ပြည်သူများ စာဖတ်အားကျဆင်းနေမှုကို အစိုးရမှ တစ်နည်းနည်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူများ စာဖတ်အားကျဆင်းနေမှုကို အစိုးရမှ တစ်နည်းနည်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေ



ရဲရင့်ဇွဲ
.
ယနေ့ခေတ်တွင် အွန်လိုင်းနှင့် လူမှုကွန်ယက်မီဒီယာများ ဖွံ့ဖြိုးတိုး တက်လာပြီးနောက် ပြည်သူအများစု သည် စာအုပ်၊ စာပေနှင့် သတင်းစာ များ၊ ဂျာနယ်များဖတ်ရှုမှု လျော့နည်း ကျဆင်းလာနေသည့်အတွက် စာအုပ် နှင့် စာနယ်ဇင်းဆိုင်ရာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ အတွက် ဆက်လက်ရပ်တည်ရန် အ ခက်အခဲများ ဖြစ်ပေါ်နေပြီး အစိုးရ မှ တစ်နည်းနည်းဖြင့် ဖြေရှင်းကူညီ ဆောင်ရွက်ပေးစေလိုသည်ဟုတောင် ကြီးမြို့ရှိ စာပေဖြန့်ချိရေး လုပ်ငန်းရှင် များထံမှ သိရသည်။
.
.
''ကျွန်တော်က ၂ဝဝ၂ ခုနှစ်ကတည်းက ဂျာနယ်လောကမှာ ရပ်တည်လာတာပါ။ ၂ဝဝ၂ ကနေ ၂ဝ၁၂ ဝန်းကျင် အထိ သတင်းစာဂျာနယ်ခေတ်က တော်တော်လေးကို အားကောင်းခဲ့ပါတယ်။ ၂ဝ၁၂ ကနေ၂ဝ၁၅ ရွေးကောက်ပွဲအထိလည်း ကောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေအ ခုချိန်ထိ တော်တော်လေးကို ယိမ်း ယိုင်သွားတယ်။ ဆိုရှယ်မီဒီယာတွေ ပေါ်လာတာလည်း ပါတာပေါ့။ ဂျာနယ် ဆိုတာ စာပေပဲ။ စာပေကို ပြည်သူ တွေက တန်ဖိုးထား စေချင်တယ်။ ဖေ့စ်ဘုတ်ပေါ်မှာကြည့်ပြီးပြီ ဆိုပြီးဂျာ နယ်တွေ မဖတ်ကြတော့ဘူး။ ကိုယ့် နိုင်ငံထက် အဆပေါင်းများစွာ နည်း ပညာမြင့်နေတဲ့ နိုင်ငံတွေမှာတောင် သတင်းစာ၊ ဂျာနယ်ရောင်းအားမကျ သေးဘူး။ ဒါတွေကို အစိုးရက တစ်နည်းနည်းနဲ့ ကူညီဆောင်ရွက်ပေးသင့်နေပါပြီ''ဟု တောင်ကြီးမြို့၊ ငွေလဝန်း စာပေဖြန့်ချိရေးဆိုင်မှ ကိုချစ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိအချိန်တွင် သတင်းစာနှင့် ဂျာနယ်ဖတ်ရှုသူ အနည်းစုခန့်သာ ကျန်ရှိတော့ပြီး အဆိုပါ ဖတ်ရှုသူများသည် အသက်အရွယ်ကြီးသူများ ဖြစ်ကြောင်းနှင့် လူငယ်အများစု သည် ဂိမ်းကစားခြင်းနှင့် လူမှုကွန်ရက် မီဒီယာသုံးစွဲခြင်းတို့တွင် အချိန်ကုန်နေကြသဖြင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အစိုးရအနေဖြင့် နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းဆောင်ရွက်ပေးသင့်သည်ဟု တောင်ကြီးမြို့ရှိ စာပေဖြန့်ချိရေးလုပ်ငန်းရှင်များမှ ပြောဆိုလျက်ရှိသည်။
.
အလားတူ တောင်ကြီးမြို့တွင် စာအုပ်အငှားဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးမှလည်း ''အစိုးရဝန်ထမ်းတွေ လည်း စာဖတ်အားနည်းတယ်။ အစိုး ရ ဝန်ထမ်းတွေ စာဖတ်မှ၊ အသိဉာဏ်ကြယ်ဝမှ တိုင်းပြည်ဒီထက်ပိုပြီး ဖွံ့ဖြိုး တိုးတက်လာမယ်လို့ထင်တယ်။ နောက်တစ်ခုက ပြည်သူတွေကလည်း  စာဖတ်ဖို့လိုတယ်။ ဆိုင်ကစာအုပ်တွေဆို ဘယ်သူမှ လာမငှားကြလို့ ဖုန်တွေ တက်နေကြပြီ''ဟု ၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ယခင်က သတင်းစာနှင့် ဂျာနယ်အမျိုးအစားပေါင်း ၁ဝဝဝ ကျော် ထွက်ရှိခဲ့သော်လည်း လက်ရှိတွင် ပြည်သူများစာဖတ်အား ကျဆင်းလာမှုကြောင့် သ တင်းစာနှင့် ဂျာနယ်တိုက်များ အ နေဖြင့် ဆက်လက်ရပ်တည်ရန် အ ခက်အခဲ ဖြစ်ပေါ်လာပြီး သတင်းစာနှင့် ဂျာနယ် ၃ဝ ခန့်နှင့် အခြားဂျာ နယ် အမျိုးအစားပေါင်း ၆ဝ ခန့်သာ ထွက်ရှိနိုင်တော့ကြောင်း သိရသည်။
.

Journal Download

Photo of three cats