ပွဲကျင်းပပြုလုပ်ခွင့် တောင်းခံပါက မြို့နယ်သဘင်အစည်းအရုံး၏ ထောက်ခံချက် ထပ်မံလိုအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပွဲကျင်းပပြုလုပ်ခွင့် တောင်းခံပါက မြို့နယ်သဘင်အစည်းအရုံး၏ ထောက်ခံချက် ထပ်မံလိုအပ်



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်အတွင်း ပွဲကျင်းပခွင့်ပြု မိန့်တောင်းခံပါက ယခင် တောင်းခံမြဲ ထောက်ခံစာများအပြင် မြို့နယ်သ ဘင်အစည်းအရုံး၏ ထောက်ခံစာကို တစ်ပါတည်း တင်ပြပေးရန် လိုအပ် သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။
.

.
ယင်းကဲ့သို့ သဘင်အစည်းအ ရုံး၏ ထောက်ခံစာ တောင်းခံရန်အ တွက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တောင်ကြီးမြို့မှ ဖေဖော်ဝါရီလ ၁၄ ရက်စွဲပါစာနှင့် ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဖေဖော်ဝါရီလ ၂၈ ရက်စွဲပါ စာများဖြင့် မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ညွှန်ကြားလာခြင်း ဖြစ်သည်ဟု သိရသည်။
.
မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေး မှု ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး (၂/၂ဝ၁၉) ဆုံးဖြတ် ချက်အရ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သဘင်နှင့် ပတ်သက်သည့် ပွဲမိန့်များအား ထုတ် ပေးရာတွင် သဘင်အစည်းအရုံးအဖွဲ့ အဆင့်ဆင့်၏ ထောက်ခံချက်ရယူ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန သို့ တင်ပြခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာနများမှတဆင့် အကြောင်းကြားစာ ပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats