ရှမ်းမြောက် နမ့်လန်ရှိ တိုက်ပွဲရှောင်များကို သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးမှ သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, March 12, 2019

ရှမ်းမြောက် နမ့်လန်ရှိ တိုက်ပွဲရှောင်များကို သီပေါမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးမှ သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေး


နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်လန်မြို့နယ် မန်လီကျေးရွာ တိုက်ပွဲရှောင်စခန်း၌ ခိုလှုံနေသော တိုက်ပွဲရှောင် ရွာသားများအား သီပေါမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက မတ် ၁၁ ရက်တွင် သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။   
နမ့်လန်မြို့နယ် လွယ်ငင်းကျေးရွာအုပ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မန်လီကျေးရွာတွင် ခိုလှုံနေ သော တိုက်ပွဲရှောင်ရွာသားများ၏ ကျန်းမာရေးအတွက် သီပေါမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်း ကိုယ်တိုင် သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 


မန်လီစခန်းမှာ ကလေးတွေက အများကြီးပဲ။ မန်လီစခန်းကိုရှောင်လာတဲ့ လူတွေက ကျွန်တော်တို့ တက်လို့ မရတဲ့ ဝင်လို့မရတဲ့ နေရာက မိသားစုတွေများတယ်။ ကျွန်တော်တို့ ရောက်ဖို့ခက်ခဲတယ်။ လမ်းခရီးရယ် နိုင်ငံရေး အခြေအနေရယ် အစိုးရ ဝန်ထမ်းတွေတက်လို့ မရတဲ့ နေရာတွေဖြစ်တယ်။ အများစုက ၁၅ နှစ် အောက် ကလေးတွေဖြစ်တဲ့အတွက် သူတို့တွေမှာ ကာကွယ်ဆေး မထိုးရသေးလို့ အခုမှ အမှီလိုက် ထိုးပေးခဲ့ ရပါတယ်။ သူတို့ နေရပ်တွေကို အခြေအနေအရ သွားလာလို့ မဖြစ်တော့ အခုမှ အမှီလိုက်ထိုးပေးရတာပါ။’’ဟု  သီပေါမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက ပြောသည်။  
အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် လူဦးရေ ၁၅၀၀ ခန့် ခိုလှုံနေပြီး အနားကြီး ရောဂါကို စစ်ဆေးပေးခဲ့ရာ ၅ ဦး တွေ့ရှိခဲ့ပြီး လတ်တလောအနေဖြင့် သောက်ဆေးများ စီစဉ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ကျွန်တော်တို့ ပရဟိတအသင်းတွေအနေနဲ့ကတော့ နေထိုင်စားသောက်ဖို့ကို ကူညီဆောင်ရွက်ပေးနိုင်တယ်။ ကျန်းမာရေး အပိုင်းကျတာ့ အခုလို ဆရာတွေလာပြီး ကြည့်ရှု့ကုသပေးမှ အဆင်ပြေတာပါ။ ရွာသားတွေ ကိုယ်စားကျေးဇူးတင်ပါတယ်။’’ဟု တိုက်ပွဲရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။ 
အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် အနာကြီးရောဂါအပြင် တီဘီသံသယရှိလူနာများကိုလည်း တွေ့ရှိခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကျန်းမာရေး မကောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment