ရှမ်းပြည်​နယ်​လက်​​ရွေးစင် အမျိုးသမီး​ဘောလုံးအသင်းအား အောင်​နိုင်​​ရေးအလံ​ ပေးအပ်​ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, March 18, 2019

ရှမ်းပြည်​နယ်​လက်​​ရွေးစင် အမျိုးသမီး​ဘောလုံးအသင်းအား အောင်​နိုင်​​ရေးအလံ​ ပေးအပ်



ရဲရင့်ဇွဲ
.
၂၀၁၉ ခုနှစ်​ မတ်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည့် တိုင်း​ဒေသကြီးနင့်​ပြည်​နယ်​ အသက်​(၂၅)နှစ်​​အောက်​အမျိုးသမီး​ဘောလုံးပြိုင်​ပွဲသို့ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ရှမ်းပြည်​နယ်​လက်​​ရွေးစင် အမျိုးသမီး​ဘောလုံးအသင်း မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျ့င်ရေးအားကစားရုံ ၄ ထပ်ခန်းမဆောင်တွင် အောင်နိုင်ရေး အလံ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
 
.
အခမ်းအနားတွင် ရှမ်းပြည်​နယ်​အားကစာှးင့်​ ကာယပညာ​ကော်​မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်​နယ်​လူမှု​ရေးဝန်​ကြီး​ဒေါက်​တာမျိုးထွန်းက ပြိုင်​ပွဲတိုင်းတွင်​အနိုင်​ရရှိပြီး ရှမ်းပြည်​နယ်​ဂုဏ်​​ဆောင်​အားကစားသမားများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် စည်းလုံးညီညွတ်စွာ အားကစားစိတ်ဓါတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ပြီး အသင်းအုပ်​ ချုပ်​သူနှင့်​အသင်းနည်းပြချုပ်​ထံသို့ အောင်နိုင်ရေးအလံ ပေးအပ်​ကာ ဘောလုံးအသင်း သားများနှင့်​အတူ ဂုဏ်​ပြု​နေ့လည်​စာ အတူတကွ သုံး​ဆောင်​ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြချုပ်နှင့် အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်နယ်အားကစားကွင်း မျက်နျာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း ဆေးဖြန်းပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြည်နယအားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်းများမှာ လက်ရှိတွင် ၆၅ ရာခိုင်​နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ မတ်လကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment