မြစ်ဆုံစီမံကိန်း ဆိုသည်မှာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 11, 2019

မြစ်ဆုံစီမံကိန်း ဆိုသည်မှာ



ကျော်ကျော်လင်း (ရှမ်းပြည်)
.

.
မြန်မာနိုင်ငံရှိ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွဲ ကျိုးပဲ့သည့်ကိစ္စ ၂ဝ၁၈ ခုနှစ် ဇူလိုင်လတွင် လာအိုနိုင်ငံက ခီပီရမ်ခီနယ်နွိုင်ဆည်ကျိုးမှု ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင်တစ် ကမ္ဘာလုံးမှ လူအများစုကြီးသည် တည်ဆောက် ထားသည့် ဆည်များကို စိတ်ဝင်စားကြသည်။ လောလောဆယ် မြစ်ဆုံစီမံကိန်း ဘယ်အခြေ အနေရှိနေသလဲဟု စုံစမ်းမှုများလည်း ပြန်လည်ထွက်ပေါ်လာသည်။ ၁၉၆ဝ-၇ဝ ကျော် ကာလ များတွင် ကမ္ဘာ့ဘဏ်အပါအဝင် အခြားသော အဖွဲ့အစည်းကြီးများသည် ရေအားလျှပ်စစ်စီမံကိန်းများလုပ်ရန် တိုက်တွန်းထောက်ပံ့နေသော အချိန်ကာလများဖြစ်သည်။ အာဖရိက၊ တောင်အမေရိက၊ အိန္ဒိယစသည့်နေရာအနှံ့တွင် လုပ်ကြသည်။ ထိုစီမံကိန်းများ စတင်လုပ်သည့်အခါ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ နေရာဒေသ ရွှေ့ပြောင်းခံရခြင်း၊ သာမန်ပြည်သူများ၏ စားဝတ်နေရေး ပျက်စီးခြင်း ကြုံရတော့သည်။ ရေကာတာဟု ဆိုလိုက်သည်နှင့် ထိုအခြေအနေများနှင့် ဆက်စပ်မြင်လာသည်။ ထိုစီမံကိန်းကြီး များကို ဆန့်ကျင်လှုပ်ရှားမှုများလည်း ပေါ်ပေါက် လာသည်။
.
၁၉၉ဝ ကျော်နှစ်များတွင် ပတ်ခ်မွန်ဆည်ကြီးကို ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ထိုင်း နိုင်ငံက တည်ဆောက်ခဲ့ သည်။ မွန်းမြစ်ပေါ်တွင် ရှိသည်။ မဲခေါင်နှင့်လည်းနီးသည်။ လာအိုနှင့်လည်း နီးသည်။ ထိုဆည်ကို ထိုင်းနိုင်ငံသားများက အကြီးအကျယ် ဆန့်ကျင်ကြသည်။ အဓိက အကြောင်းရင်းမှာ ဆည်ကြီးကြောင့် ငါးအရင်း အမြစ်များ ပြုန်းတီးခြင်းကြောင့် ဖြစ်သည်။ ထို ဒေသရှိ ပြည်သူအားလုံးနီးပါးသည် ထိုငါးသယံ ဇာတအပေါ် မှီခိုနေရခြင်းကြောင့် ဖြစ်သည်။ ထိုကန့်ကွက်မှုကြောင့် ထိုင်းနှင့်ကပ်နေသည့် လာအိုကို လှည့်ကြည့်လာသည်။ လာအိုတွင်ရေ ကာတာများ ဆောက်ဖြစ်ရခြင်းမှာ သင့်တော်သော မြစ်များရှိခြင်း၊ ဖွံ့ဖြိုးမှုနိမ့်သော နိုင်ငံဖြစ် ခြင်း၊ အထိုက်အခံ မရှိခြင်းတို့ကြောင့်ဖြစ်သည်။ လာအို၏ မြစ်များပေါ်တွင် ဆည်ဆောက် ပြီး လျှပ်စစ်ထုတ်ကာ ထိုင်းနိုင်ငံသို့ တင်ပို့မည် ဟု စဉ်းစားပြီး စလုပ်ခဲ့သည်။ ကမ္ဘာ့ဘဏ်လည်း ပါခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ရည်မှန်းချက်ထဲမှာ ဆင်းရဲ မွဲတေနေသည့် လာအိုတွင် ရေအားလျှပ် စစ်ထုတ်ပြီး ဝင်ငွေရှာဖွံ့ဖြိုးအောင်လုပ်ရန် အား သန်နေပါသည်။ ၁၉၉၇ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် ရေကာတာစီမံကိန်း များ အရှိန်နှေး သွားသည်။
.
ဆည်များ၏ အကျိုးဆက်ကို လေ့လာသည့် နေရာတွင် ပါဝင်ရန် ကမ္ဘာ့ဘဏ်က သဘောတူခဲ့သည်။ ဝေဖန်ကန့်ကွက်သံများ ဆူညံလာခြင်းကြောင့် ဖြစ်သည်။ WeD အစီရင်ခံစာဟု လူ သိများသည်။ ''ရေကာတာ ကြီးများနှင့် ဖွံ့ဖြိုးရေး''ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်နိုင်ခဲ့သည်။ ဆည်နှင့်ပတ်သက်၍ ဝေဖန်သူများ၏ ထောက်ပြချက် အများစုသည် မှန်သည်ဟုအတည်ပြုပေးသည့် သဘောရှိပါသည်။ ရေအားလျှပ်စစ် စီမံကိန်းများ ရေးဆွဲဆောက်လုပ်ရာတွင် အပြောင်းလဲကြီးကြီးမားမားများ လုပ်ဖို့ လိုမည် ဟု WeD အစီရင်ခံစာက ကောက်ချက်ချသည်။ ထိုအစီရင်ခံစာ ထွက်လာပြီးသည့်နောက် ကမ္ဘာ့ဘဏ်စီမံကိန်းကြီးများအတွက် အထောက်အပံ့ကို ရပ်တော့မည်ဟု တွေးခဲ့သော်လည်း နမ့်သူတူးစီမံကိန်းကို ဆက်ပြီးထောက်ပံ့ရန် ပြင်ဆင် ခဲ့ပါသည်။ ပုဂ္ဂလိကဘက်ကိုဖိတ်ခေါ်သည့် ပြင်သစ်က စွမ်းအင်ကုမ္ပဏီများ ပါလာသည်။ ထိုင်းလျှပ်စစ်ဌာန အီးဂတ်နှင့် လက်တွဲလုပ်ဆောင်ရာတွင် ကမ္ဘာ့ဘဏ်က အထောက်အပံ့ပေးရန် စိတ်ဝင်စားသည်။ ကမ္ဘာ့ဘဏ်က လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများတွင် အကျိုး အမြတ်ရှိအောင်၊ မနစ်နာအောင်လုပ်မည်၊ ပြည်သူများနှင့် သဘောတူညီချက် ယူမည်ဟုဆို သော်လည်း လာအို၏ နိုင်ငံရေးစနစ်သည် ပြည်သူများ ပါဝင်ဆွေးနွေးပြောဆိုလို့ မရသည့်အ နေအထား ဖြစ်နေသည်။ ယင်းအတွက် ကမ္ဘာ့ ဘဏ်မှ နိုင်ငံခြားသားအများစု ပါဝင်သည့်ကျွမ်း ကျင်သူများအဖွဲ့ကို ဖွဲ့လိုက်သည်။ လာအိုပြည်သူလူ့အဖွဲ့အစည်း နေရာတွင် ထိုကျွမ်းကျင်သူ များ အဖွဲ့ကို အစားထိုးပြီး သူတို့၏ အကြံပြုချက်ဖြင့် လုပ်ဆောင်ပါသည် မျိုးဖြစ်အောင် လုပပါသည်။ နိုင်ငံတကာ NGO များ၏ ထောက်ခံမှုရအောင် လုပ်သည်။ ယခုတစ်ခေါက် လုပ်ဆောင်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် လူအများ အကျိုးရှိအောင် လုပ်မည်ဟု ကမ္ဘာ့ဘဏ်မှ အဆိုပြုပါသည်။
.
နမ်သူတူး စီမံကိန်းသည် ကြီးမားရှုပ်ထွေးလှသည်။ ဤဆည်သည် မြစ်နှစ်ခုပေါ်တွင် အကျိုးသက်ရောက်နေသည်။ တစ်ခုက အပေါ် ဖက်က နမ်သူမြစ်နှင့် အောက်ဘက်က ဇီဘန် ပိုင်မြစ်ဟု ရှိရာတွင် နမ်သူမြစ်၏အောက်တွင် ဆည်ပိတ်ပြီး ရေစုလိုက်သည်။ အလယ်တွင် လျှပ်စစ်ထုတ်သည့် စက်ရုံကို ဆောက်လိုက် သည်။ စက်ရုံမှ ထုတ်သည့်ရေကို နောက်မြစ်ကြောင်းဖြစ်သည့် ဇီဘန်ပိုင်ထဲသို့ သွားတည့် သည်။ ယင်းသို့ လုပ်ခြင်းကြောင့် လျှပ်စစ်စွမ်း အင်ထုတ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက် ပါသည်။ သို့သော် မြစ်တစ်ခုမှရေကို တစ်ခြား မြစ်ထဲသို့ ပို့လိုက်သည့် ဖြစ်စဉ်သည် မြစ်နှစ်ခု လုံးကို ထိခိုက်ရှုပ်ထွေးစေပါတော့သည်။
.
နမ်သူတူးရေကာတာသည် အရှေ့တောင် အာရှတွင် အကြီးဆုံး စီမံကိန်းစာရင်းဝင် ဖြစ် သည်။ ၉၅ ရာခိုင်နှုန်းသော လျှပ်စစ်ကို ထိုင်း အားရောင်းသည်။ လာအိုက ရမည့်အမြတ်၏ ၂၅ ရာခိုင်နှုန်းကို ဆင်းရဲမွဲတေမှု လျှော့ချရေး တွင် သုံးမည်ဟု စီမံကိန်းထဲတွင် ရေးထားပါသည်။ ဤစီမံကိန်းသည် အစိုးရနှင့် ပုဂ္ဂလိက တွဲပြီးလုပ်သည့် စီမံကိန်းဟု ရည်ညွှန်းထားသည်။ ဆိုလိုရင်းမှာ ကမ္ဘာ့ဘဏ်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ထောက်ပံ့သည်။ လုပ်ငန်းရှင် များသည် လာအိုအစိုးရနှင့် တွဲပြီးလုပ်ရသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များက ရင်းနှီးမြှုပ်နှံသူများကို ဆုံးရှုံးမှု မဖြစ်စေရဆိုသည့် အာမခံချက်ဝင်ပေးရသည်။ လာအိုအစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများပေါင်းပြီး နမ်သူတူး လျှပ်စစ်ကုမ္ပဏီကို ဖွဲ့သည်။ ဆည်ဆောက်ပြီးလျှင် စက်ရုံကို လည်ပတ်မည်၊ သတ်မှတ်သက်တမ်းပြည့်သည့်အခါ စီမံကိန်းကို ပြန်လည်လွှဲ ပြောင်းယူမည်။ လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုများအတွက် ကုစား၍ ရသည့် ကိစ္စများအတွက် နမ်သူတူးလျှပ်စစ်ကုမ္ပဏီတွင် တာဝန်ရှိသည်။ နှစ်စဉ်ဒေါ်လာတစ်သန်းကို ဆည်အနီး ပတ်ဝန်းကျင် ကာကွယ်ရေးအတွက် သုံးထားပါသည် စသည့်အကြောင်းပြ ချက်များဖြင့် အလွန်ကောင်းသည့် စီမံကိန်းဟု ညွှန်းဆိုကြသည်။ ကမ္ဘာ့ဘဏ်မှ နမ်သူတူး စီမံကိန်းကို ၂ဝဝ၅ ခုနှစ်တွင် သဘောတူခွင့်ပြုပြီး ၂ဝဝ၈ ကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပြီး ၂ဝ၁ဝ တွင် စက်ရုံစတင်လည် ပတ်သည်။ ဆည်ကြီးပြီးသွား သည့်နောက် ထိခိုက်မှု တစ်ခုမှာ ဆည်ရေလွှမ်းဧရိယာကြောင့် ဒေသခံ ပြည်သူခြောက်ထောင်ကျော် နေရာရွှေ့ ပြောင်းရပြီး သူတို့အားလုံး အခြေတကျ ပြန်မဖြစ်တော့ပါ။ ဆည်၏ အောက်ဘက်တွင်နေထိုင်သည့် လူသိန်းနှင့်ချီ များအတွက် ငါး၊ သယံဇာတများ ဆုံးရှုံးရသည်။ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းရသူများ ဖြစ်သည်။ ထိုသူများ အပေါ်အကြီးအကျယ် ရိုက်ခတ်မှုဖြစ်သည်။ မြစ်တစ်ခုမှ ရေကို ယူလိုက်သည့်အတွက် ရေ မရှိတော့သလို နောက် မြစ်တစ်စင်းမှာလည်း အခြားမြစ်မှ ရေအများကြီး လှိမ့်ဝင်လာသည်။ ရေလွှမ်းသွားသည် နာကိုင် ကုန်းပြင်မြင့်တွင် ဇီဝမျိုးကွဲများ ရှားပါးလာပြီး ဂေဟစနစ် ထိခိုက်ရသည်။
.
စီမံကိန်းရေးဆွဲစဉ်က ရေလွှမ်းဧရိယာထဲရှိ သစ်ပင်သစ်တောများကို ရှင်းလင်းပေးရန် ဆိုသည့် ကတိလည်း မတည်ခဲ့ပါ။ ထိုအချက်ကို ဘာကြောင့် ထည့်သွင်းရသနည်းမှာ ရေဖုံးလွှမ်း သည့်အခါ ရေအောက်ထဲမှ သစ်ပင်များကြောင့် ရေထဲတွင် အောက်စီဂျင်နည်းသွားခြင်းကြောင့် ငါးများနေ၍ မရတော့၊ အသက်ဇီဝရှင်သန်လို့ မရတော့ပါ။ ထို့အတွက်ကြောင့် ရှင်းလင်းပေးရန် တောင်းဆိုထားကြခြင်း ဖြစ်သည်။ လုပ်ပိုင် ခွင့်ရသည့် ကုမ္ပဏီများကလည်း ရောင်းစားလို့ ရသည့် အပင်သာ ခုတ်ယူသွားကြပြီး အကျိုးအမြတ် မရှိသည့်အပင်များကို ရှင်းလင်းပေးဖို့ပြောသည့်တိုင် မလုပ်ဘဲ ထားသွားပါသည်။ အသက် ဇီဝများအတွက် အောက်စီဂျင် ပြတ်လပ်ပြီး ငါးများလည်း မရှင်သန်နိုင်တော့ပါ။ ငါးဖမ်းလုပ်ငန်းနှင့် ဆက်ပြီး အသက်မွေးရန်ကိစ္စကို ထိခိုက်စေပါသည်။
.
နမ်သူတူး စီမံကိန်းတွင် ရေဝေရေလဲဒေသ ကို ထိန်းသိမ်းရန် နှစ်စဉ်ဒေါ်လာ တစ်သန်းပေးပါသည်။ အစိုးရမှ ဦးစီးပြီး ဖွဲ့ပေးထားသည့် ရေဝေရေလဲ ထိန်းသိမ်းသည့် အဖွဲ့ကြီး (WMPA)ကို ပေးခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ လွတ်လပ် သည့် ကျွမ်းကျင်သူများ အဖွဲ့၏ အစီရင်ခံစာတွင် ရေဝေရေလဲ ဒေသကာကွယ်ရေး အဖွဲ့ (WMPA)သည် လုံးဝ မအောင်မြင်သော အဖွဲ့ဖြစ်သည်ဟု ဆိုပါသည်။ သူတို့တွေ့ရသည် မှာ အဖိုးတန်သည့် စန္ဒကူးပင်လိုမျိုးများ ခုတ် ရောင်းခြင်း၊ တောရိုင်းသတ္တဝါများ ဖမ်းဆီးခြင်း၊ ရောင်းချခြင်းများသာ တွေ့နေရသည်ဟု ဆို သည်။ ရေဝေရေလဲ ဒေသကာကွယ်ရေးအဖွဲ့ တွင် ပိုက်ဆံများရှိသော်လည်း ကာကွယ်ရန်သုံး ခြင်း မဟုတ်၊ တကယ်တမ်းတောထဲ ရောက်အောင် ကာကွယ်သည့် ဖွဲ့စည်းပုံလည်း မရှိဟု ဆိုပါသည်။
.
တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရန် မအောင်မမြင် ဖြစ်ရခြင်းမှာ လူများစားဝတ်နေရေး ကျပ်တည်းလာခြင်းလည်း ပါသည်။ လှေဖြင့်သွား၊ ဟိုဖက်တောတွင်းသို့ ဝင်ရတာလေးကို ရောင်းချစား ဆိုသည်များလည်း ပါသည်။ နယ် နိမိတ်ချင်း ထိစပ်နေခြင်းကြောင့် ထိုင်းနိုင်ငံဘက်မှ မုဆိုးများက ဖမ်းဆီးပစ်ခတ်ပြီး တရုတ်နိုင်ငံသို့ ရောင်းချပါသည်။ တောရိုင်း တိရစ္ဆာန် အပါအဝင် ကျန်နေတာလေးများကို မည်သို့ ကာကွယ်ကြမည်ဆိုသည်။ အစီအစဉ်များရေး ဆွဲနေကြဆဲ ဖြစ်သည်။ နေရာဒေသတော်တော် များများလည်း ထိခိုက်နစ်နာ ဆုံးရှုံးပြီးခဲ့ပြီ ဖြစ်သည်။
.
စီမံကိန်း ဖြစ်လာရန် တွန်းအားပေးစဉ်က ကမ္ဘာ့ဘဏ်မှ အကြီးအကျယ် ပြောခဲ့တာရှိပါသည်။ ''ဒီစီမံကိန်းက ရတဲ့ဝင်ငွေတွေဟာ လာအိုအစိုးရဆီကို သွားမယ်။ အစိုးရသည် ပြည်သူတွေရဲ့ ဆင်းရဲမှု ပပျောက်ရေးမှာ သုံးမယ်'' ဟု ဆိုသည်။ ဆည်ကထုတ်သည့် လျှပ်စစ်ကို ပြည်သူများ သုံးရခြင်း မဟုတ်ပါ။ ထိုင်းနိုင်ငံသို့ ရောင်းချခြင်းသာ ဖြစ်သည်။ စီမံကိန်းမှရသည့် အကျိုးအမြတ်များသည် ပြည်သူများထံသို့ ရောက်ရန် အရေးကြီးပါသည်။ တွက်ကြည့် လျှင် ထိုငွေများသည် သီးသီးသန့်သန့် စာရင်းအဖြစ်တောင် မရှိဘဲ အစိုးရဘတ်ဂျက်ထဲသို့ဝင် သွားသည်က အများစုဖြစ်နေသည်။ ဆည်မှရသည့် ဝင်ငွေနှင့် ဆင်းရဲမွဲတေမှု လျှော့ချမည်ဆို သည့် ရည်ရွယ်ချက်မှာ မဖြစ်မြောက်ဟု ဆိုရ ပေမည်။
.
နိဂုံးချုပ်ဆိုရသော် လေ့လာတွေ့ရှိချက်များ၊ အစီရင်ခံစာများ၏ ညွှန်ပြချက်များအရ ဆိုရသော် နမ်သူတူးရေကာတာ စီမံကိန်းသည် လူ မှုရေးအရရော၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအ ရပါ ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ကို တွေ့ရ သည်။ နမ်သူတူးအတွေ့အကြုံအရဆိုလျှင် ရေ ရှည်တည်တံ့သည့် လျှပ်စစ်ဓာတ်အားဆိုသည် မှာ ဆိုးဆိုးရွားရွား ဆုံးရှုံးခြင်းဖြစ်သည်။
.
ဧရာမရေကာတာကြီးများ တည်ဆောက်ရန် တရုတ်၊ ဘရာဇီး၊ အိန္ဒိယမှ ဆောက်လုပ်ရေး ကုမ္ပဏီများက ပြင်ဆင်နေပါသည်။ ကမ္ဘာပေါ်ရှိ ဆည်အကြီးကြီးများသည် ပြောထားသလို အ ကျိုးမများသည့် ကြမ်းတမ်းသည့် စက်မှုခေတ် ၏ ရုပ်ြ<ွကင်းများသာ ဖြစ်သည်ဟု ဆိုပါသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအ ပေါ်ဆိုးကျိုး သက်ရောက်မှုများကို ထည့်မတွက် လျှင်ပင် ရေကာတာကြီးများအတွက် အမှန်တ ကယ်ငွေကြေး ကုန်ကျစားရိတ်သည် အကျိုးအ မြတ်မရှိနိုင်အောင် မြင့်မားလွန်းသည်၊ ရေကာ တာကြီးများသည် ပေးဆပ်ရသည့် စားရိတ်ကို မကာမိရုံသာမက လက်ရှိဆောက်ဆဲဆည်ကြီး များကြောင့် လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘေးဒုက္ခများ ကျရောက်လိမ့်မည်၊ ရေ ကာတာ ဆောက်ရန်တိုက်တွန်းနေသူများသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဘေးအန္တရာယ်ကို လျစ်လျူရှု နေကြသည်။ ရေကာတာကြီးများ တည်ဆောက်ခြင်းကြောင့် နေရာရွှေ့ပြောင်းရသူ အများစု၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု များ ပိုမိုဆိုးရွားသည်ကိုသာ တွေ့ရသည်။
.
ရေကာတာကြီးများ တည်ဆောက်ခြင်းကြောင့် မြစ်များ၏ ရာသီအလိုက် စီးဆင်းပုံနှင့် နေ့စဉ် ရေစီးရေလာ အနေအထားပြောင်းလဲသွားမည်၊ မြစ်များ၏ ဖွဲ့စည်းပုံ စနစ်စိတ်မွှာပြတ် တောက်သွားမည်။ ရေအရည်အသွေး ပြောင်းလဲသွားမည်။ မြစ်အောက်ပိုင်းတွင် နှုန်းပို့ချမှု လျော့ကျလာ၍ ကမ်းပါးတိုက်စားမှုများလာမည်။ ဇီဝ စုံလင်ကွဲပြားမှု လျော့ကျလာမည်၊ မြစ်ဝှမ်းဒေသ သယံဇာတနှင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးမည်၊ သဘာဝရေစီးရေလာသည် မြစ်တစ်ခု ရှင်သန်ဖို့ မဖြစ်မနေ လိုအပ်ချက်ဖြစ်သည်။ မေခ-မလိခ၏ ရေစီးရေလာကို မြစ်ဆုံရေကာတာနှင့် ထိန်းချုပ်ခြင်းကြောင့် ဧရာဝတီ ရေစီးရေလာကို ၆၅ ရာခိုင်နှုန်း ထိန်းချုပ်သလို ဖြစ်သွားကာ ဧရာဝတီကို အသက်ဝင်စေမည့် အခြေအနေများ ဖြစ်ပါသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသ၏ အထက်ပိုင်းတွင်သာ တွေ့ရသော ထူးခြားသည့် ဂေဟဒေသ သုံးခုသည် ဆည်စီမံကိန်းများကြောင့် ပျက်စီးရဖို့ ရှိပါသည်။
.

No comments:

Post a Comment

Recent Tube