တောင်ကြီးမြို့ တွင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း ၂၅ ရာခိုင်နှုန်း ရွေးချယ် ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ တွင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း ၂၅ ရာခိုင်နှုန်း ရွေးချယ် ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊ ကန်အောက်ရပ်ကွက် မင်းကျောင်းပရိယတ္တိ စာသင်တိုက်တွင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ  အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း ၂၅ ရာခိုင်နှုန်း ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအတွက် အကြိုညှိနှိုင်းပွဲကို မတ်လ ၁ ရက်၊ မွန်လွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် မြို့ နယ်သံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ ၈၈၈၈ ဆရာတော်က ဆရာတော်၊ သံဃာတော်များအနေဖြင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ အခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာ၊ စီမံချက်များနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြပါရန်နှင့် သက်တမ်းပြည့် ဆရာတော်များအနေဖြင့် သံဃာ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုသော် လည်းကောင်း၊ တောင်ကြီးမြို့ ပေါ်ရှိ သံဃာတော်များ၏ ဂုဏ်သိက္ခာ ကိုသော်လည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာကိုသော် လည်းကောင်း၊ ငဲ့သောအားဖြင့် နုတ်ထွက်ကြပါရန် လျှောက်ထားလိုကြောင်း၊ အချို့ သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်များသည် သံဃာနာယက တာဝန် ထမ်းဆောင်ရန် သက်တမ်းပြည့်ပြီးပါလျက် မထွက်ဘဲ ဆက်လက် လုပ်ကိုင်လိုကြောင်း၊ ထိုကဲ့သို့ ဆက်လက် လုပ်ကိုင် ဆောင်ရွက်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားလွှာတို့နှင့် ကိုက်ညီခြင်း မရှိပါသဖြင့် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
.
တောင်ကြီးမြို့ နယ်တွင် မြို့ နယ်သံဃာ့ဝန်ဆောင် ဆရာတော် ၁၁၁ ပါး ရှိပြီး အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ မြို့ နယ်သံဃာနာယက အဖွဲ့ဝင် ဆရာတော်များ  ၁၅ ပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
သံဃာ့နာယက ဆရာတော်များ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် တစ်ကြိမ်လျှင် ၃ နှစ်ဖြင့် ၂ ကြိမ် ၆ နှစ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ၆ နှစ်ထက် ကျော်လွန်၍ တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း သိရသည်။
.
အချို့  မြို့ နယ်များတွင် မြို့ နယ်သံဃာ့နာယက တာဝန်ထမ်းဆောင်သော ဆရာတော်များသည် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်မရှိပါက ဆက်လက်၍ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး  တောင်ကြီးမြို့ ပေါ်တွင် ဗျတ္တပဋိပလဂုဏ်နှင့် ပြည့်စုံသော မြို့ နယ်သံဃာဝန်ဆောင် ဆရာတော်များ  များစွာ ရှိပြီး ဖြစ်သည့်အတွက်  တောင်ကြီးမြို့ နယ်တွင် မြို့ နယ်သံဃာနာယက ဆရာတော်များသည် ၂ ကြိမ် ၆ နှစ်အထိသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats