက်လာမည်။ အလုပ်မနိုင်မနင်းကြုံမည်။ ဝန်ထမ်းများ အလုပ်အဆင် ပြေနေမည်။ ပွဲစားများ အလုပ်ကြီးဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် ဝမ်းနည်းရလိမ့် မည်။ ကျန်းမာရေးတွင် သွားကိုက်ခြင်းကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၄/၅)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ဆီထမင်းလှူပါ။
.
စနေ
.
ငွေအပူ မိနေတတ်ပါသည်။ ငွေကိစ္စ စကားများရမည်။ ငွေကြပ်သဖြင့် ပစ္စည်းအချို့ပြန်လည် ရောင်းရ တတ်ပါသည်။ အချို့လူများ အပေါင်ဆိုင် ရောက်မည်။ ကိစ္စဟောင်းပြဿနာဟောင်း ပေါ်ပေါက်မည်။ သို့သော် မမျှော်လင့်ဘဲ မစသူ ပေါ်သဖြင့် အခက်အခဲမှ လွတ်တတ်ပါသည်။ တီဗွီ၊ စလောင်း စသည်ဖြင့် အသစ်လဲလှယ် ရမည်။ ကုန်သည်များ ကြေးကိစ္စစကားများမည်။ ငွေကြောင့် ဖြေရှင်းပြောဆိုရမည်။ ဝန်ထမ်းများ အောက်လူ ကြောင့် သောကကြုံရမည်။ ပွဲစားများမှာ ကြားဖြတ်ခံရမည်။ ငွေကြေးအပြည့် မရနိုင်ပါ။ ငယ်သူများမှာ အ ချစ်ရေးတွင် ချစ်သူက ပေးသော လက်ဆောင်ရလိမ့်မည်။ ကျန်းမာရေးတွင် ရေချိုး မှားတတ်ပါသည်။ အ ဆုတ် အအေးမိတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၅/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန် ၁ ခုလှူပေးပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats