လားရှိုးမြို့နယ်တွင် ကားကြိတ်ခံရမှုကြောင့် လူတစ်ဦး ဦးခေါင်းပြားလျက်သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 4, 2019

လားရှိုးမြို့နယ်တွင် ကားကြိတ်ခံရမှုကြောင့် လူတစ်ဦး ဦးခေါင်းပြားလျက်သေဆုံး


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့ရှောင်လမ်းမကြီးပေါ်တွင် မတ်လ ၃ ရက် ညသန်းခေါင်ယံအချိန်က ကားကြိတ်ခံရမှုကြောင့် အမျိုးသားဟုယူဆရသူတစ်ဦးသည် ဦးခေါင်းပြားလျက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့နယ်ယာဉ်ထိန်းရုံးထံမှ သိရသည်။
.
.
လားရှိုးမြို့ရှောင်လမ်းမကြီးပေါ်တွင် မတ်လ ၃ ရက် ည ၁၂ နာရီအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မြို့ရှောင်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁/၂) မှ စ၍ လူအသားစများဟု ယူဆရသော အသားစများပြန့်ကျဲလျက် တွေ့ရှိရပြီး မိုင်တိုင်အမှတ် (၁/၃) အရောက်တွင် ယာဉ် တိုက်/ကြိတ်မှုကြောင့် ဦးခေါင်းပြားကြေလျက် သေဆုံးနေသော အမျိုးသားဟု ယူဆရသူ အလောင်း တစ်လောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရာ စေတနာယာဉ်မောင်းသင်တန်းကျောင်းအနီးတွင် မသင်္ကာဖွယ် ယာဉ်တစ်စီအား တွေ့ရှိ၍စစ်ဆေးရာ မန္တလူဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်းစိုင်းထွေးအောင် (၂၇ နှစ်)၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာနေသူ မောင်းနှင်လာသည့် NISSAN FAIRLADY-Z ခဲရောင်ယာဉ် ဖြစ်ပြီး ယာဉ်မောင်းသည် မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၁/၂) အရောက်တွင် လူတစ်ယောက်အား တိုက်မိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဆိုပါ ယာဉ်မောင်း စိုင်းထွေးအောင်အား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ မည်သူ မည်ဝါဖြစ်သည်ကို စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment