ကျိုင်းတုံမြို့မဈေး လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် တိုးမြှင့်ဆောင်ရွက်ထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 4, 2019

ကျိုင်းတုံမြို့မဈေး လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် တိုးမြှင့်ဆောင်ရွက်ထား


ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့မဈေးတွင် ဈေးပိတ် ရက်အတွင်း လုံခြုံရေးနှင့် သန့်ရှင်း သာယာလှပရေး လုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ပေးထား ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာ ယာရေးဌာန၊ ဈေးခေါင်းရုံးမှ သိရ သည်။
.
.
မြို့မဈေးကြီးအတွင်း၌ ညအချိန် တွင် မှောင်ရိပ်ခို၍ မသမာမှုများ ကင်း ရှင်းစေရန်အတွက် ဈေးနေရာအနှံ့တွင် LED လျှပ်စစ်မီးများ တပ်ဆင် ထွန်းညှိခြင်းလုပ်ငန်းကို ဈေးပိတ်ရက်အတွင်း အပြီးဆောင် ရွက်ခဲ့သည်ဟု သိရသည်။
.
''ဈေးအတွင်းက လမ်းတွေ အားလုံးကို ကွန်ကရစ် ခင်းထားပြီး ဖြစ်ပါတယ်။ ပြီးတော့ ဈေးလုံခြုံရေး အတွက် မီးတွေ အားလုံးလင်းအောင် လုပ်ပေးထားပါတယ်။ ဈေးဆိုတာ မြို့တစ်ခုရဲ့ ဂုဏ်သိက္ခာပြယုဂ်တစ်ခု ဖြစ်သလို ဈေးကို ကြည့်ပြီးတော့ စည်ပင်သာယာရေး ဌာနရဲ့ စွမ်း ဆောင်ရည်ကို အကဲဖြတ် လေ့လာ သိရှိနိုင်ပါတယ်''ဟု ကျိုင်းတုံ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးတာဝန်ခံ ဦးမနားရွှီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံ မြို့မဈေးကြီးအတွင်း သို့ နေ့စဉ် ဈေးဝယ်လာနေသည့် အိမ် ရှင်မတစ်ဦးက ''အရင်တုန်းကဆိုရင် ဈေးအတွင်းမှာ မြေသားလမ်း မညီ မညာနဲ့ မိုးရွာချိန်ဆိုရင် စိတ်ပျက် ဖို့ကောင်းပါတယ်။ အခုတော့ ကျယ် ဝန်းညီညာတဲ့ ကွန်ကရစ်လမ်းတွေ ကြောင့် စိတ်ချမ်းသာပြီး ဈေးဝယ် သူနဲ့ ဈေးရောင်းသူတွေ အဆင် ပြေနေလို့ ဝမ်းသာပါတယ်''ဟု ၎င်း ၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမြို့မဈေးသည် မနက် အစောပိုင်းမှ နေမွန်းတည့်ချိန် အ ထိသာ ခင်းကျင်းရောင်းချသည့် နေ့ တစ်ပိုင်းဈေးဖြစ်ပြီး လစဉ် လပြည့်နေ့ များကို ဈေးပိတ်ရက်အဖြစ် သတ် မှတ်ထားကာ နှစ်စဉ် ရွှေညောင်ပင် မြို့ရိုးအနီးတွင် ခင်းကျင်းရောင်းချ သည့် စော်ဘွားဈေးနေ့ကိုလည်း ဈေးပိတ်ရက်အဖြစ် သတ်မှတ်ထား ကြောင်း သိရသည်။
.

No comments:

Post a Comment