ကလေးစာပေနှင့် လူငယ်စာပေ ဖွံ့ဖြိုးရေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 26, 2019

ကလေးစာပေနှင့် လူငယ်စာပေ ဖွံ့ဖြိုးရေး


ရဲဘော်မြသိန်း(ဟိုပုံး)
.
ကလေးစာပေနှင့် လူငယ်စာပေ

ယခုအခါ နိုင်ငံတော်က စာပေဘာသာရပ် (၁၃)မျိုးကို ယေဘုယျသတ်မှတ် ပြဌာန်းထားရှိ ပါသည်။ င်းတို့မှာ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ သုတပဒေသာ (ဝိဇ္ဇာပညာရပ်)၊ သုတပဒေသာ (သိပ္ပံနှင့် အသုံးချ သိပ္ပံ ပညာရပ်)၊ စာပဒေသာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေးစာပေ၊ အင်္ဂလိပ်စာမူနှင့် ဘာသာပြန် စာပေတို့ ဖြစ်ကြ ပါသည်။ ထိုဘာသာရပ် (၁၃)မျိုးထဲတွင် က လေးစာပေနှင့် လူငယ်စာပေတို့သည် ဘာသာ ရပ်တစ်ခုစီ သီးခြားပါရှိကြပါသည်။ လက်ရှိမြန် မာစာပေလောကတွင် ကလေးစာပေနှင့် လူငယ် စာပေတို့ သီးခြားစီဖြစ်ကြကြောင်း တော်ရုံတန် ရုံ မသိရှိကြပါချေ။ ပြင်ပ ပုဂ္ဂိုလ်များကို မဆို ထားဘိ၊ စာပေနယ်ထဲက စာပေသမားများ (စာရေးဆရာနှင့် အခြားစာပေပညာရှင်များ)ပင် နှစ်ခုစလုံးကို ရောထွေး နားလည်နေလေ့ ရှိကြပါ သည်။
.

ကလေးစာပေ

ကလေးစာပေတွင် ကဗျာပုံစံနှင့် စကားပြေ ပုံစံဟူ၍ အဓိက နှစ်ပိုင်းခွဲခြားနိုင်ပါသည်။ ကဗျာပုံစံတွင် ရှေးယခင် ကာလများက ရှိခဲ့ ကြသော သားချော့တေးများနှင့် ယခုခေတ် က လေးကဗျာများ ဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။ သားချော့တေးပုံစံဖြစ်ဖြစ်၊ ယခုခေတ်ကလေးက ဗျာပုံစံဖြစ်ဖြစ် နှစ်မျိုးစလုံး ကလေးများအတွက် အသုံးတည့်ကြသည်သာ ဖြစ်ပါသည်။ ရှေးက သားချော့တေးများကိုမှီ၍ ခေတ်အဆက်ဆက် တီထွင်အသုံးပြုလာကြသလို၊ ယခုခေတ်က လေးကဗျာများကလည်း ပုံစံအမျိုးမျိုး ရေးနည်း ရေးဟန်အသွယ်သွယ်တို့ဖြင့် ကလေးများကို ဖမ်းစားနိုင်ခဲ့ကြပါသည်။ ကလေးများကို အကျိုး ပြုနိုင်ခဲ့ကြပါသည်။ ယခုအခါ ကလေးကဗျာများ သည် သားချော့တေးပုံစံမှအစ၊ သံပေါက်နှင့်အ ချိုးကဗျာ ပုံစံများအလယ်၊ တေးသီချင်းဆို ပုံစံ အဆုံး အမျိုးမျိုး အထွေထွေ ကြည်ကြည်လင် လင် ချိုချိုမြမြ ပေါ်ထွက်လျက်ရှိကြပါသည်။ က လေးများ ပျော်ရွှင်စွာ လွယ်လွယ်ကူကူရွတ်ဆို နိုင်ကြပါသည်။ မြန်မာစာပေတွင် စကားပြေ သည် နောက်ပိုင်းမှ ထွန်းကားတိုးတက်လာသ လို ကလေးစာပေတွင်လည်း ထို့အတူပင်ဖြစ်ရာ ''ကလေးစာပေအစ၊ ကလေးကဗျာများက'' ဟူ ၍ ဆိုနိုင်ပါသည်။
.
တစ်ဖန် စကားပြေပုံစံတွင် ပုံပြင်၊ဆောင်း ပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ် နှင့် ဘာသာပြန်များ ပါဝင်ကြမည် ဖြစ်ပါသည်။ ထိုအထဲတွင် ကလေးဝတ္ထုရှည်နှင့် ကလေးပြ ဇာတ်များကို စာပေသမားများ ရေးလေ့ရေးထ မရှိကြပါ။ လုံးဝ မရေးဟု မဆိုလိုပါ။ ပုံပြင်၊ ဝတ္ထုတို၊ ဆောင်းပါးနှင့် အက်ဆေး ကလေးစာ များကိုသာ အများဆုံး ရေးသားလေ့ရှိကြပါ သည်။ စကားပြေပုံစံတွင်လည်း ရေးဟန်နှင့်စ ကားပြောဟန် နှစ်မျိုးရှိပြန်ရာ နှစ်မျိုးစလုံးပင် ကလေးများနှင့် အသုံးတည့်ကြပါသည်။ က လေးများကလည်း ပုံစံနှစ်မျိုးစလုံးကို နှစ်ခြိုက် စွာ ဖတ်မှတ်လေ့ရှိကြပါသည်။
.
ကျွန်တော်တို့သည် ကလေးစာပေကို ရေး သားကြရာတွင် ကလေးတို့၏ အသက်အရွယ် အပိုင်းအခြားကို ချိန်ဆကြရပါသည်။ သူတို့အ သက်အရွယ်များနှင့် လိုက်လျောညီထွေသော အရေးအသားများကိုသာ အသုံးပြုကြရပါသည်။ လူကြီးအတွေး၊ လူကြီးအရေး ယုတ်စွအဆုံး လူ ငယ်အတွေး လူငယ်အရေးအထိ မပါဝင် မရော ယှက်အောင် ရေးသားကြရပါသည်။ အရေးအ သားများကို အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ဖြစ်အောင် နှိမ့်ချကြရပါသည်။ ရေးသားကြရပါ သည်။ သို့သော် စာပေအနုပညာ သဘောတရား များကိုတော့ သိမ်သိမ်မွေ့မွေ့ ထည့်သွင်းကြရ ပါသည်။ သို့မဟုတ်က စာသင်ကျောင်းများတွင် ရေးသားကြသော စာစီစာကုံးများလို အကြောင်း ခြင်းရာ တစ်ခုတည်းကိုသာ ငြီးငြီးငွေ့ငွေ့ကြီး ဦးတည်သလို ဖြစ်သွားပါမည်။
.
ဤနေရာတွင် ကလေးတို့၏ အသက်အရွယ် ချိန်ဆပုံကို ဆွေးနွေးတင်ပြလိုပါသည်။ ကလေးတို့သည် ယေဘုယျအားဖြင့် အသက်(၅) နှစ်သားအရွယ်တွင် ကျောင်းစနေကြရပါသည်။ သူငယ်တန်း ဆိုကြပါစို့။ (၆) နှစ်သားအရွယ် တွင် ပထမတန်း (၇)နှစ်သားအရွယ်တွင် ဒုတိ ယတန်းသို့ ရောက်ရှိကြပါသည်။ ထိုအသက်အ ရွယ်အထိ ကလေးများ စာသိပ်မဖတ်တတ်ကြ သေးပါ။ စာဖတ်ကောင်းကောင်း မသွားသေးပါ။ အဓိပ္ပါယ်များကို ဝိုးတိုးဝါးတားမျှသာ သိရှိကြပါ သေးသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကလေး ကဗျာများကို လူကြီးသူမ မိဘဆရာသမားတို့ က ဦးဆောင်ရွတ်ဆို သင်ကြားပြကြရပါသည်။ ကိုယ်နှုတ်အမူအရာများဖြင့် ပျော်ရွှင်စွာလိုက်ဆို နိုင်ကြပါသည်။ ပုံပြင် ဝတ္ထုတို့ကိုလည်း အလား တူပင် ရှေ့ဆောင်လမ်းခင်း ပြောပြကြရပါသည်။ အိပ်ယာဝင် ကဗျာများနှင့် အိပ်ယာဝင် ဝတ္ထုတို့ နှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများပါပေ။ ထို့ ပြင် (၈)နှစ်သားနှင့် (၉)နှစ်သားအရွယ် တတိယ တန်းနှင့် စတုတ္ထတန်းလောက်တွင်ကား ကလေး တို့သည် ကဗျာများနှင့် စကားပြေများကို ကိုယ် တိုင်ဖတ်တတ်မှတ်တတ် နေကြပါပြီ။ လူကြီးမိ ဘဆရာသမားများက စာပေများကို လမ်းညွှန် ပြသရှေ့ဆောင်ကြရပါသည်။ စာပေသမား (စာ ရေးဆရာနှင့် စာပေ ပညာရှင်များ)ကလည်းရေး သားပြုစု ပညာပေးကြရပါသည်။ ကလေးတို့ စာမဖတ်တတ်သေးမီနှင့် စာဖတ်တတ်ပြီး နောက်ပိုင်း အခြေအနေများကို တင်ပြခြင်း ဖြစ်ပါသည်။
.
ကလေးတို့သည် ဆယ်နှစ်၊ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ်များတွင် (၅) တန်း၊ (၆)တန်း၊ (၇)တန်း၊ (၈)တန်း စသဖြင့် အခြေခံပညာများ တတ်မြောက်လာကြပြီဖြစ်ရာ ထိုအသက်အရွယ်များတွင် ယခင်က ကလေးက ဗျာများ၊ စကားပြေများထက်၊ ပိုမိုမြင့်မားသော အသိပညာများပေးကြရမည် ဖြစ်ပါသည်။ အရေးအသားက အစ အထိုက်အလျောက်ရင့် ကျက်ခိုင်မာလာရမည် ဖြစ်ပါသည်။ ဥပမာ ယ ခင်က ''ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို့'' ဆိုသည်ထက် ''လပေါ်မှာ တွင်းချိုင့်များနဲ့၊ လေထုကား မရှိပါ၊ တိတ်ဆိတ်လှစွာ'' ဆိုသည့် ပကတိအရှိတရား များကို မြှင့်တင်ပေးရမည် ဖြစ်ပါသည်။ သိပ္ပံ နည်းကျကျ တွေးခေါ်သိရှိတတ်စေရန် ဖြစ်ပါ သည်။ အလားတူစွာ နောက်ထပ် ဥပမာတစ်ခု အဖြစ် ယခင်က ''ကြောင်ဖားရယ် မြီးတံတို၊ အဆီကို စားပါလို့၊ အသားကို မျို၊ ကြောင်အို ပေမြေး၊ ကိုက်ပါလှည့်လေး'' ဆိုသည်ထက် ''ကြောင်ဆိုတဲ့ သတ္တဝါ အနားလာ ဟိုဒီရှုပ်၊ မောင်းထုတ်လိုက်ပါ၊ ရောဂါကင်းဝေး၊ ကျန်းမာ ဖို့တွေး'' ဆိုသည့် ကျန်းမာရေး အသိတရား များကို ဖြည့်ဆည်းပေးသွားရမည် ဖြစ်ပါသည်။ နောက်ပြီး အကြောက်တရားထက် ရဲရင့်ခြင်းကို ဦးစားပေးသွားရမည် ဖြစ်ပါသည်။
.

ယခုအခါ ကလေးစာပေပွဲတော်များကို နိုင်ငံနှင့်အဝန်း မကြာခဏ ကျင်းပပြုလုပ်နေကြပါ သည်။ ကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စာပေကို အခြေခံ မဏ္ဍိုင်ထား၍ လုပ်ဆောင်နေ ကြပါသည်။ ထို့ကြောင့် ကလေးစာပေ ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံအတွက် အထူးလိုအပ် လှပါသည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်ရန် ကလေး စာပေရေးသားသူ စာပေပညာရှင်များ ပိုမိုပေါ် ပေါက်အောင် နိုင်ငံတော်မှ နည်းလမ်းအမျိုးမျိုး ဖြင့် ဦးစားပေး ဆောင်ရွက်သင့်ပါသည်။ ဥပမာ အားဖြင့် နိုင်ငံတော်က ကလေးစာပေဆုများထပ် မံတိုးချဲ့ပေးခြင်းမျိုး ဖြစ်ပါသည်။ စာပေဗိမာန် စာမူဆုနှင့် အမျိုးသားစာပေဆုများ ချီးမြှင့်ရာ တွင် ကလေးစာပေဘာသာရပ်၌ ကလေးစာပေ (ကဗျာ)ဆုနှင့် ကလေးစာပေ (စကားပြေ)ဆု ဟူ ၍ ခွဲခြားချီးမြှင့်သွားလျှင် ကဗျာရေးသူများရော စကားပြေရေးသူများပါ တိုးပွားလာမည် ဖြစ်ပါ သည်။ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်မှု၏ ပြ ယုဂ်များပါပေ။ ဤသို့ဖြင့် ကလေးစာပေရော၊ ကလေးစာပေ ပညာရှင်များပါ တစ်ချက်ခုတ်နှစ် ချက်ပြတ် သဘောနိုင်ငံတော်ပိုင်းမှ မွေးထုတ် ပြုစု ပျိုးထောင်သွားသင့်ပါကြောင်း။

.
လူငယ်စာပေ

ကလေးသူငယ် အရွယ်ထက် လွန်မြောက် သောအခါ ''လူငယ်အရွယ်'' ဟု ယေဘုယျ သတ်မှတ်ကြပါသည်။ တိတိပပ သတ်မှတ်ချက် တော့ မဟုတ်ပါ။ အသက် (၁၃)နှစ်နှင့်အထက် အသက် (၂ဝ)လောက်အထိ ဖြစ်ပါသည်။ ကျောင်းပညာ အနေအထားအရ ပြောရလျှင်အ ခြေခံပညာအထက်တန်းအဆင့် ကျောင်းသူ ကျောင်းသားများနှင့် တက္ကသိုလ်ဘွဲ့ကြို ဘွဲ့ရ လောက်အထိ အရွယ်များသည် လူငယ်အရွယ် ထဲတွင် အကျုံးဝင်ကြပါသည်။ ထိုလူငယ်များ သည် ကျောင်းစာပေ သာမက ပြင်ပစာပေများ ကိုပါ လေ့လာဖတ်ရှုနိုင်ကြပြီ ဖြစ်ပါသည်။ သူ တို့ကိုယ်တိုင်ပင် စာပေဝါသနာ (အထူးအားဖြင့် စာပေအရေးအသား ဝါသနာ) ရှိကြလျှင် လူ ငယ်စာပေများ ရေးသားနိုင်ကြပြီ ဖြစ်ပါသည်။ ဥပမာ ကြေးမုံသတင်းစာတွင် တစ်ပတ် တစ် ကြိမ် ဖော်ပြပါရှိသော လူငယ်တို့ ကိုယ်တိုင်ရေး စာပေများနှင့် ကျောင်း၊ ကောလိပ်၊ တက္ကသိုလ် မဂ္ဂဇင်းအသီးသီးတွင် ပါရှိသော လူငယ်စာပေ တို့ ဖြစ်ကြပါသည်။
.
လူငယ်တို့သည် ကလေးအရွယ်က ကဗျာ များထက် လူငယ်အရွယ် ကဗျာများ (ကလေး ကဗျာများထက် လူငယ်ကဗျာများ)ကို ပိုမိုနှစ် သက်ကြပါသည်။ ကာရံမဲ့သည်ဖြစ်စေ၊ မမဲ့ သည်ဖြစ်စေ၊ အချစ်ကဗျာဖြစ်စေ၊ ဘဝကဗျာ ဖြစ်စေ၊ လုပ်အားကဗျာဖြစ်စေ အဓိကမဟုတ် လူငယ်အရွယ်နှင့် လိုက်လျောညီထွေ ဖြစ်ဖို့သာ လိုပါသည်။ တစ်ဖန် လူငယ်ဘဝတွင် လူတန်း စား အလွှာစုံရှိကြပါသည်။ တောင်သူလယ်သ မား၊ အလုပ်သမား၊ ကျောင်းသား၊ တပ်မတော် သား၊ အစိုးရဝန်ထမ်းငယ်များ၊ အနုပညာသမား၊ အသိပညာရှင် အတတ်ပညာရှင် တက်လူငယ် များ၊ စီးပွားရေး စွမ်းဆောင်စလူငယ်များ စသ ဖြင့် ခွဲခြားနိုင်ပါသည်။ သူ့အတန်းအစား အလွှာ များနှင့် သူ လိုက်လျောညီထွေသောစာပေအ ရေးအသားများဖြင့် လူငယ်စာပေ ဖွံ့ဖြိုးတိုးတက် အောင် စာပေပညာရှင်များနှင့် စာရေးဆရာများ က ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြရမည် ဖြစ်ပါ သည်။ သုတ ရသ လူငယ်စာပေများကို ရေး သားကြရမည် ဖြစ်ပါသည်။ ရေးသူရှိလျှင် ဖတ် သူရှိလျှင် အားပေးမြှင့်တင်သူရှိလျှင် မြန်မာလူ ငယ်စာပေသည် ဖွံ့ဖြိုးရှင်သန်နေမည် ဖြစ်ပါ သည်။ သို့သော် လူငယ်စာပေသည် ယနေ့ ခေတ်တွင် ကလေးစာပေလောက် ဖွံ့ဖြိုးတိုး တက်ခြင်း မရှိသေးကြောင်း အရှိအတိုင်းတင်ပြ ချင်ပါသည်။


.
စာကြည့်တိုက်များ၏ အခန်းကဏ္ဍ

ကလေးစာပေနှင့် လူငယ်စာပေတို့သည်အ ခြားစာပေ ဘာသာရပ်များနှင့် ကွဲပြားခြားနား သည်ကို စာကြည့်တိုက် တာဝန်ရှိသူများ သိရှိ ကြပါသည်။ ထို့ကြောင့် ကလေးစာပေ သတ် သတ်၊ လူငယ်စာပေ သတ်သတ် ခွဲခြားသတ် မှတ်ထားရှိလျှင် ကလေးနှင့် လူငယ်ပရိသတ်တို့ လွယ်လင့်သကူ ရှာဖွေဖတ်ရှုနိုင်ကြမည် ဖြစ်ပါ သည်။ အထူးသဖြင့် ယခုအခါ ကလေးစာဖတ် ခန်းများ သီးသန့်ထားရှိသလို၊ လူငယ်စာဖတ် ခန်းများ သီးသန့်မထားရှိနိုင်သည့်တိုင်အောင် ကလေးစာဖတ်ခန်းထဲတွင် လူငယ်စာပေများကို တသီးတသန့် နေရာပေးထားရှိသင့်ပါသည်။ လူ ငယ်တို့အနေနှင့် သူတို့နှင့်ဆိုင်ရာ စာပေများကို ရွေးထုတ်ကာ လူကြီးစာဖတ်ခန်းများတွင် သွား ရောက်ဖတ်ရှုခြင်း၊ ပြီးလျှင် ပြန်လည်သိမ်းဆည်း အပ်နှံခြင်းတို့ဖြင့် အားလုံးအဆင်ပြေသွားမည် ဖြစ်ကြောင်း အကြံပြုပါသည်။ ကျောင်းနှင့်တက္က သိုလ် စာကြည့်တိုက်များတွင် ယင်းသို့ လုပ် ဆောင်ရန် မလိုပါ။
.
နိဂုံး

အချုပ်အားဖြင့် ကလေးအရွယ်က စနစ်တ ကျ အခြေခံခဲ့သော စာပေသည် လူငယ်အရွယ် တွင် ပိုမိုတိုးတက် ရှင်သန်ကာ လူကြီးအရွယ် အဆင့်သို့ ရောက်သောအခါ ဘက်စုံ ဖွံ့ဖြိုး တိုးတက်နေမည် ဖြစ်ပါသည်။ ဤသည်ပင်လျှင် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ် သည်ဟု ဆိုလိုက်ရပါစေလား။
.

No comments:

Post a Comment