အောင်ပန်းတွင် ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင် ပြန်လည်တည်ဆောက်ရေးအတွက် မြေနေရာနှင့် ပုံသဏ္ဍာန် အတည်ပြု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 31, 2019

အောင်ပန်းတွင် ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင် ပြန်လည်တည်ဆောက်ရေးအတွက် မြေနေရာနှင့် ပုံသဏ္ဍာန် အတည်ပြု


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်၊ အောင်ပန်းမြို့၊ စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် မတ်လ ၃၁ ရက်၊ နံနက်ပိုင်းကဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် ပြန်လည်တည်ဆောက်ရေး လူထုဆန္ဒ သဘောထား ခံယူပွဲ ပြုလုပ်ခဲ့ပြီး မြေနေရာနှင့် ပုံသဏ္ဍာန် အတည်ပြုချက်များ ရရှိခဲ့သည်ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းထံက သိရသည်။
.
.
တစ်ယောက်နှစ်ယောက်ကပဲ ပုံသဏ္ဍာန်ကို အရင်လို ၆ ပေထားဖို ဆန္ဒပေးပါတယ် ဒါပေမဲ့ အများဆန္ဒက ပိုပြီးအမြင်တင့်တယ်တဲ့ အရွယ်အစား ရဖို သဘောတူကြတယ် အရွယ်အစား အတည်ပြုချက်ရတာနဲတစ်ပတ်အတွင်း တည်ဆောက် သွားမှာဖြစ်ပါတယ်ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသိုပြောသည်။
.
လူထုတွေ့ဆုံပွဲတွင် မြေနေရာအတွက် ဆွေးနွေးရာ ယခင်သတ်မှတ်ထားသည့် ဗိုလ်မှူးကြီးဗထူးပန်းခြံအစား ယခုဖြိုဖျက်လိုက်သည့် ကျောက်တိုင်အဟောင်းနေရာမှ ပေ ၅၀ ခန်အကာရှိ စည်ပင်မှ အသုံးမပြုတော့သည့် အမှတ် (၄) ရပ်ကွက်ရှမြေနေရာအား ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
.
ထို့အတူ ပုံသဏ္ဍာန် ရွေးချယ်သတ်မှတ်ရာတွင် ၁၉၆၅ ခုနှစ်က ပြုပြင်တည်ဆောက်ခဲ့သည့် ၃ ဘက်ပုံစံကို မရွေးချယ်ဘဲ ၄ မျက်နှာ ပုံစံကိုရွေးချယ်အတည်ပြုခဲ့ကာ မူလကဗ္ဗည်းမော်ကွန်းကျောက်စာကို ပြန်လည် ထည့်သွင်း တည်ဆောက်သွားကြရန် ဆုံးဖြတ်ခဲ့ကြပြီး အရွယ်အစား အတည်ပြုဆုံးဖြတ်နိုင်ရန်အတွက် အချိန် ၃ ရက် ပေးထားကာ အတည်ပြုချက်ရရှိပါက အမြန်ဆုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း အောင်ပန်းမြို့၊ လမ်းဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အမ်ဘီက ထံမှ သိရသည်။
.
စည်ပင်က လမ်းအဖြစ်အသုံးမပြုတော့တဲ့ တြိဂံမြေနေရာမှာ အောက်က ဖောင်ဒေးရှင်းခံပြီး မျက်နှာမှာ ဒေါင်ုးပ်၊ ကုတ်ပန်းတွေနဲတည်ဆောက်သွားမှာဖြစ်ပါတယ် ယခင်နေရာထက် ၆ ပေလောက်မြင့်ပြီး အမြင်ပိုကောင်းမယ့် နေရာကို လူထုကရွေးချယ်ခဲ့တာဖြစ်ပါတယ်ဟု ဒေါ်အမ်ဘီကာ ကပြောသည်။
.
အသစ်တည်ဆောက်မည့် ကျောက်တိုင်ကို မူလကျောက်တိုင်ပုံစံအတိုင်း အမြင့် ၆ ပေ သာထားရှိရန်နှင့် သမိုင်းင်ပုံစံအတိုင်း ရှိစေရေးအတွက် ဆွေးနွေးချက်ကို အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်မှ အသက်(၇၆)နှစ်အရွယ် သတင်းစာဆရာဟောင်း ဦးင်းအောင်က ကန့်ကွက်ခဲ့ခြင်းဖြစ်သော်လည်း အများက ပိုမိုတင့်တယ် အမြင်ကောင်းသည့်အရွယ်အစားကို ဆန္ဒပြုခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
.
အဆိုပါ အောင်ပန်းမြို့၊ ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်မြေနေရာနှင့် ဒီဇိုင်းအတည်ပြုသတ်မှတ်နိုင်ရေး လူထုဆန္ဒခံယူပွဲ အစည်းအဝေးသိုစိတ်ပါဝင်စားသူ လူထု ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube