၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကန့်ကွက်၊ ဟန့်တား၊ နှောင့်ယှက်သူများသည် အမျိုးသားရေး သစ္စာဖောက် ဖြစ်သည်ဟု ၈၈၈၈ ဆရာတော် မိန့်ကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, March 3, 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကန့်ကွက်၊ ဟန့်တား၊ နှောင့်ယှက်သူများသည် အမျိုးသားရေး သစ္စာဖောက် ဖြစ်သည်ဟု ၈၈၈၈ ဆရာတော် မိန့်ကြား


ကမ္ဘောဇတိုင်း
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲတစ်ရပ်ကို မတ်လ ၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ၈၈၈၈ အထိမ်းအမှတ် ကျောက်တိုင်အနီးတွင် ကျင်းပပြုလုပ်ရာ အဆိုပါ ထောက်ခံပွဲတွင် တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက် ဆရာတော် (၈၈၈၈) ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်၊ ဟန့်တား၊ နှောင့်ယှက်သူ များသည် အမျိုးသားရေး သစ္စာဖောက်များ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
.
.
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုခြင်းသည် ပြည်သူ့ဆန္ဒ ဖြစ်သည့်အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်၊ ဟန့်တား၊ နှောင့်ယှက်နေသူများသည် အမျိုးသားသစ္စာဖောက်များ ဖြစ်သည်”  ဟု ဆရာတော်က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
.
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ရှမ်းပြည် နိုင်ငံရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်း သား ဟောင်းများအဖွဲ့ (တောင်ကြီး)၊ ABSDF ရဲဘော်ဟောင်းများ၊ ရှမ်း ပြည်လူမျိုးပေါင်းစုံ လူငယ်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့၊ တရားဥပဒေစိုးမိုးရေးကွန်ယက်နှင့် ပြည်သူလူထုအချို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထောက်ခံပွဲ ပြုလုပ်ရာတွင် တောင်ကြီးမြို ၊ ကျောင်းကြီးစုရပ် ကွက်၊ ပထမ တောင်ကျောင်းကြီး ကျောင်းတိုက် တောင်ဘက်ရှိညောင်ပင်တွင် စတင်စုဝေးကာ ဗိုလ်ချုပ် အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်ချီတက်ပြီး ဗိုလ်ချုပ်ပန်းခြံ အရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
''တောင်ကြီးမြို့ပေါ်မှာရှိတဲ့ အဖွဲ့ အစည်း အတော်များများ ပူးပေါင်း ပါဝင်ကြတဲ့အပြင် ကျေးရွာပြည်သူ လူထုတွေ လည်း တက်ရောက်ကြတဲ့အတွက် ခုတစ်ခေါက်ပြု လုပ်တဲ့ ထောက်ခံပွဲကြီးဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲမယ့် ကော်မတီကြီးကို လေးလေးနက်နက်နဲ့ ထောက်ခံတဲ့ပွဲ လည်းဖြစ်ပါတယ်” ဟု ထောက်ခံပွဲ ကျင်းပရေး ကော်မတီဝင်တစ်ဦးမှ ပြောသည်။
.
အဆိုပါ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူ လူထု ထောက်ခံပွဲများကို ရန်ကုန် မြို့၊ မန္တလေးမြို့နှင့် အခြားမြို့များ တွင်လည်း အသီးသီး ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment