မိုင်းတုံမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဘဲ ခိုးရာလိုက်သွားခဲ့သည့် ကျောင်းသားအား တာဆန်းတံတားတွင် ပြန်လည် တွေ့ရှိပြီး မိဘထံ အပ်နှံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 7, 2019

မိုင်းတုံမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဘဲ ခိုးရာလိုက်သွားခဲ့သည့် ကျောင်းသားအား တာဆန်းတံတားတွင် ပြန်လည် တွေ့ရှိပြီး မိဘထံ အပ်နှံ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားတစ်ဦးမှာ နေအိမ်မှ ပျောက်ဆုံးသွားခဲ့သဖြင့် လူပျောက်မှုဖြင့် အမှုဖွင့်ထားခဲ့ပြီး မတ်လ ၆ ရက်၊ ညနေပိုင်းက သံလွင်မြစ်ကူးတံတား (တာဆန်း) တွင် ခရီးသည်တင်ယာဉ်ပေါ်၌ ၎င်းနှင့်အတူ ခိုးရာလိုက်ခဲ့သည့် မိန်းကလေးငယ် တစ်ဦးနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
.
.
မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ စိုင်းချစ်ထွေး (၁၆ နှစ်)မှာ မတ်လ ၅ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်တွင် နေအိမ်မှ ပျောက်ဆုံးခဲ့ကြောင်း မိသားစုများမှ လူပျောက်တိုင်ကြားလာသဖြင့် မိုင်းတုံမြို့မရဲစခန်းမှ လူပျောက် အမှတ်စဉ် (၁/၂၀၁၉) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေစဉ် အဆိုပါစိုင်းချစ်ထွေးနှင့်အတူ ခိုးရာလိုက်ပြေးခဲ့သည့် မိန်းကလေးငယ်တို့အား မတ်လ ၆ ရက် ညနေ ၃ နာရီ ခန့်က မိုင်းတုံမြို့မှ ၃၃ မိုင် ကွာဝေးသည့် သံလွင်မြစ်ကူးတံတား (တာဆန်း)တွင် ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ ပြန်လည်တွေ့ရှိခဲ့ပြီး မိဘများထံ ပြန်လည် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စိုင်းချစ်ထွေးမှာ မတ်လ ၃ ရက်က မိုင်းတုံမြို့တွင် ကျင်းပနေသည့် ဈေးပွဲတော်အတွင်း လွန်ခဲ့သည့်တစ်နှစ်ခန့်က ချစ်ကြိုက်ခဲ့သူ မိုင်းခတ်မြို့နေ မိန်းကလေးငယ်နှင့် တွေ့ဆုံကာ ပွဲလည်ပတ်ပြီးနောက် မိန်းကလေးမှ  အိမ်မပြန်ချင် တော့ကြောင်း ပြောဆိုခဲ့ပြီး စိုင်းချစ်ဆွေမှာလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလိုစိတ်မရှိသဖြင့် နှစ်ဦး တိုင်ပင်ကာ ဆွေမျိုးများရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့သို့ နှစ်ဦးသဘောတူ ခိုးရာလိုက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment