ကျိုင်းတုံမြို့ပေါ်ရှိ လမ်းငယ်/လမ်းသွယ်များ အဆင့်မြှင့်တင်ရန်အတွက် လူထုမှ လုပ်အားနှင့် လမ်းခင်းကျောက် ထည့်ဝင်ပါက ကတ္တရာလမ်း ဖြစ်နိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 4, 2019

ကျိုင်းတုံမြို့ပေါ်ရှိ လမ်းငယ်/လမ်းသွယ်များ အဆင့်မြှင့်တင်ရန်အတွက် လူထုမှ လုပ်အားနှင့် လမ်းခင်းကျောက် ထည့်ဝင်ပါက ကတ္တရာလမ်း ဖြစ်နိုင်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များရှိ လမ်းငယ်နှင့် လမ်းသွယ်နေရာများအား အဆင့်မြှင့်တင် နိုင်ရန်အတွက် လူထုမှ လမ်းခင်းကျောက်နှင့် လုပ်အား ပါဝင်လှူဒါန်း ပေးမည်ဆိုပါက လမ်းများအား ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင် နိုင်မည်ဖြစ်သည်ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်စည်ပင်သာယာရေးဌာန (ရုံးခွဲ)မှ သိရသည်။
.
.
ကျိုင်းတုံမြို့တွင်းနှင့် မြို့သစ်ရှိ လမ်းအချို့တွင် လူနှင့်ယာဉ်များ သွားလာရန် ခက်ခဲနေခြင်းအား ကုစား ဖြေရှင်းပေးရန်အတွက် မြို့နယ်စည် ပင်သာယာရေးဌာနမှ လိုအပ်သည့် ကတ္တရာ၊ လမ်းကြိတ်စက်နှင့်နည်း ပညာတို့ကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပြီး လိုအပ်နေသည့် လမ်းခင်း ကျောက်နှင့် လုပ်အားကို ပြည်သူ လူထုမှ ပူးပေါင်း ပါဝင်မည်ဆိုပါက လမ်းများအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးဌာန (ရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလုကာက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
''ကျွန်တော်တို့ဌာနမှာ လမ်းခင်း ကတ္တရာ တန် ၁ဝဝ ကျော် ရှိနေပါ တယ်။ လမ်းကြိတ်စက်နဲ့ လမ်းအင်ဂျင်နီယာ ပညာရှင်တို့ကို ပါဝင်ကူညီပေးမှာ ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ကတော့ လမ်းအလိုက်ဖြစ်စေ၊ ရပ်ကွက်အလိုက် ဖြစ်စေ လမ်းခင်းတဲ့နေ ရာမှာ လိုအပ်နေတဲ့ ကျောက်ခဲနဲ့ လုပ်သားအင်အား ပါဝင်မယ်ဆိုရင် စည်ပင် သာယာရေးဌာနကို အချိန်မရွေး ဆက်သွယ်ပြီး လမ်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ပါတယ်''ဟု ဦးလု ကာက ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့ရှိ ပြည် နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှလည်း ''လမ်းတစ်ခုချင်းရဲ့ လိုအပ်ချက်တွေ မတူညီနိုင်ပါဘူး။ ဒါကြောင့် မြို့ရဲ့ ဘယ်လမ်းမှာ ကျောက်အမျိုး အစား ဘယ်လောက်ကုန်ကျမယ်ဆို တာနဲ့ လုပ်အားလိုအပ်ချက်တွေကို ချပြရှင်းလင်းပေးထားမှ စိတ်ဝင်စားသူတွေ ရှိလာနိုင်ပါတယ်'' ဟု ၎င်း၏အမြင်အား မှတ်ချက်ပေး ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်း ငယ်နှင့် လမ်းသွယ်အများစုမှာ ချိုင့်ခွက်များ၊ မိုးရာသီတွင် ရေဝင်ရေလျှံ မှုများကြောင့် သွားလာရန် ခက်ခဲ နေပြီး ခဏတာ အဆင်ပြေရုံ လမ်းအ ပေါက်ဖာသည့် လုပ်ဆောင်ချက်အား ဒေသနေ လူထုများမှ ဝေဖန်ပြောဆိုမှုများ ရှိနေကြသည်။
.

No comments:

Post a Comment