စတုတ္ထအကြိမ်မြောက် ဓနုတိုင်းရင်းသား ဆုံဆည်းရာနေ့ကို ရပ်စောက်မြို့တွင် ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စတုတ္ထအကြိမ်မြောက် ဓနုတိုင်းရင်းသား ဆုံဆည်းရာနေ့ကို ရပ်စောက်မြို့တွင် ကျင်းပမည်

ရဲရင့်ဇွဲ
.
စတုတ္ထအကြိမ်မြောက် မြို့နယ်အဆင့် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့ နယ်တွင် ၁၃၈ဝ ခုနှစ်၊ တပေါင်းလ ဆန်း ၁၂ ရက် (၂ဝ၁၉ ခုနှစ်၊ မတ် လ ၁၇ ရက်)၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
.
''ရပ်စောက်မြို့နယ်အတွင်းမှာ ပြန့်ကျဲနေတဲ့ ဓနုတိုင်းရင်းသားတွေ အားလုံးကို တစ်နေရာထဲမှာ တစ်စု တစ်စည်းထဲ ဆုံစည်းကြပြီးတော့ ဓနုအမျိုးသားရေးအတွက် လုပ် ဆောင်ကြမယ့် လုပ်ငန်းစဉ်တွေဆွေး နွေးကြမယ်။ နောက်တစ်ချက်ကတော့ တပေါင်းလဆန်း ၁၂ ရက်မှာ ကျင်း ပပြုလုပ်ရတာက ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် စာ တန်း တင်သွင်းတဲ့ ရက်ကို အသိအ မှတ်ပြုတဲ့ အနေနဲ့ ကျင်းပပြုလုပ်ရ တာဖြစ်တယ်''ဟု ရပ်စောက် မြို့နယ် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် ဥက္ကဌ ဦးဘမော်က ပြောကြားသည်။
.
အဆိုပါ အခမ်းအနားတွင် ရပ်စောက်မြို့နယ်အတွင်းရှိ ဓနုဆရာ တော်၊ သံဃာတော်အပါး ၁၅ဝ ခန့် အား ပင့်ဖိတ်၍ အာရုဏ်ဆွမ်းများ ကပ်လှူပြီး ဆရာတော်၊ သံဃာတော် များထံမှ သြဝါဒခံယူကာ ရပ်စောက် မြို့နယ် ဓနုတိုင်းရင်းသားများ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံ တင်ပြခြင်းနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ  ချမှတ်တင်ပြ၍ အတည်ပြုခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
.
ထို့အပြင် ဓနုဆုံဆည်းရာနေ့ အထိမ်းအမှတ်အဖြစ် ရပ်စောက် မြို့နယ်အတွင်းရှိ ဓနုတိုင်းရင်းသား များ၏ ရိုးရာအကပြိုင်ပွဲများနှင့် ဖျော် ဖြေပွဲများ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောစသည့် အားကစားပြိုင်ပွဲများ ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
.
ရပ်စောက်မြို့နယ် ဓနုတိုင်းရင်း သားများ ဆုံစည်းရာပွဲတော် အခမ်း အနားကို ပထမအကြိမ်နှင့် ဒုတိယ အကြိမ်အား ရပ်စောက်မြို့နှင့်ကောင်း ဘို့ကျေးရွာတို့တွင် ကျင်းပခဲ့ပြီး၊ တ တိယအကြိမ်ကိုမူ ကျောက်ဂူကျေး ရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats