ကမ္ဘာ့ဘဏ်ရုံးအဖွဲ့မှ မူဆယ် (၁၀၅) မိုင်တွင် ကုန်သွယ်မှုနှင့် အကောက်ခွန်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ လာရောက် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာ့ဘဏ်ရုံးအဖွဲ့မှ မူဆယ် (၁၀၅) မိုင်တွင် ကုန်သွယ်မှုနှင့် အကောက်ခွန်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ လာရောက် ဆွေးနွေး



ဇော်ဇော် (မူဆယ်)
.
ကမ္ဘာ့ဘဏ်ရုံးမှ Senior Economist ဖြစ်သူ Mr Sjamsu RahardjiMrGerard Muclinden တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် (၁၀၅) မိုင် နယ်စပ် ကုန်သွယ်ရေးဌာနသို့ လာရောက်ပြီး ကုန်သွယ်မှုနှင့် အကောက်ခွန်လုပ်ငန်းပိုင်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
.
.
အဆိုပါအဖွဲ့အား (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် ကုန်သွယ်ရေးဇုန် မှ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးရဲမြင့်၊ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင် ထွန်းနှင့် အကောက်ခွန်ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
.
ထို့နောက် ကုန်သွယ်ရေးဇုန်း အစည်းအဝေး ခန်းမဆောင်တွင် နှစ်ဘက် အပြန်အလှန် မိတ်ဆက်ခဲ့ကြပြီး Custom modernization and Trade Facilitation Compoenet in the Private Sector Growth and Competitiveness Project နှင့် စပ်လျဉ်း၍ မူဆယ်မြို့ရှိ အကောက်ခွန် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းပိုင်ဆိုင်ရာ ကိစ္စရပ်များ လွယ်ကူချောမွေ့စေရေး အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် ကုန်သွယ်ရေးဇုန် ကုန်ပစ္စည်း စစ်ဆေးရေးကွင်းအတွင်းရှိ ပို့ကုန်(Export) No.(2) X.RAY နှင့် သွင်းကုန် (Imports) No.(1) X.RAY များအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats