ပင်းတယမြို့နယ်ရှိ ကလေးများအား အမှိုက်မပစ်သည့် မျိုးဆက်တစ်ခု တည်ထောင်နိုင်ရန် ကြိုးပမ်းနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 31, 2019

ပင်းတယမြို့နယ်ရှိ ကလေးများအား အမှိုက်မပစ်သည့် မျိုးဆက်တစ်ခု တည်ထောင်နိုင်ရန် ကြိုးပမ်းနေ ဟုဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကလေးသူငယ် များအား အမှိုက်မပစ်သည့် မျိုးဆက်တစ်ခု တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပင်းတယ မြို့နယ်တွင် အမှိုက်ကင်းစင်ရေး (Clean Pindaya) လှုပ်ရှားမှု ဦးဆောင်ပြုလုပ်နေသူ ဦးထိန်လင်းက ကမ္ဘောဇတိုင်း သို့ ပြောကြားခဲ့သည်။
.

.
ပလပ်စတစ်ကောက်တာ၊ အမှိုက်ကောက်တာကတော့  ကြာပါပြီ။ ၁၀ နှစ် ထဲကို ရောက်လာပါပြီ။ အရင်က တော့ ရေကန်ပတ်လည်ကို ကောက်တယ်။ ကျောင်သားတွေကို လမ်းလျှောက်ရင်းနဲ့ ဦးဆောင်ကောက်ခဲ့ရတယ်။ တစ်ပတ်မှာ စနေ ဒါမှမဟုတ် တနင်္ဂနွေ ကောက်ဖြစ်တယ်။ ရေကန်ပတ်ပတ်လည်ကို တစ်ကြိမ်ကောက်တိုင်း အမှိုက်ကို ထွေလာဂျီနဲ့ ၁ စီး တစ်ခါတစ်လေဆို ၂ စီး ရတယ်။ အခုဆိုရင် မြို့ပေါ်က ပြည်သူတွေကလည်း အမှိုက်ပစ်တာတွေ တော်တော်လေး လျော့လာပြီ။ စည်းကမ်းရှိလာပြီ။ အမှိုက်ကောက်တဲ့ ကလေးတွေကော၊ လူကြီးတွေကော ရှိလာပြီ။ အမှိုက်ကောက်ဖို့အတွက်၊ ပလပ်စတစ်ကင်းစင်ဖို့အတွက်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက်ကိုလည်း ကျေးရွာတွေမှာ ဟောပြောပွဲတွေ လုပ်လာတာ ၂ နှစ်ကျော်လာပြီ။ စာသင်ကျောင်း တွေမှာ ဟောပြောပွဲတွေလုပ်တယ်။ အဓိကကတော့ ကလေးတွေကို အမှိုက်မပစ်တဲ့ မျိုးဆက်တစ်ခု တည်ထောင် ချင်တာပါဟု ဦးထိန်လင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပင်းတယမြို့ပေါ် ၁၂ ရပ်ကွက်ရှိ ကားလမ်းဘေး၌ ပြန့်ကြဲနေသော အမှိုက်များမှာ ဒေသခံများမှ  စွန့်ပစ် ထားခြင်း မဟုတ်ဘဲ ခရီးသွားအများစုမှ စွန့်ပစ်ခဲ့ကြခြင်းဖြစ်ပြီး သစ်ပင်ရိပ်အောက်များ၌ နားနေ၍ စားကြွင်းစားကျန် များကို စည်းကမ်းမဲ့စွန့်ပစ်ခဲ့ကြခြင်းများ ရှိနေသည့်အတွက် မြို့အဝင်၊ အထွက် လမ်းတစ်လျှောက်နှင့် မြို့၏ အထင်ကရ နေရာများ၊ အရေးကြီးသည့်နေရာများတွင် အမှိုက်မပစ်ရန်အတွက် ဗွီနိုင်းများကပ်၍ ခရီးသွားများကို လှုံ့ဆော်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ရေကန်ပတ်လည်ကတော့ ဂေါပကလူကြီးတွေနဲ့ ကျောင်းသားတွေရဲ့အလှူငွေတွေနဲ့ အမှိုက်ပုံးတွေ ချထားပြီးပြီ။ ဒီတစ်ခါမှာတော့ ရေကန်ပတ်လည်တစ်ခုတည်းမဟုတ်ဘဲနဲ့ မြို့အဝင်မြို့အထွက်၊ပြီးတော့ မြို့ပေါ် ရပ်ကွက်တွေရော ပါအောင်၊ အမှိုက်တွေလည်း အပတ်စဉ်ကောက်ဖြစ်အောင် ဆိုပြီးတော့ ဌာနဆိုင်ရာတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့လည်း ညှိနှိုင်းထားတာတွေရှိပါတယ်။ ရန်ကုန်က ပရဟိတအဖွဲ့တွေလည်း အမှိုက်ပုံး ၁၀၀ လာလှူသွားပါတယ်။ မြို့ပေါ်က မိတ်ဆွေတွေကလည်း လာလှူပေးကြတယ်။ အခုတစ်ခါတော့ အမှိုက်ပုံး ၂၀၀ လောက် ချဖြစ်မှာပါဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
ပင်းတယမြို့နယ်တွင် ကျေးရွာပေါင်း ၁၃၀ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း ၆၀ ကျော်တွင် ကျေးရွာ တွင်း အမှိုက်ကင်းစင်ရေးအတွက် ကျေးရွာအတွင်းရှိလမ်းများ၌ အမှိုက်ပုံးများ ချထားပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့် စုပေါင်း အမှိုက်ကောက်ခြင်းများ လုပ်ဆောင်နေကြပြီဖြစ်ကာ မြို့ပေါ်ရပ်ကွက် ၁၂ ခုတွင် အမှိုက်ပုံးများ ထားရှိရန် လိုအပ်နေသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube