ဆေးဖြတ်စခန်းများ စနစ်ကျစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် တာဝန်ယူမည့် ဆရာဝန်များအား သင်တန်းများပေးသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 9, 2019

ဆေးဖြတ်စခန်းများ စနစ်ကျစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် တာဝန်ယူမည့် ဆရာဝန်များအား သင်တန်းများပေးသွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်း ဖွင့်လှစ်မည့် ဆေးဖြတ်စခန်းများ စနစ်ကျစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆေးဖြတ်စခန်းတွင် တာဝန်ယူရမည့် ဆရာဝန်များအား မတ်လအတွင်း သင်တန်းပေးသွား ရန်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပြောကြားသည်။
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး စခန်းတွင် မတ်လအတွင်း ဖွင့်လှစ် မည့် ရပ်ရွာအခြေပြု၊ မူးယစ်ဆေး ဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင် ရေးသင်တန်း ကိစ္စနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးက ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
.
''ဆေးဖြတ်စခန်းမှာ အဓိက Suicide (ကိုယ့်ဘာသာ သတ်သေ တာ) အကြောက်ရဆုံးပဲ။ ပြီးတော့ စွဲ တဲ့ မူးယစ်ဆေးဝါးအပေါ် မူတည်ပြီး သင့်တဲ့ဆေးပေးရတာဖြစ်တော့ ကုသ တဲ့ဆရာဝန်က အရေးကြီးတယ်။ ဒါကြောင့် စနစ်တကျဖြစ်ဖို့နဲ့ အန္တရာယ် ကင်းရှင်းစေဖို့အတွက်ကုသမှု ပေးရ မယ့် ဆရာဝန်တွေကို မတ်လအတွင်းမှာ မူးယစ်ဆေးဖြတ်ကုသမှုဆိုင် ရာသင်တန်းတွေ ပေးဖို့ရှိတယ်''ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာအောင် သန်းမောင်က ပြောသည်။
.
ကျိုင်းတုံတွင် မတ်လဆန်း၌ ဖွင့်လှစ်မည့် မူးယစ်ဆေးဖြတ်စခန်း အတွက်မူ ¤င်းထံ သက်ဆိုင်ရာဌာနမှ တင်ပြလာပါက ပြည်နယ်အစိုးရအ နေဖြင့် အဓိက အကူအညီပေးသွား ရန်ရှိပြီး စီမံချက်များဖြင့် လုပ်ဆောင် သွားရမည် ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။
.
ထို့အပြင် အကြမ်းဖြတ်သည့် ဆေးဖြတ်စခန်းများသည်လည်း ဆေးဝါးအကူအညီဖြင့် ဆေးဖြတ် နိုင်ရန် အားပေးကူညီရမည်ဖြစ်သလို တာချီလိတ်ဆေးဖြတ်စခန်းအား တစ်နှစ်ပတ်လုံးဖွင့်နိုင်ရန် လူထုမှ ကူညီစေလို ကြောင်းနှင့် လားရှိုး၊ လောက်ကိုင်၊ ရွှေပြည်သာ၊ ဆိုက်ခေါင်စခန်းများလည်း ပိုမိုတိုးတက် ဖွံ့ဖြိုးစေရန် လုပ်ဆောင်နေကြောင်း၊ ပြန်လည်ထူထောင်ရေးဌာနအပြင် ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်နှင့် ရန်ပုံငွေ လုံလောက်စေရန်လည်း လိုအပ်မည် ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးမှ ဆက်လက်ပြောကြားခဲ့သည်။
.
ကျိုင်းတုံတွင် မူလက မတ်လ ၄ ရက်မှ ဧပြီလ ၇ ရက်အထိ ဖွင့် လှစ်ရန်လျာထားသည့် ဆေးဖြတ်စ ခန်းသင်တန်းမှာ ဌာနမှခေတ္တဆိုင်း ငံ့ထားရန် ညွှန်ကြားလာသဖြင့် ဖွင့် လှစ်ခွင့်မရရှိသေးဘဲ အကယ်၍ ဖွင့် လှစ်ဖြစ်မည် ဆိုပါက သင်တန်းကာလမှာ ၃၅ ရက်ဖြစ်သောကြောင့် သင်္ကြန်ကာလခံနေသဖြင့် လာမည့် ဧပြီလအကုန် သို့မဟုတ် မေလ လောက်မှသာ ဖွင့်နိုင်ရန်ရှိမည်ဖြစ် သည်ဟု ကျိုင်းတုံစခန်း တာဝန်ခံ ဦးမျိုးသက်ထွန်းထံမှ သိရသည်။
.
''သင်တန်းကို ခဏရွှေ့ဆိုင်းထားဖို့ ရုံးချုပ်ကပြောတယ်။ အခုတော့မဖွင့်ဖြစ်နိုင်သေးဘူး''ဟု ဦး မျိုးသက်ထွန်းက ပြောသည်။
.
ယင်းသင်တန်းသို့ တက်ရောက် နိုင်ရန်အတွက် စောင့်ဆိုင်းနေသည့် မိုင်းတုံမြို့မှ ဆေးစွဲလူငယ်တစ်ဦး၏ ဖခင်ကမူ သင်တန်းများကို စဉ်ဆက် မပြတ်ဖွင့်လှစ်စေလိုကြောင်း၊ မူးယစ် ဆေးဝါးများကြောင့် ဆေးစွဲလူငယ် များနေ့စဉ်များပြားလာနေသော် လည်း ဆေးဖြတ်ချင်သူ လူငယ်များ အတွက်မူ သင်တန်းများမှာရှားပါး လှကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တွင် ပြည်သူ့စစ်မှဖွင့်လှစ်သည့် တာချီလိတ်မုန်းကိုးဆေးဖြတ်စခန်း ကိုမူ မိသားစုများမှ လုံးဝမနိုင်သည့် ဆေးစွဲလူငယ်များကို လက်ခံ ဖြတ် ပေးခြင်းများရှိသလျွိုဃှ မှ ဖွင့် လှစ်နေသည့် လွယ်ကော်ဝမ်းဆေး ဖြတ်စခန်းများထက် နိုင်ငံတော်မှ ဖွင့်လှစ်သည့် ဆေးဝါးအကူဖြင့် မူး ယစ်ဆေးဖြတ်သည့် သင်တန်းမျိုး ကိုသာ တက်ရောက်လိုသူ များပြား နေသဖြင့် သက်ဆိုင်ရာ အစိုးရနှင့် ဌာနဆိုင်ရာများမှ ကြိုးပမ်းဆောင် ရွက်ပေးစေလိုသည်ဟု ၄င်း၏အမြင်ကို ပြောသည်။
.
ယင်းကဲ့သို့ ဆေးဖြတ်သင်တန်း များကို ဖွင့်လှစ်ရာတွင် သင်တန်းတစ် ခုလျှင် သင်တန်းသား ဦးရေ ၃ဝ ကိုသာ လက်ခံနိုင်ကာ ၂ဝ၁၈ ခုနှစ်က တာချီလိတ်တွင် တစ်ကြိမ်သာဖွင့် လှစ်နိုင်ခဲ့သည်ဟု သိရှိရပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဆေးဖြတ်လိုသူ လူငယ်/လူကြီး ရာနှင့်ချီရှိနေကြောင်း သိရသည်။
.
နိုင်ငံတော်မှဖွင့်လှစ်သည့် ဆေး ဝါးအကူသုံးဆေးဖြတ်စခန်းများတွင် ဆေးစွဲအမျိုးအစားများဖြစ်သည့် မက်သာဖက်တမင်း (ရာမ/အိုက်စ်)၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ အရက်စသည်ဖြင့် ခွဲခြားကာ မတူညီသော ဆေးဝါးအကူ အညီများဖြင့် ကုသပေးလျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment