တောင်ကြီးမြို့၊ အမှတ် (၅) အထက (ဂန္ဓီကျောင်း) ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အမှတ် (၅) အထက (ဂန္ဓီကျောင်း) ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ


စိုင်းအောင်မြတ် (တောင်ကြီး)
.
တောင်ကြီးမြို့၊ ယခင် အမှတ် (၅) အစိုးရအထက်တန်းကျောင်း (ဂန္ဓီကျောင်း)၏ ကျောင်းသား/ကျောင်းသူဟောင်း များမှ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အခမ်းအနား မစတင်မီ နံနက် ၇ နာရီတွင် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်း၊ ဖဲဖွယ်ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကွယ်လွန်ပြီးဖြစ်သည့် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူဟောင်းများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
.
ထို့နောက် အခမ်းအနား အစီအစဉ်အရ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများမှ စင်မြင့်ထက်တွင် နေရာယူပြီး ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးညိုမှ အဖွင့်အမှာစကားကိုလည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီမှ ဦးတင်ထွန်းက ငွေစာရင်းရှင်းတမ်းကိုလည်းကောင်း ဖတ်ကြားတင်ပြခဲ့ပြီး တေးသံရှင် စိုင်းအောင်မြတ်မှ မြတ်ဆရာတို့၏ ဂုဏ်ရည်ကို ဖော်ညွှန်းသည့် ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ဆရာကြီး/ဆရာမကြီးများအား ဦးထိပ်ပန်ဆင်၍ ကန်တော့ရာ ကန်တော့ကျိုးကို ဦးထိန်လင်းမှ တိုင်ပေးပြီး အငြိမ်းစား ဆရာကြီး ဦးအုန်းကြိုင်မှ ဆုပေးစကား ပြောကြားကာ ကန်တော့ခံ ဆရာကြီး/ဆရာမကြီး များကိုယ်စား အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွမ်မှ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ ဒေါ်နန်းမိမိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား ကန်တော့ပစ္စည်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကာ ဧည့်ခံကျွေးမွေးခဲ့ ကြောင်း သိရသည်။
.
အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး/ဆရာမကြီး ၂၁ ဦးနှင့် ၁၉၆၃ မှ ၁၉၇၉ ခုနှစ်အထိ ကျောင်းသား/ကျောင်းသူဟောင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
.

Journal Download

Photo of three cats