ရှမ်းပြည်နယ် သံဃာ့နာယက ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ လာရောက် ဖူးမျှော်၍ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, March 1, 2019

ရှမ်းပြည်နယ် သံဃာ့နာယက ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ လာရောက် ဖူးမျှော်၍ သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ လျှောက်ထား


စိုင်းရာဇာ
.
သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ မူလမင်းကွန်းကျောင်းတိုက်တွင် တောင်ကြီမြို့ ၌သီတင်းသုံးတော်မကြသော နိုင်ငံတော် သြဝါဒစရိယ ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟို သံဃာဝန်ဆောင် ဆရာတော်ကြီးများ၊ ပြည်နယ်/မြို့ နယ် သံဃာနာယက ဆရာတော်ကြီးများအား ယနေ့ မတ်လ ၁ ရက်၊ ညနေပိုင်းက လာရောက် ဖူးမျှော် ကြည်ညိုပြီးနောက် သာသနာတော်ဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ကြောင်း သိရသည်။
.

ဆရာတော်ကြီးများကလည်း ပြည်ထောင်စု ဝန်ကြီးအနေဖြင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိပြီး သာသနာတော် ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်စေရန် သြဝါဒစကား မြွက်ကြား ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment